AIDS ရောဂါကို ကူးဆက်ခံနေရတဲ့ ဝေဒနာသည်တွေနဲ့ ထိတွေ့နေရတဲ့
လုပ်အားပေးသူများကို ကာကွယ်နိုင်တဲ့ဆေးကို ပထမဦးဆုံး တွေ့ခဲ့ပါပြီ။ ထိုင်းနိုင်ငံတွင်
ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက် အများအပြားအရ ဆေးထိုးခြင်းမှ ကူးဆက်ခြင်းကို ၃၁.၂% အောက်အထိ
လျှော့ချနိုင် ခဲ့ပါတယ်။ အမေရိကန်က ထောက်ပံ့ပြီး လုပ်အားပေးသူ ၁၆၄၀၂ ယောက်အပေါ် လေ့လာခဲ့တဲ့
ဤတွေ့ရှိချက် တွေဟာ HIV/AIDS အတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့
ထိုင်းနိုင်ငံရှိ သုတေသန ပညာရှင်တွေရဲ့ ၆ နှစ်ကြာ လေ့လာတွေ့ရှိမှုတွေဟာ HIV/AIDS ရောဂါ
ကာကွယ်ဆေး ဖော်ထုတ်ရန်အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီး
Witthaya Kaewparadai က ဘန်ကောင်မြို့တွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။ ဤရောဂါ စတင်ဖြစ်ပေါ်သော ၁၉၈၀ ပြည်နှစ်တွေက စပြီး ကုသခြင်းနှင့် ထိန်းချုပ်
ကာကွယ်ခြင်းများမှာ တိုးတက်မှုတွေ ရရှိခဲ့တာပါ။ ဒါပေမဲ့လည်း ယခုအထိတော့ ကာကွယ်ဆေးနဲ့
ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မတွေ့သေးပါ။
စမ်းသက်ခဲ့ပုံ နှစ်မျိုး
AIDS
ကူးဆက်ခြင်း လုံးဝမရှိနိုင်တဲ့ လိင်ဆက်ဆံခြင်း အလေ့အထရှိသော စေတနာ့ ၀န်ထမ်းအားလုံး
အနက် စေတနာ့ဝန်ထမ်း တစ်ဝက်လောက်ကို ပထမနေနဲ့ placebo ဆေးကို ပေးကြည့်ပါတယ်။ ဒုတိယ အနေနဲ့လည်း
Alvac နဲ့ AidsVax ဆေးကို ထိုးပေးကြည်ခဲ့ပါတယ်။
ဒီဆေး နှစ်မျိုးလုံးဟာ သူတို့တစ်မျိုးတည်း
အခြေအနေမှာ အကျိုးသက်ရောက်မှု မရှိပါဘူး။ Sanofi-Pasteurရဲ့ Alvax ဆေးဟာ ကျောက်ရောဂါကာ
ကွယ်ဆေးဖြစ်ပြီး HIV မျိုးစေ့ထဲကို ခိုးဝင်ရောက်သွားပြီး ရောဂါ ကာကွယ်တဲ့ T-cells ထုတ်လုပ်မှုကို
အားပေးပါတယ်။ ကမ္ဘာတစ်ဝှမ်း ကူစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းက ပိုင်ဆိုင်တဲ့ AidsVax ကတော့
proteins ဆဲ(လ်) စု ပါဝင်ပြီး HIV cells တွေကို ခုခံပေးနိုင်တဲ့ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း
(ကိုယ်ခံအားစနစ်) Antibody ကို နိုးဆွ ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။
မမျှော်လင့်သောရလဒ်တွေ့ရှိ
လွန်ခဲ့သော
၂ နှစ်ခန့်က ရောဂါကူးစက်နိုင်ဖို့ အခွင့်အရေးရှိတဲ့ လူပုဂ္ဂိုလ်တချို့ကို ထိုးပေးခဲ့သော
Merck စမ်းသပ်ချက်တွင် အသုံးပြုသည့် Ad5 ကာကွယ်ဆေးကို ပြန်လည် လေ့လာချက်များ ပြုလုပ်ခဲ့ရာတွင်
တွေ့ရှိရသော ရလဒ်သည် လုံးဝ မျှော်လင့်ထားခြင်း မရှိသော အကျိုးရလဒ်များကို တွေ့ရှိရတယ်လို့
သုတေသန ပညာရှင်များက ဆိုပါတယ်။ ထိုတွေ့ရှိချက်မှာတော့ ယင်းကာကွယ်ဆေးဟာ ကိုခံအားစနစ်နှစ်ဆ အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ အခုလိုတွေ့ရှိချက်ဟာ စမ်းသက်မှု ပြုလုပ်သောသူနှင့်
စမ်းသပ်ခံသော သူများအတွက် မဟာအောင်မြင်မှု ဖြစ်ပါတယ်လို့ စမ်းသပ်မှုကို ပြင်းထန်သော ဝေဖန်မှုများအကြား
ထောက်ခံသူများက ဆိုပါတယ်။
“အခုလို ကာကွယ်နိုင်မှု အရမ်းကောင်းပြီး ထိရောက်လိမ့်မယ်လို့
ကျွန်တော့ကိုယ် ကျွန်တော် လုံးဝ မထင်ခဲ့ပါဘူး” ဟု အမေရိကန် အမျိုးသား ကူးဆက်ရောဂါနှင့်
ဆေးဝါး ထိရောက်မှု တိုင်းတာရေးဌာနကို ငွေကြေး ထောက်ပံ့သူ Anthony Fauci က ဒါရိုက်တာ
သတင်းဌာနကို ပြောပါတယ်။
Alvac နဲ့ AidsVax ဒီကာကွယ်ဆေး ၂ မျိုးကို စမ်းသပ်မှုတွင် ပါဝင်သော
စေတနာ့ ၀န်ထမ်းများကို ၆ လကြာ ထိုးပေးခဲ့ပြီး ၃ နှစ်ကြာကာလအထိ ဆောင့်ကြည့်ခဲ့တာပါ။
သူတို့ကို လုံခြုံစိတ်ချသော လိင်ဆက်ဆံရေးအတွက် လမ်းညွန်မှုများပေးခဲ့ပြီး ထိုဆေးကြောင့်
ပြင်းထန်တဲ့ တန်ပြန် တုန့်ပြန်မှု မတွေရခဲ့ကြောင်း သုတေသီများက ပြောကြားထားပါတယ်။
27
Sep 2009
ဌေးအောင်ပြည့် -
အစွမ်းထက်သော
AIDS ကာကွယ်ဆေးတွေ့ရှိ




