ဟော်လန်နိုင်ငံအခြေစိုက်
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (AZG)က ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းကနေ HIV/AIDS ဝေဒနာရှင်တွေကို ရောဂါသက်သာစေပြီး အသက်ရှင်ရပ်တည်နိုင်တဲ့
(antiretroviral) ARV
ဆေးပေးဝေနေတာကို (၂၀၀၆ ဒီဇင်ဘာလ ၁ )
ရက်နေ့စပြီး ရပ်တန့်ခဲ့ပြီး အစိုးရစီမံခန့်ခွဲတဲ့ ဝေဘာဂီဆေးရုံကနေ
ပေးဝေဖို့ လွှဲအပ်ခဲ့ပါတယ်။
ဒါပေမယ့် ဝေဘာဂီဆေးရုံကလည်း
ဆေးမလုံလောက်တော့လို့ လူနာသစ်တွေကို ဆေးမပေးနိုင်တဲ့အတွက် အခုအခါမှာ ဆေးမရလို့
ဒီရက်ပိုင်းမှာပဲ အသက်သေဆုံးရသူတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အခုလို AZG က အခမဲ့ ဆေးပေးဝေနေတာကို ဒီလကမှ စပြီး ဝေဘာဂီဆေးရုံကို
လွှဲခဲ့တာဆိုပေမယ့် ဝေဘာဂီဆေးရုံကလည်း လူနာသစ်တွေကို ဆေးပေးဖို့
ဆေးမလုံလောက်တော့ဘူးဆိုပြီး ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ
ဆေးရုံဝန်ထမ်းတွေက ဒီဆေးတွေကို ပြင်ပမှာ ဈေးကောင်းနဲ့ ပြန်ရောင်းစားတဲ့
မသမာမှုတွေရှိနေလို့ အခုလို အခမဲ့ပေးရာမှာ ဆေးပြတ်လပ်ရတာလို့လည်း ဆေးရုံနဲ့
နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းတွေအရ သိရပါတယ်။
ဒီဆေးကို ရန်ကုန်မှာသာ
သဇင်ဆေးခန်းနဲ့ ဝေဘာဂီဆေးရုံတွေကပဲ အခမဲ့ ဖြန့်ပေးနေတာ ဖြစ်လို့ မြန်မာပြည်
အနယ်နယ် အရပ်ရပ်က ရောဂါဝေဒနာရှင်တွေဟာ ရန်ကုန်မှာ ပုံမှန်လာရောက်ပြီး
ဆေးမှီဝဲနေကြရပါတယ်။
လူနာသစ်ကို
ဆေးမပေးနိုင်တော့လို့ နောက်မှ ဒီသတင်းကို သိရပြီး ဆေးလာတောင်းခံတဲ့
ဝေဒနာရှင်တွေအဖို့ ဆေးမရနိုင်တော့တဲ့အတွက် အသက်အန္တရာယ်တောင် စိုးရိမ်နေရတယ်လို့ NLD ပါတီက HIV/AIDS ရောဂါဆိုင်ရာအဖွဲ့က မဖြူဖြူသင်းက RFAကို ပြောပြပါတယ်။
စစ်အစိုးရရဲ့ တရားဝင်စာရင်းအရ
မြန်မာနိုင်ငံမှာ HIV AIDS ဝေဒနာရှင်
စုစုပေါင်း ၃ သိန်းခန့် ရှိတယ်လို့ သိရပြီး ရောဂါဖြစ်ပွားနှုန်း ကျဆင်းနေတယ်လို့
ဒီဇင်ဘာလစောစောပိုင်းမှာ နအဖ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က
ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ပခန့်မှန်းသူတွေကတော့ ဒီအရေအတွက်ထက် အလွန်တရာများဖို့ရာ
ရှိတယ်လို့ ဆိုပါတယ်။
HIV/AIDS
ရောဂါရှင်သစ်ကို ARV ဆေး
မပေးနိုင်တော့တာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေအကြောင်း NLD ပါတီက HIV/AIDS ရောဂါဆိုင်ရာအဖွဲ့က မဖြူဖြူသင်းကို RFAက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ဆေးဆိုင်တခု။
ဆေးရုံဝန်ထမ်းများက ARV ဆေးကို
ဈေးကောင်းရသော ပြင်ပဆေးဆိုင်များတွင် တဆင့်ပြန်ရောင်းစားသဖြင့် ဆေးပြတ်လပ်မှု
ဖြစ်လာသည်ဟု ဆိုပါသည်။
ဟော်လန်နိုင်ငံအခြေစိုက်
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (AZG)က ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းကနေ HIV/AIDS ဝေဒနာရှင်တွေကို ရောဂါသက်သာစေပြီး အသက်ရှင်ရပ်တည်နိုင်တဲ့
(antiretroviral) ARV
ဆေးပေးဝေနေတာကို (၂၀၀၆ ဒီဇင်ဘာလ ၁ )
ရက်နေ့စပြီး ရပ်တန့်ခဲ့ပြီး အစိုးရစီမံခန့်ခွဲတဲ့ ဝေဘာဂီဆေးရုံကနေ
ပေးဝေဖို့ လွှဲအပ်ခဲ့ပါတယ်။ ဒါပေမယ့် ဝေဘာဂီဆေးရုံကလည်း ဆေးမလုံလောက်တော့လို့
လူနာသစ်တွေကို ဆေးမပေးနိုင်တဲ့အတွက် အခုအခါမှာ ဆေးမရလို့ အသက်သေဆုံးရသူတွေ
ရှိလာတယ်လို့ ဆိုပါတယ်။
အခုလို AZG က အခမဲ့ ဆေးပေးဝေနေတာကို
(၂၀၀၆ ဒီဇင်ဘာလ ၁ )
ကစပြီး ဝေဘာဂီဆေးရုံကို လွှဲခဲ့တာဆိုပေမယ့် ဝေဘာဂီဆေးရုံ ကလည်း လူနာသစ်တွေကို
ဆေးပေးဖို့ ဆေးမလုံလောက်တော့ဘူးဆိုပြီး ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ
ဆေးရုံဝန်ထမ်းတွေက ဒီဆေးတွေကို ပြင်ပမှာ ဈေးကောင်းနဲ့ ပြန်ရောင်းစားတဲ့
မသမာမှုတွေရှိနေလို့ အခုလို အခမဲ့ပေးရာမှာ ဆေးပြတ်လပ်ရတာလို့လည်း ဆေးရုံနဲ့ နီးစပ်တဲ့
အသိုင်းအဝိုင်းက သတင်းတွေအရ သိရပါတယ်။
ဒီဆေးကို ရန်ကုန်မှာသာ
သဇင်ဆေးခန်းနဲ့ ဝေဘာဂီဆေးရုံတွေကပဲ အခမဲ့ ဖြန့်ပေးနေတာ ဖြစ်လို့ မြန်မာပြည်
အနယ်နယ် အရပ်ရပ်က ရောဂါဝေဒနာရှင်တွေဟာ ရန်ကုန်မှာ ပုံမှန်လာရောက်ပြီး
ဆေးမှီဝဲနေကြရပါတယ်။
လူနာသစ်ကို
ဆေးမပေးနိုင်တော့လို့ နောက်မှ ဒီသတင်းကို သိရပြီး ဆေးလာတောင်းခံတဲ့
ဝေဒနာရှင်တွေအဖို့ ဆေးမရနိုင်တော့တဲ့အတွက် အသက်အန္တရာယ်တောင် စိုးရိမ်နေရတယ်လို့ NLD ပါတီက HIV/AIDS ရောဂါဆိုင်ရာအဖွဲ့က မဖြူဖြူသင်းက RFAကို ပြောပြပါတယ်။
စစ်အစိုးရရဲ့ တရားဝင်စာရင်းအရ
မြန်မာနိုင်ငံမှာ HIV AIDS ဝေဒနာရှင်
စုစုပေါင်း ၃ သိန်းခန့် ရှိတယ်လို့ သိရပြီး ရောဂါဖြစ်ပွားနှုန်း ကျဆင်းနေတယ်လို့
ဒီဇင်ဘာလစောစောပိုင်းမှာ နအဖ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က
ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ပခန့်မှန်းသူတွေကတော့ ဒီအရေအတွက်ထက် အလွန်တရာများဖို့ရာ
ရှိတယ်လို့ ဆိုပါတယ်။
HIV/AIDS
ရောဂါရှင်သစ်ကို ARV ဆေး
မပေးနိုင်တော့တာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေအကြောင်း NLD ပါတီက HIV/AIDS ရောဂါဆိုင်ရာအဖွဲ့က မဖြူဖြူသင်းကို RFAက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဖြတ်လိုက်တာက ကြာပြီရှင့်၊ အခုနောက်ပိုင်း ဖြတ်လိုက်တဲ့အခါမှာ
ဝေဘာဂီ ဆေးရုံကို လွှဲတယ်ပေါ့ လူနာအားလုံးကို သူတို့ဆီက ဆေးမပေး နိုင်တော့ဘူး။ ဝေဘာဂီ
ဆေးရုံသွားပါပေါ့ သူတို့အကုန်လုံးကို လူနာတော်တော်များများပေါ့ ဒီမှာ ဆက်သွယ်နေတဲ့
လူနာတွေကော သူတို့ ဆက်လက်ပေးနေတဲ့ လူနာတွေကောပေါ့နော် အရင်ပေးနေတဲ့ လူတွေကိုတော့ ဆက်ပေးတယ်
လူနာအသစ်တွေကော ဆေးသောက်ဖို့ လိုတဲ့သူကော အကုန်လုံးကို ရပ်လိုက်တယ် ရပ်လိုက်ပြီးတော့
သူတို့ ဝေဘာဂီ ဆေးရုံကို လွှဲတယ်။ ဝေဘာဂီ ဆေးရုံမှာ ဆေးသွားယူပါ။ သူတို့ ဆီကတော့ မပေးနိုင်တော့ဘူး
ဆိုပြီးတော့ပြောတယ်။ အဲဒါနဲ့ ကျမတို့ လူနာ တော်တော်များများကို စုပြီးတော့ ဝေဘာဂီ ဆေးရုံကို
ဝင်တာပေါ့နော် ဝင်တော့ ဝေဘာဂီ ဆေးရုံဘက်ကလည်း သူတို့ဆီမှာ ဆေးပေးဖို့က လူနာ ပြည့်ငသွားပြီပေါ့။
ပြည့်သွားတော့ လူနာ ၁၆ယောက် လောက်ပဲ ကျန်တော့တယ် အဲဒါကြောင့် လူနာတွေ ဆေးမရနိုင်တော့ဘူးဆိုတော့
ကျမတို့ဆီမှာ ရှိနေတဲ့ လူနာတော်တော်များများက သဇင် ဆေးခန်းဘက်ကကော၊ အစိုးရကဖွင့်တဲ့
ဝေဘာဂီ ဆေးရုံကကော ဆေးလုံးဝမရတော့တာပါ။ ကျမတို့ လူနာတွေကော ကျန်တဲ့ လူနာတွေ အားလုံးရောပေါ့။
အဟောင်းတွေ၊ ပေးလက်စ ရှိနေတဲ့လူတွေကိုတော့ ဆက်ပေးတယ်။ အခုအသစ်ပေါ့နော် အသစ်ဆိုတာက ဆေးသောက်ဖို့
အရေးတကြီးလိုနေတယ်။ CD4 တအား ကျနေတယ်၊ တအားကျနေတယ်ဆိုတာ ၂၀၊ ၁၀ လိုလူမျိုးတွေကိုတောင်
သူတို့ မပေးနိုင်တော့ဘူး။ အဲဒီလူနာတွေက ဖြစ်နိုင်ရင် ဆေးကို အမြန်ဆုံး သောက်ရမယ့် လူနာတွေ
ချည်းပဲလေ။ ဆေးကို သူတို့က လိုအပ်တဲ့ လူနာမရလို့ရှိရင် အသက် အန္တရာယ် တော်တော်လေး စိုးရိမ်ရတယ်။
အဲဒီလို လူနာတွေကိုလည်း သူတို့ လုံးဝမပေးနိုင်တော့ဘူး။
မပေးနိုင်တော့ဘူးဆိုတာက AZG(သဇင်) ကပေးတာ နည်းလို့လား။ ဒါမှမဟုတ်
အစိုးရကိုယ်တိုင်က သတ်မှတ်တာလားခင်ဗျ။
အဲဒီလို ပါးစပ်ကတော့ မပြောဘူးရှင့် AZG(သဇင်) ဘက်ကလည်း သူတို့
အနေနဲ့ ခဏ ရပ်ထားတယ်၊ ဘာကြောင့်လည်း ဆိုတာလည်း မပြောဘူး။ နောက်တစ်ခုက ကျတော့ ဒီဆေးကို
ဘယ်အချိန်မှာ ပြန်ပေးမယ် ဆိုတာကိုလည်း သူတို့က မပြောဘူးရှင့်။ သူတို့ပြောတာကတော့ ဒီ
ဝေဘာဂီ ဆေးရုံကိုပဲသွားပါ။ ဝေဘာဂီ ဆေးရုံကိုသွားတော့လဲ ရနိုင်တဲ့ လူနာဦးရေက ကုန်သွားပြီ၊
အဲဒါပဲပြောတယ်။
လူနာတွေကကော သူတို့ ဘယ်လို ခံစားကြရလဲ သိသလောက်လေး ပြောပြပေးပါ။
အခုတော်တော်များများဆို အရင်ကတော့သူတို့ မျှော်လင့်ချက်ရှိသေးတယ်။
ဘယ်လို မျှော်လင့်ချက်ရှိလဲဆိုတော့ သဇင်ဆေးခန်းက ဖြတ်လိုက်ပေမဲ့ ကျမတို့ကလည်း ကြိုးစားမယ်။
ဒီဝေဘာဂီ ဆေးရုံကနေ ရအောင် ကျမတို့ ဝိုင်းကြိုးစားပေးမယ်။ ဆိုပြီးတော့ ကျမတို့ကိုယ်တိုင်
ဒီလူနာတွေကို ခေါ်သွားတယ်။ ဒီ ဝေဘာဂီ ဆေးရုံကို ပို့တယ်ပေါ့နော်။ ပို့တော့ သူတို့ဘာပဲဖြစ်ဖြစ်
ဆေးရနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက် လေးတွေ ရှိတော့ တက်တက်ကြွကြွလေးတွေ ဖြစ်နေကြတယ်။
အခုနောက်ပိုင်းတော့ ဒီဝေဘာဂီ ဆေးရုံမှာ လူနာတွေအတွက် ကုန်သွားပြီ ဆိုတဲ့အခါကျတော့ ဆုံးတဲ့
လူနာတွေတောင် ရှိပါတယ်။ တချို့ဆိုလို့ရှိရင်လဲ အရင်ကတော့ စိတ်ဓါတ်လေးကြောင့် ထူထူထောင်ထောင်
ဖြစ်ပေမဲ့ အခုဆေးမရတော့ဘူးဆိုတာ သိတဲ့အခါကျတော့ တချို့ ရွာပြန်တော့မယ် ရွာမှာပဲသေတော့မယ်
ဘာညာ အဲဒီလိုမျိုးတွေ ဖြစ်ပြီးတော့ တော်တော် များများက စိတ်ဓါတ်ကျတာနဲ့ လူတွေက လိုက်ကျ
ကြတာကို တော်တော်များများက ခွေနေတဲ့သူတွေ အများကြီးပဲ။
မဖြူဖြူသင်းတို့ အုပ်စုမှာပေါ့နော် ခုသိသလောက် ဆေးမရတော့တဲ့
လူနာ ဘယ်နှယောက်လောက် ရှိလဲဗျ။
ကျမတို့ဆီမှာ ခုရန်ကုန် မြို့ပေါ်တင်ပေါ့ အယောက် ၄၀ လောက်ရှိတယ်။
ဆေးရဖို့ စောင့်နေတဲ့လူနာတွေပေါ့နော်။
တခြား NGO တွေကို ဆက်ပြီးတော့ မေးကြည့်တာ။ AZG မဟုတ်တဲ့ တခြား
NGO တွေပေါ့။
“ကျမတို့ မြန်မာပြည်မှာက ဆေးပေးနိုင်တဲ့ NGO ဆိုတာ မရှိဘူး။
မရှိသလောက်ပဲ။ ဒီ AZG တစ်ခုပဲ ဆေးပေးတာပေါ့။ ကျန်တဲ့ NGO တော်တော် များများကတော့
သူတို့ ဒီ ပညာပေးလုပ်ငန်းတွေ များတယ်။ ဒီဆေးပေးတာနဲ့ ပတ်သက်ပြီး မရှိပါဘူးရှင့်။ အဲဒီခါကတော့
သူတို့ ဆက်သွယ်တာကလည်း သူတို့ ဆေးရနိုင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဒီ သဇင်ဆေးခန်းကိုပဲ
ဆက်သွယ်တယ်။ ဒီက မရတော့ဘူးဆိုတော့ ဒီက ညွှန်ကြားတဲ့အတိုင်း ဝေဘာဂီဆေးရုံကို သွားတယ်။
ဝေဘာဂီ ဆေးရုံမှာလည်း ပေးနိုင်တယ်ပေါ့။ ဝေဘာဂီ ဆေးရုံသွားတော့လည်း ဟိုမှာက ဆေးက လုံးဝပြတ်သွားပြီဆိုတော့
ခုမြန်မာပြည်မှာ ပေးနိုင်တာက ဒီ ၂ဖွဲ့လောက်ပဲ ရှိတဲ့အခါကျတော့ တခြားအဖွဲ့ သွားဆက်သွယ်လည်း
သူတို့အနေနဲ့က မရနိုင်ဘူးလေ။ ဆေးမှ မပေးနိုင်တာ ARV နဲ့ ပတ်သက်ပြီး သူတို့ မပေးနိုင်ဘူး။
တခြားအဖွဲ့ အစည်းတွေကလည်း မပေးနိုင်ဘူး” လို့ မဖြူဖြူသင်းက ပြောသွားပါတယ်။
အစိုးရဆေးရုံမှ အေ့ဒ်စ်ရောဂါဆေး
မဖြန့်ဝေနိုင်




