28
Mar

အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ဒေသတချို့တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေ ကြေညာထားသည်။

မူးယစ်ဆေး သုံးစွဲသူများကြား ဆေးထိုးအပ်ဝေမျှသုံးစွဲခြင်းကို မြင်တွေ့နေကျဖြစ်သည့် စကော့ကောင်တီဒေသတွင် မကြာမီ သီတင်းပတ်များအတွင်းက HIV ပိုး ကူးစက်ခံရသူ ၇၉ ဦးရှိခဲ့ပြီး တစ် နှစ်လျှင် ပျမ်းမျှကူးစက်ခံရသူ ငါးဦးမှ ယင်းကဲ့သို့ မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ပန်စီက ၎င်းယခင်က ဆန့်ကျင် ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည့် ဆေးထိုးအပ်လဲလှယ်ပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကျန်းမာရေးအာဏာပိုင် များအား အခွင့်အာဏာပေးလိုက်သည်။

HIV ဗိုင်းရပ်စ်မှာ AIDS ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သည်။ HIV ပိုးပျံ့နှံ့မှုကို ပြီးခဲ့သည့် ဇန်နဝါရီ အတွင်းက ပထမဆုံးသိရှိခဲ့ပြီး နောက်ပိုင်း လွန်ခဲ့သောတစ်လက HIV ပိုးကူးစက်ခံရသူ ၂၆ ဦးရှိ ရာမှ ၇၉ ဦးအထိ ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ HIV ပိုး ကူးစက်ခံရမှုများ အားလုံးနီးပါးမှာ ဆေးထိုး အပ်ဝေမျှသုံးစွဲသော မူးယစ်ဆေးသုံးစွဲသူမှ စတင်ကြောင်း ပြည် နယ်ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ပမ်းပွန်တုန်းစ်က ပြောသည်။

ကူးစက်ခံရသူ အများစုမှာ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်သော Opana ဆေးကို ထိုးသွင်းရာတွင် HIV ပိုးရှိသော လူတစ် ယောက်နှင့် ဆေးထိုးအပ်ဝေမျှ သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်တက်လာမည်ဟု အရာရှိများက မျှော်လင့်ထားပြီး ရောဂါရှိကြောင်း အတည်ပြုထားပြီး ဖြစ်သည့် လူများနှင့် ဆက်စပ်သော အခြားလူ ၁၀၀ ဦးအထိ ဆက်သွယ်စစ်ဆေးရန် ဆောင်ရွက်နေသည်။

အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ဒေသဆိုင်ရာကျန်းမာ ရေးအရာရှိများက ပြည်နယ်ကျန်းမာရေးအေဂျင်စီ၏ ကွပ်ကဲမှုဖြင့် ယာယီဆေးထိုးအပ် လဲလှယ်ပေးရေး အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။

7 Day Daily - အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top