13
Jul

အဆိုတော် ညီမင်းသစ်ရဲ့ အလှူ

နိုင်ငံရေးသီချင်းများကို သီဆိုနေသော မလေးရှားနိုင်ငံရှိ အဆိုတော်ညီမင်းသစ်မှ သူ၏ပထမဆုံးတေးစီးရီးဖြစ်သော အသစ်ပြန်စမယ့်ရာဇ၀င် ဒီဗွီဒီသီချင်းခွေ ရောင်းရငွေများထဲမှ မြန်မာငွေဆယ်သိန်းတိတိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကူညီစောင့်ရှောက်နေသော HIV/AIDS ဝေဒနာရှင်များသို့ လှူဒါန်းခဲ့ ကြောင်း သိရပါသဖြင့် အများပြည်သူအပေါင်း မုဒိတာပွား သာဓုခေါ်နိုင်ကြစေရန် ဖော်ပြပေးအပ်ပါသည်။

ကျနော် ဒီသီချင်းခွေကို စပြီး ဖြန့်ချိကတည်းက ရောင်းရငွေထဲကနေ အမှန်တကယ်လိုအပ်နေသူတွေကို ကူညီမယ်လို့ ရည်မှန်းထားပါတယ်။ ခုလို ကူညီ လှူဒါန်းနိုင်တာကလည်း ၀ယ်ယူအားပေးသူများရဲ့ စေတနာကြောင့်ပါ။ ဒါကြောင့် ကျနော့်ရဲ့ သီချင်းခွေကို ၀ယ်ယူအားပေးခဲ့ကြတဲ့ တေးချစ်ပရိတ်သတ်တွေ၊ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျနော်အထူးကျေးဇူးတင်ပါတယ်။

မောင်ပါလ - အဆိုတော် ညီမင်းသစ်ရဲ့ အလှူ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top