20
Jun

အဓမ္မကိုယ်ဝန်ဆောင် ကလေးမွေးခိုင်းသည့် အိမ်

လေးဂို့စ် - နိုက်ဂျီးရီးယားနိုင်ငံတွင် ဆယ်ကျော်သက် မိန်းကလေးများအား အဓမ္မကိုယ်ဝန်ဆောင်ခိုင်းကာ မွေးလာသည့်ကလေးများ အား လူကုန်ကူးရန် ရောင်းစား သည်ဟုဆိုသည့် နေအိမ်တစ်လုံးကို ရဲများက ယခုလ ၁ ရက်နေ့က ၀င်ရောက်စီးနင်း ခဲ့ကြသည်။

အသက် ၁၅ နှစ်နှင့် ၁၇ နှစ်ကြားရှိ မိန်းကလေးများသည် သူတို့၏လုပ်ငန်းရှင်အတွက် ကလေးများမွေးပေးရန် စေခိုင်းခံနေရကြောင်း သတင်းများရရှိ ခဲ့ပြီးနောက် နိုင်ငံအရှေ့တောင်ဘက်၊ အဘာပြည်နယ်ရှိ နေအိမ်ခြံဝင်းကို ရဲများက စီးနင်းခဲ့ခြင်း ဖြစ်သည်။

ရဲများက ကိုယ်ဝန်ဆောင် မိန်းကလေး ၃၂ ဦးကိုကယ်တင်ပြီး လုပ်ငန်းရှင်အား ဖမ်းဆီးစစ်ဆေးနေသည်။ ဘာသာရေးဓလေ့ထုံးတမ်း များနှင့် အခြားကိစ္စများ တွင် အသုံးပြုမည့် သူများအား ထိုကလေးများကို လုပ်ငန်းရှင်က ရောင်းစားသည် ဟု နာမည် ထွက်လာပြီး နောက်တွင် ရဲက ၀င်ရောက်စီးနင်းခြင်းဖြစ်သည်။

အဆိုပါ မိန်းကလေးများ၏ ကလေးများကို အဆိုပါလူက ကျား-မကို လိုက်၍ နိုက်ဂျီးရီးယားငွေ နိုင်ရာ ၂၅,၀၀၀ မှ ၃၀,၀၀၀ (၁၉၂ ဒေါ်လာ) အကြား ပေး၍၀ယ် ကြောင်း၊ နိုင်ရာ ၃၀၀,၀၀၀ မှ တစ်သန်း (ဒေါ်လာ ၁,၉၂၀ မှ ၆,၄၀၀) အထိ ဈေးဖြင့် ပြန်လည်ရောင်းချ ကြောင်း မိန်းကလေးအချို့က ရဲကိုပြောပြသည်။ အနောက်အာဖရိကတွင် ကလေးသူငယ် အလွဲအသုံးပြုမှုနှင့် လူကုန်ကူးမှုများ အဖြစ်များလေ့ရှိသည်။ စိုက်ခင်းများ၊ သတ္တုတွင်းများ၊ စက်ရုံများတွင် အလုပ်ကြမ်း လုပ်ခိုင်းရန်၊ အိမ်ဖော်အဖြစ်ခိုင်းစေရန်အတွက် ကလေးများကို ရောင်းချတတ်သည်။

အချို့ကလေးများ မှာ ပြည့်တန်ဆာလုပ်ငန်းများတွင် ရောင်းစားခံရကာ အနည်းငယ်မှာ စုန်းမှော်လုပ်ငန်းများအတွက် အသတ်ခံရ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံကြရ သည်။ ထို့ပြင် တရားမ၀င်  ကလေးမွေးစားခြင်းကလည်း ခေတ်စားနေသည်။ နိုက်ဂျီးရီးယားနိုင်ငံတွင်    စီးပွားရေး  မသမာမှု မူးယစ်ဆေးဝါး တရားမ၀င် ကူးသန်းရောင်းဝယ်မှု ပြီးလျှင် လူကုန်ကူးမှုမှာတတိယအများဆုံးဖြစ်နေသည်။

(အေအက်ဖ်ပီ)
သစ်လွင် ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)

မြန်မာတိုင်းမ် - အဓမ္မကိုယ်ဝန်ဆောင် ကလေးမွေးခိုင်းသည့် အိမ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top