21
Sep

အဓမ္မထိမ်းမြားရန် ရောင်းစားခံရပြီး ပြန်လည် ထွက်ပြေးလာသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး

၂၀၁၀ ခုနှစ်အတွင်းက တရုတ်နိုင်ငံတွင် အဓမ္မထိမ်းမြားရန် ရောင်းစားခံရပြီး ပြန်လည်ထွက်ပြေးလာသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးထံ မှရရှိသည့် ဖုန်းနံပါတ်များမှ တစ်ဆင့် တရုတ်နိုင်ငံတွင် ကျန်ရစ်ခဲ့သည့် ၎င်း၏ ကိုးနှစ်အရွယ်သမီးအား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ၂၀၁၀ ခုနှစ်အတွင်း က တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိန်းတိန်မြို့ (ချင်းရွှေဟော်နှင့် ဆက်စပ် သည့်မြို့) အနီး ပလောင်ရွာတွင်နေ ထိုင်သည့် တရုတ်နိုင်ငံသား ဦးသာလျန်သည် ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စု မန်ဆာရွာသို့ လာရောက်လည်ပတ်စဉ် မန်ဆာရွာမှ အမျိုးသမီး ၁၀ ဦးအား တရုတ်နိုင်ငံတွင် ကြံခုတ်ပါက တစ်ရက်လျှင် စရိတ်ငြိမ်း ကျပ် ၅၀၀၀ ရရှိ မည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မန်ဆာရွာနေ မ--- နှင့် ၎င်း၏သမီးငယ်နှစ်ဦးတို့သည်လည်း ၎င်းတို့နှင့်အတူ နမ္မတူမှ လားရှိုး- ချင်းရွှေဟော်ထိ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံရှိ ပလောင် ရွာသို့ တရားမ၀င်လမ်းကြောင်းမှ ၀င် ရောက်ခဲ့ကြကာ ဦးသာလျန် အိမ်တွင် ငါးရက်ခန့်နေခဲ့ရကာ ကြံခုတ်လုပ်ကိုင်ရခြင်းမရှိဘဲ ခြောက်ရက်မြောက် နေ့တွင်အလုပ်ရှင်ဆိုသူတစ်ဦးရောက် လာ၍ ၎င်းနှင့် သမီးငယ်နှစ်ဦးအား ကျန်းစုပြည်နယ်၊ မိန်းဟော်မြို့ထိ ခေါ်ဆောင်သွားပြီး မိန်းဟော်မြို့နယ်၊ ချင်လေချိန်ရွာနေ တရုတ်လူမျိုး ၀မ်ပေါင်းဝူး ဆိုသူထံ တရုတ်ယွမ်ငွေ ၃၃၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မ--- သည် ၀မ်ပေါင်းဝူးနှင့် ပေါင်းသင်းနေထိုင်ခဲ့ရ ခြင်းကြောင့် ကိုယ်ဝန်ရရှိလာရာ မိမိတို့ဓလေ့အရ မိဘများထံ ကိုယ်ဝန် ရရှိကြောင်း ပြန်လည်ပြသရမည် ဖြစ်သည်ဟု ၀မ်ပေါင်းဝူးအား ယုံကြည်အောင်ပြောဆို၍ ခြောက်နှစ်အရွယ် သမီးငယ်နှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ပြေးလာခဲ့ကြောင်း သိ ရသည်။

လားရှိုး လူကုန်ကူးမှုတိုက်ဖျက် ရေးအထူးအဖွဲ့မှ သတင်းရရှိသဖြင့် သူမအား လာရောက်တွေ့ဆုံမေးမြန်း ခဲ့ရာ အဓမ္မထိမ်းမြားပေါင်းသင်းခဲ့သည့် ၀မ်ပေါင်းဝူး၏ လက်ကိုင်ဖုန်း နံပါတ်နှင့် လိုင်းဖုန်းနံပါတ်အပြင် နေရပ် လိပ်စာ အတိအကျကို သိရှိရသဖြင့် ချင်းရွှေဟော် လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့သို့ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

ထို့နောက် တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကိန်းမရဲစခန်းနှင့် မိန်းတိန် မြို့ရဲဌာနမှ တာဝန်ရှိသူများမှ အဆိုပါ ကိုးနှစ်အရွယ် သမီးငယ်အား ကယ်တင်၍ ချင်းရွှေဟော် လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအဖွဲ့တာဝန်ခံထံ လွှဲပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက် နေ့တွင် မိခင်ဖြစ်သူထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဟင်းလေးအိုး - အဓမ္မထိမ်းမြားရန် ရောင်းစားခံရပြီး ပြန်လည် ထွက်ပြေးလာသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top