ကျတော်တို့ လူသားတွေဟာ မွေးတဲ့အချိန်ကနေစပြီး သေဆုံးချိန်အထိ မိမိတို့ရဲ့ သက်တမ်းတစ် လျှောက်မှာ မိမိတို့ စိတ်ခံယူချက်တွေအတိုင်းမိမိတို့ ဘ၀ကို ဖြတ်သန်းသွားခဲ့ကြပါတယ်.. ဒီလိုဘ၀ကိုဖြတ် သန်းသွားကြရင်း မိမိတို့ရဲ့သမိုင်းကို ကောင်းအောင်ရေးသွားကြတဲ့ သူတွေ ရှိသလို.. သမိုင်းဆိုးကျန်ရစ်ခဲ့တဲ့ သူတွေ လည်းရှိကြပါတယ်… လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ခံယူချက်ချင်းမတူကြလို့ လောကကြီးက အကောင်း အဆိုး အမြဲ ဒွန်တွဲနေတာပါ… ဒါကြောင့်ကိုယ့် ခံယူချက်နဲ့ တခြားသူတွေရဲ့ ခံယူချက်က အမြဲတူနိုင် မှာမဟုတ်ပါဘူး…. ဒါပေမယ့် ကိုယ့်ခံယူချက်က ကောင်းတဲ့ခံယူချက်ပဲ ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ရေးသွား ရမယ့် ကိုယ့်သမိုင်းကတော့ ကောင်းသွားမှာပါ… ကျတော်တို့လူသားတွေဟာ အသက်အရွယ် အပိုင်းအခြားမရွေး အချိန်နဲ့အမျှ သေဆုံးနေကြတာပါ…. လူ့သက်တမ်း တစ်ရာဆိုပြီး ပျမ်းမျှ သတ်မှတ်ထားကြပေမယ့် ဘယ်သူမှ ကိုယ်ဘယ်နေ့ ဘယ်လိုပုံစံနဲ့ သေဆုံးရမလည်းဆိုတာကို မသိကြပါဘူး….အဲလိုမသိကြလို့လည်း သေခြင်း ဆိုတာကို ဘ၀ထဲက မေ့ထားကြပြီး မိမိတို့ လုပ်စရာအလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်လည်လှုပ်ရှားနေကြ တာပါ… တချို့က လောကကြီးမှာပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်ကျော်သွားနိုင်တယ်..တချို့က လောကကြီးဆိုတာကို ဘာမှန်းတောင်မသိလိုက်ရသေးခင်မှာ လူ့ဘ၀ကိုစွန့်ခွာသွားကြတယ်… တချို့က လောကကြီးမှာ အတောင်စုံ လို့ ပျံသန်းမယ့်အချိန်မှာ ကြွေလွင့်သွားကြပါတယ်….
ဒါဆို ကျတော်တို့တတွေကော ဘယ်အချိန်ဘယ်လိုပုံစံနဲ့ ဒီလောကကြီးကနေ ထွက်သွားကြရ မလည်း.. … ကျတော်တို့ မသိနိုင်ပါဘူး…. ဒါကြောင့် ကိုယ်နေနေရ တဲ့အချိန်လေးမှာ ကျတော်တို့ ဟာ မိမိတို့ဘ၀ ပျော်ရွှင်ချမ်းမြေ့ဖို့ လှုပ်ရှားရုံးကန်ရင်း မိမိတို့ရဲ့ သမိုင်းကို ကောင်းအောင် ရေးသင့် ကြပါတယ်… မိမိသမိုင်းမှာ မိမိကြောင့် သူတပါးဒုက္ခ္ခရောက်ခဲ့တာ မပါရအောင် ကြိုးစားပြီး ရေးသင့်လှပါတယ်… လူသားတွေ အားလုံးဟာ ကံစီမံရာ အောက်မှာ ဘ၀ကိုလှုပ်ရှားရုန်းကန် နေကြရတဲ့အတွက် ကံအကြောင်းမလှလို့ ဆင်းရဲဒုက္ခ္ခ ရောက်ကြရတဲ့သူတွေ.. ရောဂါဝေဒနာ နှိပ်စက်ခံရသူတွေ… မိဘမဲ့စွာနေရတဲ့သူတွေ စသဖြင့် ဘ၀တိုက်ပွဲကို ပင်ပန်းခက်ခဲစွာ နွဲနေရတဲ့သူတွေ ရှိသလို… ကံအကြောင်းကောင်းလို့ ချမ်းသာတဲ့သူတွေ.. ပညာတတ်လို့ ၀မ်းစာမခက်တဲ့သူတွေ… မိစုံဖစုံနဲ့ ဘ၀ကို စိုစို ပြည်ပြည်ဖြတ်ကျော်နေတဲ့သူတွေလည်း ရှိကြပါ တယ်….. ကျတော်တို့ဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ဘ၀ကို ပင်ပန်းဆင်းရဲ ခက်ခဲစွာ ဖြတ်ကျော်နေရ တဲ့သူတွေအထဲကို မပါသေးပါဘူး….
ကျတော်တို့ နေထိုင်တဲ့နိုင်ငံဟာ ဗုဒွဘာသာနိုင်ငံဖြစ်တဲ့ အပြင် အရိုးစွဲလှတဲ့ မိရိုးဖလာ အယူ အဆတွေနဲ့ တင်းကျပ်လှတဲ့ ယဉ်ကျေးမှု အောက်မှာရှိနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်နေတဲ့အတွက် ကျတော်တို့ ဘ၀တူဂေးတွေ အနေနဲ့ အနောက်နိုင်ငံများကဲ့သို့ လွတ်လပ်လှတာ …အခွင့် အရေးတွေ ရှိလှတာ မဟုတ်ပါဘူး…ဒီလို လူ့အသိုင်းအ ၀ိုင်းထဲမှာ နေထိုင်ကြရတဲ့ ကျတော်တို့ တတွေဟာ နေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်ရဲ့ မျက်လုံးများအောက်မှာ ပွင့်လင်းစွာနေထိုင်သူရှိသလို လျှို့ဝှက်စွာ နေထိုင်ကြရသူတွေလည်းရှိကြပါတယ်… ဒါပေမယ့် ကျတော်တို့ တတွေရဲ့ လူမှု အသိုင်းအ၀ိုင်းကိုက ကျတော်တို့တွေကို ကြည်လင်တဲ့ အမြင်မျိုးနဲ့ ရာနှုန်းပြည့် မကြည့်နိုင်သေး တဲ့အတွက် ကျတော်တို့တတွေဟာ ကျတော်တို့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ သတ်မှတ်ချက် တစ်ခုအဖြစ် မရပ်တည်နိုင်ကြသေးပါဘူး…ခွဲခြားမှု မျိုးစုံကို ကျတော်တို့ ဘ၀တူတွေ တစ်ခု မဟုတ်တစ်ခု အမြဲခံစားနေကြရတာ ပါပဲ… အခြောက်ကြီးလို့ အပြောဖြစ် ခွဲခြားခံခဲ့ရဖူးသလို… အဲဒါ အခြောက်လေ.. ယောက်ျားပုံကြိးနဲ့ ဆိုပြီး ယောက်ျားကြီးမထင်နဲ့ဆိုပြီး အတင်းပြော ခံရခြင်းဖြစ်လည်း နှားခေါင်းရှုံခံခဲ့ရဖူးနေတာပါ… ဒါတွေဟာ လူကို လူလို့မမြင်နိုင်သေးတဲ့ ကျတော်တို့ လူမှုအသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေကြောင့် ကျတော်တို့ခံစားနေရတဲ့ ခွဲခြားခံရမှုတွေပါ… မြန်မာနိုင်ငံရဲ့ AIDS ကူးစက်မှုတိုက်ဖျက်ရေးလုပ်ငန်းမှာ အရေးကြီးဆုံးသော အဆင့်ထဲမှာ ကျတော်တို့တွေကို ထည့်သွင်းသတ်မှတ်ထားခံရမှုကလည်း ကျတော်တို့တတွေရဲ့ လိုအပ်ချက်ကြီးတစ်ခုလည်း ဖြစ်နေပါတယ်.. တကယ့်တကယ်ကူးစက်မှုနှုန်းကလည်း ကျတော် msm တွေမှာ ရာခိုင်နှုန်းမြင့်နေတဲ့အတွက် လည်း ကျတော်တို့ဟာ ထည့်သွင်းခံရတာ ဖြစ်နေပါတယ်….
ဒါဆိုရင် ကျတော်တို့ မြန်မာဂေးတွေရဲ့ ယခုလောလောဆယ် ပုံရိပ်ဟာ ကျတော်တို့လူမှုအသိုင်း အ၀ိုင်း ရဲ့ အမြင်မှာတောု့ ယခုအမြင်တွေအတိုင်းပဲ ဆက်လက် မြင်နေမှာပါပဲ…. ကျတော်တို့ဟာ လူသားတွေထဲက လူသားတွေပါပဲ.. ကျတော်တို့ ပျော်တတ်တယ်.. ငိုတတ်တယ်.. ကြင်နာ တတ်တယ်… ကူညီတတ်ကြပါတယ်.. ကျတော်တို့ဟာ ကျတော်တို့ရဲ့ လိင်စိတ်ခံစားမှုအရ ဆန့်ကျင်ဘက်လိင်ကိုမသာယာပဲ လိင်တူကိုသာ သာယာ တဲ့အတွက် ဒါဟာ အပြစ်မဟုတ် ပါဘူး…လူသားထဲက လူသားတစ်ယောက်ဖြစ်တဲ့အတွက် တခြားလူသားတွေ ဘ၀ဖြတ်သန်း သွားကြ သလိုပဲ ကျတော်တို့လည်း ဖြတ်သန်းသွားကြတာပါ… ကျတော်တို့ရဲ့ လိင်စိတ် ခံယူချက် ဟာ တခြားအမျိုးသား အမျိုးသမီးတွေရဲ့ လိင်စိတ်ခံယူချက်မတူတာဟာ.. အပြစ်တစ်ခု မဟုတ်ပါဘူး… လူတိုင်း ကိုယ့်ခံယူချက်နဲ့ ကိုယ်လွတ်လပ်စွာ ခံယူနိုင်တဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ကြောင့် ပြသနာလည်းမဟုတ်ပါဘူး…
ဒါပေမယ့် ကျတော်တို့တတွေဟာ ကျတော်တို့ ဂေးတွေရဲ့သမိုင်းကို ကောင်းအောင်တော့ ရေးသင့်ကြ ပါတယ်… တစ်ဦးတစ်ယောက်ချင်း ကောင်းအောင်ရေး နေခဲ့ကြရင် အာလုံးနဲ့ဆိုင်တဲ့ ဂေးအသိုင်းအ၀ိုင်းရဲ့ သမိုင်း ကလည်း ကောင်းလာမှာဖြစ်တဲ့အတွက် ကိုယ်တွေအပေါ်မြင်တဲ့ အမြင်တွေဟာလည်း ပြောင်းလဲလာမှာ မလွဲပါ ဘူး…. ကျတော်တို့တတွေဟာ အေ့စ် ရောဂါတိုက်ဖျက်ရေးပစ်မှတ်ကနေ ထွက်ခွာဖို့ဆိုရင် ကျတော်တို့ ဂေးတွေ အားလုံး လိင်ဆက် ဆံတိုင်း ကွန်ဒုံးသုံးမှ ရပါလိမ့်မယ်…. ကျတော်တို့ဂေးတွေကြားမှာ အေ့စ်ရောဂါကူးစက်မှုတွေ ဆက်လက်ရှိနေသေးတာ..မြင့်နေသေးတာဟာ ကျတော်တို့တတွေရဲ့ တစ်ယောက်ချင်း ဆီရဲ့ ရေးကြတဲ့သမိုင်း ကြောင်းတွေမတူနေကြသေးလို့ပါ…. တကယ်လို့သာ တစ်ယောက်ချင်းဆီကနေ ကိုယ့်သမိုင်းကြောင်းကို ကောင်းကောင်းရေးဖို့အတွက် ကွန်ဒုံးလေးသာ လိင်ဆက်ဆံတိုင်း ဆောင်ခဲ့မယ်ဆိုရင် ဒီအေ့စ်ရောဂါတိုက်ဖျက် ရေးပစ်မှတ်ကနေ ကျတော်တို့ ဂေးအသိုင်းအ၀ိုင်းက လွတ်မြောက်သွားမှာ ဖြစ်သလို… ကျတော်တို့ကို ရောဂါဖြန့် သူတွေလို့ မြင်နေ ကြတဲ့ အမြင်တွေလည်း ပပျောက်သွားပါလိမ့်မယ်…..
ဒါပေမယ့် ကျတော်တို့ ဂေးအများစုဟာ လိင်ကိစွကို အထူးစိတ်ဝင်စားလှတယ်ဆိုတာကိုတော့ မငြင်း နိုင်ပါဘူး… မိမိတို့အသိုင်းအ၀ိုင်းရဲ့ ပုံရိပ်တွေမြင့်တက်လာဖို့ မိမိတို့အနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍကနေ ပါဝင်ကူညီလှုပ်ရှားနေကြရမယ့်အစား လိင်ကိစွသာယာမှုတွေမှာပဲ အချိန်ပေးလုပ်ဆောင်နေကြတယ်ဆိုတာ ကျတော်တို့ မငြင်းနိုင်ပါဘူး… ဒိတ်တင်းဆိုဒ်တွေမှာ ပျော်နေကြပါတယ်… လိင်စာပေတွေမှာ နစ်မြောနေကြပါတယ်… ဒိတ်တင်းလုပ်လို့မရရင် စိတ်မ၀င်စားကြ သလို လိင်ပုံတွေ..လိင်စာပေတွေမကြည့်ရ ရင်လည်း စိတ်မ၀င်စား ကြတော့ပါဘူး… ဒါဟာ ကျတော်တို့ မောင်အီးဒူရဲ့ အက်တစ်ဖြစ်လှတဲ့ အသင်းဝင်အရေအတွက် တွေနည်းရခြင်းအကြောင်းပါပဲ…. ကျတော်တို့ မောင် အီးဒူဟာ ဒိတ်တင်းကိုခွင့် မပြု သလို.. လိင်တပ်မက်မှုကိုလည်း ခွင့်မပြုပါဘူး… ကျတော်တို့ ဒါတွေ ခွင့်ပြုလို့ရပါတယ်… ကျတော်တို့ဆိုဒ်ကို စည်ကားသွားအောင် လိင်နဲ့ဆွဲဆောင်လို့ရပါတယ်… ဒါပေမယ့် ကျတော်တို့ တတွေဟာ အသင်းဝင်အရေအတွက်ထက် အသင်းဝင်တွေရဲ့ အရည်အချင်းကိုပဲလိုချင်တာပါ… ကျတော်တို့ဟာ ကျတော် တို့ဂေးအသိုင်းအ၀ိုင်းရဲ့ ပုံရိပ်ကို မြင့်တင်ချင်တာပါ… အရေအတွက် ထက် အရည်အချင်းကိုဦးစားပေးတဲ့ အတွက် အသင်းဝင်အရေအတွက်နည်းတာကို စိတ်မပျက်ပါဘူး… ကျတော်တို့ဘ၀တူတွေရဲ့ ပုံရိပ်ကို သန့်သန့်ရှင်းရှင်းနဲ့ မြင့်တင်ပေးနေကြတဲ့ ယခုလက်ရှိအသင်းဝင်ကောင်းတွေရထားတာကိုပဲ ဂုဏ်ယူပါတယ်..
ကျတော်ဟာ ဂေးတစ်ယောက်ဆိုတာ အားလုံးသိပြီးသားပါ… ကျတော်ဒိတ်တင်းလုပ်ပါတယ်.. ဆက်စ် လုပ်ပါတယ်… လိင်စာတွေဖတ်ပါတယ်… လိင်ပုံတွေ ကြည့်ပါတယ်… ဒါတွေ အတွက်လည်း သူ့ဆိုင်ရာဆိုင်ရာ ဆိုဒ်တွေရှိပြီးသားပါ… ကျတော်ဟာ လိင်တူစိတ်ဝင်စားသူ ဖြစ်တဲ့အတွက် အဲတာတွေကို မလွန်ဆန်နိုင် ပါဘူး.. ဒါဆိုရင် ကျတော် ဘာဖြစ်လို့ အဲတာ တွေတစ်ခုမှ မရှိတဲ့ မောင်အီးဒူမှာ လာသုံးနေရတာလည်း.. မောင်အီးဒူမှာ အက်တစ်ဖြစ်ဖြစ်နဲ့ လှုပ်ရှားပျော်ပါး နေရတာလည်း.. . ကျတော့ရင်ထဲမှာ တစ်ခုပဲရှိပါတယ်… ကျတော်တို့ ဂေး အသိုင်းအ၀ိုင်းရဲ့ ပုံရိပ်ကို မြင့်စေချင်လို့ပါပဲ.. ကျတော်တို့ မောင်အီးဒူကို ကျတော်တို့ မြန်မာဂေးတွေရဲ့ ပုံရိပ် လေးတစ်ခုဖြစ်စေချင်လို့ပါ… ဒါကြောင့်လည်း ကျတော်ကြိုးစားခဲ့တာပါ… အခုဆိုရင်လည်း ကျတော်တို့ မောင် အီးဒူကို ယူအန်အဖွဲ့တွေ.. အန်ဂျီအိုအဖွဲ့တွေ အသိအမှတ်ပြုကြပြီ… သိရှိကြပါပြီ… အဲအထဲက ယောက်ျား မိန်း မတွေ ၀င်လေ့လာကြပါတယ်… သူတို့ရိုးရှင်းစွာနဲ့ပဲ လေ့လာသွားနိုင် ကြပါတယ်… ကျတော်တို့ဟာ ဂေးတွေ ဖြစ်လို့ ခွီနှောင့်နေတာကို လက်ခံပြီးသားပါ.. လိင်စာပေတွေ…လိင်ပုံတွေ.. ဒိတ်တင်းတွေမရှိပဲ ရိုးရိုးသားသား ပျော်ပါး ခွီနှောင့်ပြီး အချင်းချင်း မျှဝေခံစားနေကြတာကို လေ့လာ သွားနိုင်ကြပါတယ်… တကယ်လို့သာ ကျတော် တို့ဟာ လိင်တွေနဲ့ပဲ ပြည့်သိပ်နေခဲ့ရင် ကျတော်တို့ဆိုဒ်ကို လိင်ဆိုဒ်လို့ပဲ မြင်သွားကြမှာဖြစ်သလို မြန်မာဂေးတွေဟာ လိင်အတွက်ပဲ လုပ်နေကြတယ်..လိင်မှုမှာပဲ သာယာနေတယ်ဆိုပြီး မြင်သွားကြမှာ မလွဲ ပါဘူး…..
ကျတော်တို့ မောင်အီးဒူအသင်းဝင်တွေဟာ လိင်ကိစွမှာချည်းအချိန်ကုန်ခံနေကြတာမဟုတ်ပဲ မိမိတို့ ဘ၀တူတွေရဲ့ ပုံရိပ်ကို မိမိတို့တတ်နိင်တဲ့ဘက်ကနေပြီး ပါဝင်လှုပ်ရှားနေကြတယ်ဆိုတာ အထူးပြောစရာမလို အောင် သက်သေတွေပြနေကြပြီးသားပါ… ကျတော်တို့တွေရဲ့ ချွေးနည်းစာ တွေနဲ့ အတူတူစုပေါင်းပြီး အလှူနှစ် ခုကို မိမိတို့တတ်နိင်သမျှအားနဲ့ လုပ်ဆောင်ခဲ့ပြီးပါပြီ… မကြာခင်အချိန်လေးမှာလည်း နောက်တစ်ကြိမ်ထပ်မံ လှူဒါန်းကြပါဦးမယ်… ဒါတွေဟာ ကျတော်တို့တတွေရဲ့ သမိုင်းကြောင်းတွေကို ကောင်းအောင်ရေးနိုင်ဖို့ ကျတော်တို့ တစ်ယောက်ချင်းဆီကနေ မိမိအသိစိတ်နဲ့ မိမိတို့ကိုယ်တိုင်ချလိုက်ကြတဲ့ အခြေခံအုတ်မြစ်လေးပါ … ဒီနေ့ဒီအချိန်ကျတော်တို့တတွေဟာ မိမိတို့တတ်နိုင်တဲ့အားနဲ့ လူသားချင်းစာနာတဲ့ စိတ်ထားလေးတွေနဲ့.. ကူညီခဲ့ကြတာဟာ တစ်ချိန်ကျရင် ကျတော်တို့တတွေဟာ လူမှု ပတ်ဝန်းကျင်မှာ ကောင်းကျိုးတွေကိုပဲ ပြုနိုင် ကြဖို့ အကျင့်ကလေးတွေ စလုပ်နေကြတာပါ… ကျတော်တို့မြန်မာဂေး တွေဟာ လူမှုလုပ်ငန်းတွေမှာလည်း တခြားသူတွေလိုမျိုး တက်တက် ကြွကြွလုပ်နိုင်ကြပါတယ်ဆိုတာ ကျတော်တို့အသင်းဝင်တွေရဲ့ အလှူပွဲတွေ ကသက်သေပြ နေကြတာပါ… ကျတော်တို့အသင်းဝင်တွေဟာ တနည်းပြောရရင် ကျတော်တို့အနာဂတ်ရဲ့ ကြယ်ပွင့် တွေပါပဲ... မဝေးတဲ့တစ်ချိန်မှာ ကျတော်တို့ဘ၀တူတွေရဲ့ အကျိုးကိုတတ်နိုင်တဲ့ အားကနေ လုပ် ဆောင် ကြမယ့် သူတွေပါ.. ကျတော်တို့ကို ဖုံးလွှမ်းနေတဲ့ အမြင်မကြည်လင်မှု အမှောင်ကို ကျတော်တို့တစ်ယောက်ချင်းဆီရဲ့ အားတွေနဲ့ လင်းလက် ပေးမယ့် ကြယ်တွေပါ...
ယခုတစ်ကြိမ်အလှူပွဲမှာ အတူပူးပေါင်းပါဝင်ကြတာကို တွေ့လိုက်ရတဲ့အချိန်မှာ ဘယ်လိုမှ မဖော်ပြနိုင် လောက်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်… လိုက်ပါ လှူဒါန်းကြမယ်ဆိုတဲ့ အသံတွေ ကြားရတော့လည်း ပိုပြီး တက်ကြွနေမိပါတယ်… ကျတော်တို့မောင်အီးဒူမှာ ဒိတ်တင်းတွေ ခွင့်မပြုဘူး..လိင်ပုံတွေခွင့်မပြုဘူး..လိင်စာ ပေတွေခွင့်မပြုဘူး ဆိုတာ ကျတော်တို့ခွင့်မပြုရခြင်း အကြောင်းအရင်းနဲ့ ကျတော်တို့ စေတနာလုပ်ဆောင်မှု တွေကို နားလည်မှုပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်… ဒါကြောင့် ကျတော်တို့မောင်အီးဒူမှာ ကျတော်တို့ နဲ့ အတူလက်တွဲပြီး ကျတော်တို့ ဂေးအသိုင်းအ၀ိုင်းရဲ့ ပုံရိပ်ကို ယခုထက်ပိုပြီး မြင့်တင်ပေးကြရင်းဖြင့် ကျတော် တို့ရဲ့သမိုင်းကြောင်းလေးကို အတူတကွ ကောင်းအောင်လက်တွဲပြီး ရေးလိုက်ကြပါစို့လား………
ပါဝါ (၁၄ . ၇ . ၂၀၁၀)
www.mymgedu.com




