HIV/AIDS
လို့ ဆိုလိုက်တာနဲ့ အာဖရိကမှာရှိတဲ့ သေလုမျောပါး ဝေဒနာ ခံစားနေရဲ့ ပုံရိပ်တွေကို မြင်ယောင်မိတတ်တယ်။
ဒါပေမဲ့ အလားတူ ခံစားနေရတဲ့ ဝေဒနာရှင်တွေရဲ့ မချိမဆန့် ညီးညူသံ ဟာလည်း အာရှတိုက်မှာ
ကျယ်သထက်ကျယ်လောင်လာပြီး လျစ်လျှူရှူ ထားလို့ မရတော့တဲ့ အခြေအနေကို ရောက်လာပါပြီ။ ကမ္ဘာမှာ
အာရှဟာ AIDS ကူးစက်ရောဂါတွေ ပြန့်ပွားမှု အမြန်ဆုံး နေရင်းဌာနကြီးဖြစ်နေပြီလို့ ကျွမ်းကျင်သူများက
သုံးသပ်ပါတယ်။
အာရှဒေသဟာ
ကူးစက်မှုနှုန်း လျင်မြန်လာပြီး မဝေးတော့တဲ့ ကာလမှာ ကူးစက်ခံရသူဦးရေ အများဆုံး ဖြစ်လာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂရဲ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး
အဖွဲ့ UNAIDS က ဆိုပါတယ်။ ၂၀၀၁ ခုနှစ်မှာ အသစ်ထပ်မံ ကူးစက်ခံရသူ ၅ယောက်ရှိတိုင်း ၁ယောက်ဟာ
အာရှ ပစိဖိတ်ဒေသကဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ၄ယောက်မှာ ၁ ယောက်နှုန်းထိ မြင့်မားလာတယ်။
ရာခိုင်နှုန်းအရနဲ့ ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးလာတယ်။
ဘန်ကောက် အခြေစိုက် အပြည်ပြည်ဆိုင်ရာ မိသားစု ကျန်းမာရေး အဖွဲ့ ရောဂါ ဗေဒပညာရှင် ဆာရာဟာဆီ
က အာရှရဲ့ HIV အခြေအနေဟာ ပိုပြီး ဆိုးရွားလာတော့မယ်လို့ ပြောပါတယ်။
အာရှတိုက်ရဲ့
ကူးစက်မှုဟာ အာဖရိကမှာထက် လျော့နည်းတယ်ဆိုပေမဲ့ အာရှဒေသရဲ့ လူဦးရေဟာ ပိုမို ထူထပ်များပြားလာတဲ့အတွက်
အရေအတွက် အနေနဲ့ ပြောရရင် မနည်းလှပါဘူး။ အာဖရိကမှာ ကမ္ဘာလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိပြီး
အာရှ ပစိဖိတ်ဒေသမှာ ၆၀ ရာခိုင်နှုန်းရှိတယ်။ အထူးသဖြင့် အိန္ဒိယ တရုတ်နဲ့ အင်ဒိုနီးရှား
တို့မှာ အများဆုံးဖြစ်တယ်။ ပညာရှင်တွေက တရုတ် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်မှာ ကူးစက်မှုနှုန်း
အလွန်လျင်မြန်တဲ့အတွက် စိုးရိမ်ကင်းဖြစ်နေကြတယ်။ ထိရောက်တဲ့ ကာကွယ်မှုမျိုး မပေးနိုင်ရင်
၂၀၁၀ ခုနှစ်မှာ အပူပိုင်းသဲကန္တာရ တစ်ပိုင်းဖြစ်တဲ့ အာဖရိကထက် ကူးစက်သူ ပိုများလာလိမ့်မယ်လို့
စောင့်ကြည့်လေ့လာသူတွေက ခန်းမှန်း ပြောကြားထားကြပါတယ်။ အမေရိကန် ပြည်ထောင်စု အမျိုးသား
ထောက်လှမ်းရေး ကောင်စီ US – NIC က ၂၀၁၀ ခုနှစ် အိန္ဒိယနဲ့ တရုတ်မှာတင် HIV ကူးစက်ခံရသူ
၁၅သန်းအထိ ရှိလာလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
တချို့
ကျွမ်းကျင်သူတွေကတော့ အာရှတိုက်ရဲ့ အိတ်ခ်ျအိုင်ဗွီ ပြဿနာဟာ အာဖရိကတိုက် မှာလောက် ဘယ်တော့မှ
ဆိုးရွားလာမှာ မဟုတ်ဘူးလို့လည်း ဆိုကြပြန်တယ်။ ဒါပေမဲ့ ကူးစက်ပြန့်ပွားမှု ဆက်လက် ဖြစ်စေတဲ့
အန္တရာယ်အပြုအမူ အတော်များများကို အာရှမှာ တွေ့ရတယ်လို့ ဆာရာဟာဆီက အလေးအနက် ပြောသွားပါတယ်။
HIV သယ်ဆာင်သူတွေကြားမှာ မူးယစ်ဆေးဝါးထိုးသူတွေ လိင်ဖျော်ဖြေသူတို့ဆီကနေ တစ်ဆင့် ကူးစက်မှုဟာ
များပြား မြန်ဆန်လာပါတယ်။
အထူးသဖြင့်
မူးယစ်ဆေး ထိုးသူတွေကြားမှာ အဆိုးဆုံးလို့ သိရပြီး ကူးစက်မှုဟာ ၆ လအတွင်း ၅၀ ရာခိုင်နှုန်း
မြင့်တက်လာတယ်။ အာရှတိုက်တလွှားမှာ မူးယစ်ဆေး ထိုးသူပေါင်း ၄.၅ သန်းခန့် ရှိမယ်လို့
ခန့်မှန်းကြတယ်။ သူတို့ထဲမှာ ဆေးထိုးအပ်ကို မျှဝေသုံးစွဲကသူတွေလည်း ရှိသလို လိင်လုပ်သား
တွေနဲ့ ပျော်ပါးကြသူတွေလည်း ရှိတယ်။ လိင်လုပ်သားတွေထဲမှာ မူးယစ်ဆေး ထိုးသူတွေ ရှိသလို
သူတို့ဆီ အလည်လာသူ ဖေါက်သည်များနဲ့ ဆက်ဆံရာမှာလည်း ကွန်ဒုံးသုံးပြီး အကာအကွယ် ရှိတဲ့
ဆက်ဆံရေး ရဖို့ မလွယ်လှပါဘူး။ အာရှတိုက်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ခန္ဓာကိုယ်ရောင်းချပြီး
ဝင်ငွေရှာကြသလို လူပေါင်း သန်း၂၀ ဟာလည်း လိင်ဖျော်ဖြေမှုကို ဝယ်ယူပျော်ပါးကြတယ်။ လိင်တူချင်း
ဝယ်ယူဆက်ဆံမှု စအိုမှတဆင့် လိင်ဆက်ဆံမှုဟာ မြင့်တက်လာနေတယ်။ မူးယစ်ဆေး ထိုးသူတွေ လိင်လုပ်သားတွေ
လိင်ဖျော်ဖြေမှု ဝယ်ယူသူတွေရဲ့ အပြုအမူတွေဟာ ကွင်းဆက်လို တစ်နေရာမဟုတ် တစ်နေရာ ချိန်ဆက်မိနေတယ်။
သူတို့ကနေတစ်ဆင့် လိင်ဆက်ဆံဖေါ်တွေ အိမ်ထောင်ဖက်တွေဆီ ပျံ့နှံ့ကူးစက်ပြီး ပိုးရှိတဲ့
မိခင်ကနေ ကလေးကို ကူးစက်မှုဟာလည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို ဖြစ်လာရတယ်။
မိခင်ကနေ
ရင်သွေးကို ကူးစက်ရမှာ ကိုယ်ဝန်ဆောင် စဉ် မွေးဖွားစဉ်နဲ့ မွေးဖွားပြီး ကာလ သုံးခုမှာ
ကူးစက်နိုင်ပြီး ရောဂါပိုးရှိတဲ့ မိခင်ရဲ့ နို့ကို မတိုက်ကျွေးသင့်ဘူးလို့ ထိုင်းနိုင်ငံ
ရောဂါ ထိန်းချုပ်မှုဌာနက ဒေါက်တာ ဆွန်ယွတ်တစ်တီမန်ကွန်း ကပြောပါတယ်။ တကယ်လို့ ဒီ ကိစ္စကို
ဘာမှ ဆောင်ရွက်ပေးမှု မရှိဘူးဆိုရင် ကူးစက်နှုန်းဟာ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ
မြင့်တက်လာလိမ့်မယ်လို့ သူကပြောပါတယ်။
HIV
ကူးစက်နှုန်းဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဒေသတစ်ခုနဲ့ တစ်ခု အခြား ဒေသတစ်ခုမှာ မတူသလို
နိုင်ငံတွင်းမှာကိုပဲ ကူးစက်ပုံ အမျိုးမျိုးရှိနိုင်တယ်။ ဥပမာ အနေနဲ့ ပြောရရင် ဗီယက်နမ်မှာ
ထူးခြား တဲ့ HIV ဗိုင်းရပ် မျိုးစိပ်ပေါင်း ၁၁ မျိုးတွေ့ရတယ်။ ဒါကြောင့် HIV ကို ရာခိုင်နှုန်းပြည့်
ရှာဖွေ ဖေါ်ထုတ်လို့ မရနိုင်ဘူးလို့ ဒေါက်တာ ကစ်တီမန်ကွန်းက ဆိုပါတယ်။
ဆရာဟာတီကလည်း
ဒါဟာ သိပ်ကို ရှုပ်ထွေးတယ်။ နောက်ထပ် ဘယ်နေရာမှာသွားပြီး ဘယ်လို ဖြစ်ဦးမလဲဆိုတာ မသိဘူးလို့
ပြောပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို သိဖို့ သတင်းအချက်အလက်တွေ မှန်ကန်စွာ မရနိုင်တာကလည်း
ပြဿနာကို အဖြေရှာဖို့ အခက်အခဲ ကြုံစေပါတယ်။
အာရှမှာ
HIV ကူးစက်မှုအတွက် လက်ဦးမှု ရယူဖို့အတွက် သင့်တော်တဲ့ ဆောင်ရွက်မှု ပြုလုပ်ဖို့ရာ အမှန်စင်စစ်အာဖြင့်တော့
မဖြစ်နိုင်ဘူးလို့ ဆာရာ ဟာဆီက ပြောပါတယ်။ HIV ကိုထိန်းချုပ်ဖို့ ခက်တဲ့ အာရှမှာ ကမ္ဘောဒီးယား၊
မြန်မာနဲ့၊ ထိုင်းတို့ဟာ အာဖရိက တိုက်ကလွဲရင် ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။
အာရှတိုက်မှာ
နှုန်းအမြင့်ဆုံး အဖြစ် မှတ်တမ်းတင်ခံထားရတဲ့ ကမ္ဘောဒီးယားမှာ ကူးစက်မှုဟာ ၂.၆ ရာခိုင်နှုန်းရှိပါတယ်။
ဒါဟာ ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီတို့ရဲ့ တိုက်ခိုက်မှုပြီးရင် ကမ္ဘောဒီးယားအတွက် အပြင်းထန်းဆုံး
တိုက်ခိုက်နစ်နာမှုကြီးဖြစ်တယ်။ နေ့စဉ်နဲ့အမျှ လူ ၂၀ သို့မဟုတ် ၂၀ ကျော်ဟာ ရောဂါပိုး
ကူးစက်ခံရတယ်။ ခင်ပွန်းဖြစ်သူမှ တစ်ဆင့် ဇနီးသည်ကို ကူးစက်မှုဟာ ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး
စုစုပေါင်း ကူးစက်မှုရဲ့ တစ်ဝက်နီးပါးရှိတယ်။ ထို့အပြင် တိုက်ရိုက် လိင်လုပ်သား တွေမှသာမက
စားသောက်ဆိုင်တွေမှာ ဘီယာရောင်းသူ အမျိုးသမီးငယ်တွေရဲံ ကာရာအိုကေ အဆိုတော် စတဲ့ သွယ်ဝိုက်
လိင်လုပ်သားတို့လည်း ငွေကြေးနဲ့ ဖျားယောင် မှုကြောင့် ကူးစစက်ခံရတာတွေရှိတယ်။
တင်းကြပ်လွန်းတဲ့
ဓလေ့ထုံးစံ ပညာရေး နိမ့်ပါးမှုနဲ့ ၁၉၇၉ ခုနှစ်မှာ ပြီးခဲ့တဲ့ ပြည်တွင်းစစ် ဒါဏ်ကြောင့်
ဆင်းရဲ နွမ်းပါးမှု တို့ဟာ HIV ပြဿနာကို ဆိုးရွားစေတဲ့ အခြေခံ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်တဲ့ မီဒီယာ တွေမှာ ကျွမ်းကျင်တတ်မြောက်တဲ့ သတင်းစာ ပညာရှင်တွေ မရှိခြင်းကလည်း
ပြဿနာဝန်ထပ်ကို ပိုလေးလံစေပါတယ်။
ကမ္ဘောဒီးယား
ရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုပုံစံ
ဆင်တူပြီး မူးယစ်ဆေးထိုးသူနဲ့ လိင်လုပ်သားတွေကနေ တစ်ဆင့် ကူးစက်မှု ပိုများတယ်။ ထိုင်းနိုင်ငံမှာ
ကူးစက်မှုနှုန်းဟာ ၁.၈ ရာခိုင်နှုန်းရှိပြီး အာရှမှာ ကမ္ဘောဒီးယာပြီးရင် ဒုတိယ အများဆုံးဖြစ်တယ်။
နယ်စပ်ဒေသမှာ ရောက်နေတဲ့ ရွေ့ပြောင်းလုပ်သားတွေကြားမှာလည်း မှတ်တမ်းမှတ်ရာ တိတိပပ မရှိတာ
ဆက်သွယ်ရေး ခက်ခဲတာ ကုသမှု လုံလုံလောက်လောက် မပေးနိုင်တာကြောင့် HIV ကူးစက်မှုဟာ စိုးရိမ်ဖွယ်
အခြေအနေမှာရှိတယ်။
AIDS
ဟာ ထိုင်းလူငယ် လူရွယ်တွေ သေဆုံးရခြင်းရဲ့ ပင်မ အကြောင်းရင်းဖြစ်ပြီး မူးယစ်ဆေး ထိုးသွင်းသူတွေက
အဓိက ပြဿနာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာတော့ ကူးစက်မှုက အမြင့်မားဆုံးပါ။
ဒါ့အပြင် အာရှမှာ HIV/AIDS ကြောင့်ဖြစ်ရတဲ့ မိဘမဲ့ကလေး ၅သိန်းကျော်ရဲ့ တစ်ဝက်ဟာ ထိုင်းနိုင်ငံမှာ
ရှိပါတယ်။
လမ်းပန်းဆက်သွယ်ရေး
အချက်အချာကျတဲ့ မြို့ကြီးတွေမှာ နေရာ အတည်တကျမရှိတဲ့ ကူးလူး သွားလာ ရွေ့လျား သူတွေရဲ့
လိင်ဖျော်ဖြေရေးကို ဝယ်ယူမှုတွေကြောင့် ကူးစက်မှုနှုန်းဟာ မြင့်တက် လာနေတယ်။ ၁၉၉၇ ခုနှစ်ကနေ
၂၀၀၁ ခုနှစ်အတွင်း ၄ နှစ်တာ ကာလမှာ အိမ်ထောင်ရှင်မနဲ့ သားသမီးတွေ ကူးစက်ခံရမှုနှုန်း
အရှိန်မြင့်လာတာကို မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်း မြို့ကြီးတွေမှာ တွေ့ရတယ်။
မိုးတွင်းမှာ သွားလာမှု ခက်တဲ့ မြောက်ပိုင်း ဒေသရှိ အခြေအတွေဟာ HIV ကို ပျော်မွေ့စေတယ်။
တစ်ဖန်
ဗီယက်နမ် ကို ကြည့်မယ်ဆိုရင်လည်း လူဦးရေ သန်း ၈၀ ကျော်ရှိတဲ့အနက် ၀.၃ ဟာ HIV ကူးစက်ခံရပြီး
မူးယစ်ဆေး ထိုးသူ အမျိုးသားတွေနဲ့ လူငယ်တွေကြားမှာ နှုန်းအမြင့်ဆုံးဖြစ်တယ်။ လက်ရှိ
အခြေအနေအရ လိင်တူဆက်ဆံမှုဟာ လျင်လျင်မြန်မြန်
မြင့်တက်လာနေတယ်။ ဗီယက်နမ် ဥပဒေအရ အသက် ၁၃နှစ်အောက် ကလေးငယ်ကို လိင်မှုဆိုင်ရာ မဖွယ်မရာပြုကျင့်ရင်
မည်သူမဆို ထောင်ဒါဏ် နှစ် ၂၀ကနေ သေဒဏ်ထိ ပြစ်ဒဏ် ကျခံရမှဖြစ်ပါတယ်။ HIV ကိုဟန့်တားတဲ့
အနေနဲ့ ကွန်ဒုံး ရောင်းချပေးတဲ့ စက်တွေ ကြေးစား လိင်လုပ်သားတွေအတွက် အခမဲ့ ကျန်းမာရေး
စောင့်ရှောက်မှု အစီ အစဉ်တွေ ဗီယက်နမ်မှာရှိတယ်။
တရုတ်
မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နယ်နိမိချင်း ထိစပ်နေတဲ့ လာအိုနိုင်ငံ တောင်ပိုင်းမှာ
ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး အဲဒီဒေသရှိ ကူးစက်ခံရသူတွေဟာ အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုကို
တာဆီးပေးတဲ့ဆေးကို အခမဲ့ရရှိတယ်။ လာအိုရဲ့ HIV
ပြန့်ပွားမှုမှာ လိင်ပိုင်းဆိုက်ရာ အပြုအမူတွေကြောင့် ကူးစက်မှု အများဆုံးဖြစ်ပြီး
ရွှေ့ပြောင်းလုပ်သားတွေ အလုပ်အကိုင် အတည်တကျ မရှိသူတွေဟာ ကူးစက်မှု အတွက် အန္တရာယ် အရှိဆုံး
အုပ်စုဖြစ်တယ်။
ခန္ဓာကိုယ်
ရောင်းချပြီး အသက်မွေးတဲ့ အမျိုးသမီးတွေကြားမှာ
အန္တရာယ်များတဲ့ အပြုအမူ တွေကြောင့် ကမ္ဘောဒီးယား၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတွေက တဖီးနာဒူး ပြည်နယ်တွေမှာ ကူးစက်မှုနှုန်း
အများဆုံး ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီ ဒေသတွေက ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုပေးရာမှာ လုံ့လ
စိုက်ထုတ်တဲ့အတွက် ကာကွယ်ရင် တားဆီးနိုင်တယ်ဆိုတဲ့ သာဓကတွေရှိတယ်။ သူတို့ဟာ အန္တရာယ်
အပေးနိုင်ဆုံး လိင်ပိုင်းဆိုက်ရာ အမူ အကျင့်တွေကို တိုက်ရိုက်ဦးတည်ပြီး ကျယ်ကျယ်ပြန့်ပြန့်
ကာကွယ်မှု အစီ အစဉ်တွေ လုပ်ပေးတယ်။ ငယ်ရွယ်သူတွေအတွက် အန္တရာယ်ဖြစ်စေမဲ့ အပြုအမူတွေကို
ရှောင်ရှားနိုင်စေဖို့ အသိပညာပေးတယ်။ HIV ရှိသူတွေကို နှိမ်ချခွဲခြား ဆက်ဆံမှုတွေ လျော့ပါးစေနိုင်ခဲ့တယ်။
ဒါတွေဟာ
အပြောမဟုတ်တဲ့ လကတွေ လုပ်နိုင်ခဲ့တာဖြစ်လို့ အန္တရာယ်ရှိတဲ့ အပြုအမူတွေလျော့ပါး ခဲ့တယ်။
ဒါကြောင့် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံဟာ HIV အသစ် ထပ်မံကူးစက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ
ကူစက်မှုနှုန်း တဖြည်းဖြည်း လျော့ပါးလာမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်
ဖိလစ်ပိုင်စတဲ့ အာရှိတိုက်က တချို့နိုင်ငံတွေမှာလည်း HIV ခြေကုပ်မယူနိုင်သေးခင် သူတို့က ကြိုတင်ကာကွယ်မှုမွေနဲ့
လက်ဦးရယူနိုင်ခဲ့တဲ့ အတွက် ကူးစက်မှုနှုန်း အင်မတန်နှေးတာ တွေ့ရတယ်။
အာရှတိုက်မှာ
အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ HIV ဖြစ်ပွားမှုဟာ ဆင်တူပြီး
ဖြေရှင်းပုံသာ ကွာခြားတယ်။ အတွင်းကျကျ ထိရောက်တဲ့ ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ နိုင်ငံက
ကူးစက်မှုနှုန်း လျော့နည်းလာပြီး နှုန်း အမြင့်ဆုံးနိုင်ငံစာရင်းမှာ တဖြည်းဖြည်း နောက်ရောက်လာမယ်။
ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှု ရှိဖို့ လုံ့လစိုက်ထုတ် ဆောင်ရွက်မှု မရှိရင် အာရှတိုက်တကြောမှာ
HIV ဟာ ဆက်လက်ပြီး ပြန့်ပွားနေဦးမှာပဲလို့ ဆာရာဟာဆီက ပြောတယ်။
ခုချိန်မှာ
ဘာမှ လုပ်မပေးရင် ကူးစက်မှုဟာ ၈ဆ ပိုလာလိမ့်မယ်။ ဒါကြောင့် သင့်တော်တဲ့ ကြိုတင်ကာကွယ်မှု
အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်ပါတော့ လို့ ဒေါက်တာ စွာရပ်စကားက သတိပေးပြောကြားပါတယ်။
သူက ကုလသမဂ္ဂရဲ့ AIDS တိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ UNAIDS က ဘန်ကောက်အခြေစိုက် သုတေသီ တစ်ဦးဖြစ်ပါတယ်။
နှိမ့်ချ
ခွဲခြား ဆက်ဆံခံရမှုတွေ အကြားအမြင် မပြည့်စုံမှုတွေ ဓလေ့ထုံးစံတွေရဲ့ ဟန့်တားမှုတွေနဲ့
အခြေအနေမှန်ကို ဖေါ်ပြနိုင်တဲ့ စာရင်းဇယားတွေကောက်ယူဖို့ရာ အခက်အခဲရှိတာတွေကြောင့် ပြဿနာကို
ပိုလို့ရှုပ်ထွေးစေပြီး ကိုင်တွယ်ဖြေရှင်းရ ခက်စေပါတယ်။ ဗီယက်နမ်မှာတော့ အရေအတွက် ၆၀၀ကျော်ရှိတဲ့
သတင်းမီဒီယာလောကရဲ့ ထုတ်ပြန်ချက်တွေဟာ ရောဂါဆိုးကို တိုက်ဖျက်ရာမှာ ဦးဆောင်အင်အားစု
ဖြစ်ခဲ့တယ်။
ဒေါက်တာ
ပရာဖန်ဖနုပယ့်ခ် ကတော့ အခြေအနေမှန်ကို သတိပြုမိဖို့ရာ အတတ်ပညာရှိဖို့ ပိုအရေးကြီးတယ်
လို့ ဆိုပါတယ်။ ဒေါက်တာ ဖနုပယ့်ခ် ဟာ ထိုင်း ကြက်ခြေနီ အသင်းရဲ့ AIDS သုတေသနဗဟိုက ညွှန်ကြားရေးမှူးတစ်ဦးပါ။
အနာသိရင်
ဆေးရှိတယ်ဆိုတဲ့ စကားပုံအတိုင်း ဖြစ်ပျက်နေမှုကို သိရမှ ပြေလည်အောင် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ရင် အနာဟာ အတွင်းမှာ လှိုက်စားနေပြီး မရှူနိုင် မကယ်နိုင် ဖြစ်လာစရာ အခြေအနေမှာရှိတယ်။
လူတစ်ဦး တစ်ယောက်ချင်း အနေနဲ့ကစလို့ သူများ ပြောမှ သိရတာထက် ကိုယ်တိုင် ကာကွယ် နိုင်ဖို့
လိုအပ်ပါတယ်။
ထိုင်းနိုင်ငံ
ဆေးဝါးထုတ်လုပ်သူများအသင်းရှိ ပြည်သူ့ဆက်ဆံရေး ကော်မတီခွဲ နာယက ဖြစ်တဲ့ ဒေါက်တာ အာမယ်နာဂ်ျ
က ကျန်းမာရေး စောင့်ရှောက်မှုကို အခြားကဏ္ဍတွေထက်ပိုပြီး ဦးစားပေးသင့်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် HIV/AIDS နဲ့ ပတ်သက်လို့ ကျနော်တို့ ဆက်လက် လှုပ်ရှားဖို့လိုနေပြီ လို့သူက
ထပ်လောင်း ပြောကြားသွားပါတယ်။
ဒေါက်တာ
ပရာဖန်ဖနုပယ့်ခ် ကတော့ အာရှတိုက်မှာရှိတဲ့ အုပ်ချုပ်သူ အစိုးရတွေဟာ HIV/AIDS အတွက်
အခုကိုပဲ လှုပ်ရှားဆောင်ရွက်ဖို့ လိုနေပြီလို့ မှတ်ချက်ချ သွားပါတယ်။
၂၀၀၃ ခုနှစ် ကမ္ဘာတစ်ဝန်းမှာလူပေါင်း
၃၇.၈
သန်းကူးစက်ခံရပြီး ၄.၈ သန်း ထပ်မံကူးစက်ခံရပြီး ၂.၉သန်း HIV/AIDS ကြောင့် သေဆုံးခဲ့
၂၀၀၃ ခုနှစ်အကုန်မှာ HIV ကူးစက်ခံရသူ
၂၅
သန်း အာဖရိကတွင်ရှိပြီး ၆.၅သန်း အာရှတိုက်တွင်ရှိသည်။ ၇.၄ သန်း HIV ကူးစက်ခံရပြီး ၁၁
သန်း ထပ်မံကူးစက်ခံရ၊ ၅သိန်း HIV/AIDS ကြောင့် နှစ်စဉ်သေဆုံး
အာရှ ပစိဖိတ်ဒေသ
၇.၄သန်း
ကူးစက်ခံရပြီး ၁.၁သန်း ထပ်မံကူးစက်ခံရ၊ ၅သိန်း HIV/AIDS ကြောင့် နှစ်စဉ်သေဆုံး
အာရှတိုက် HIV ရှိသူတွေထဲမှာ
အမျိုးသား
၅.၂ သန်း အမျိုးသမီး ၂ သန်း၊ ကလေး ၁၆၈,၀၀၀
ကမ္ဘာတစ်ဝန်းမှာ နေ့စဉ်လူပေါင်း
လူပေါင်း
၁၄,၀၀၀ ကူးစက်ခံနေရပြီး ၈,၀၀၀ သေဆုံး (စက္ကန့်တိုင်း တစ်ယောက်နှုန်းသေဆုံး)
မိခင်မှ ကလေးကို ကူးစက်မှုမှာ
၆၅
ရာခိုင်နှုန်း (မွေးဖွားစဉ်)
၂၃
ရာခိုင်နှုန်း ( မမွေးဖွားခင်နဲ့)
၁၂
ရာခိုင်နှုန်းက မွေးဖွားပြီးမှာ ကူးစက်တယ်။
ကမ္ဘောဒီးယား
၁၉၉၁
ခုနှစ်မှာ HIV စရောက်ခဲ့ပြီး လူဦးရေ ၁၃.၄ သန်းရှိတဲ့အနက်
- HIV
ရှိသူ ၁,၅၇၅,၀၀၀
- AIDS
ရှိသူ ၂၂,၀၀၀
- မိဘမဲ့ကလေး
၆၀,၀၀၀
ထိုင်းနိုင်ငံ
၁၉၈၄
ခုနှစ်မှာ HIV ကိုသတိပြုမိချိန်ကစလို့ ပျမ်းမျှ အသက် ၃၆နှစ်ရှိ လူရွယ် ၄ သိန်း သေဆုံးပြီး
လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ အထဲမှာ
- HIV/AIDS
နဲ့ နေထိုင်လျက်ရှိသူ ခြောက်သိန်း
- နေ့စဉ်
ကူးစက်ခံရသူ ၆၀၀
- HIV/AIDS
ကြောင့် နာရီတိုင်းမှာ သေဆုံးရသူ ၉ ယောက်
ဗီယက်နမ်
လူဦးရေ
သန်း ၈၀ ကျော်မှာ
- ၈၃,၄၃၀
ယောက်မှာ HIV ရှိ
- ၂၀
ယောက်ကျော် နေ့စဉ်သေဆုံး
- ၁၉၉၁
ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိလူပေါင်း ၉၀,၀၀၀ ကျော် HIV/AIDS ကြောင့် သေဆုံးခဲ့
လာအို
၁၉၀၀
မှာ HIV ကို ခြေရာခံမိ၊ ၁၉၉၂ ခုနှစ်မှာ AIDSကို ခြေရာခံမိ လူဦးရေ ၅.၆ သန်းမှာ
- ၆၇၀
ယောက် HIV ကူးစက်ခံရပြီး
- ၄၈၆
AIDS ကြောင့် သေဆုံး
အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူဖေါ်ပြသည်။




