အန်ဂျီအိုအချို့
သတင်းအချက်အလက်များ ရယူရာ၌ တိကျခိုင်မာမှုနှင့် အချင်းချင်းချိတ်ဆက် ဆောင် ရွက်မှု အားနည်းခြင်းကြောင့်
လုပ်ငန်းတူဆောင်ရွက်မှုများ ရှိနေပြီး အမှန်တကယ် လိုအပ်နေသည့် ဒေသများအတွက် နစ်နာမှုများရှိနေ
အန်ဂျီအိုအချို့ သတင်းအချက် အလက်များရယူရာ၌ တိကျခိုင်မာမှု
နှင့်အချင်းချင်း ချိတ်ဆက်ဆောင် ရွက်မှု အားနည်းခြင်းတို့ကြောင့် လုပ်ငန်းတူ ဆောင်ရွက်မှုများရှိနေပြီး
အမှန်တကယ် လိုအပ်ချက်နေ သည့် ဒေသများအတွက် နစ်နာမှုများရှိနေကြောင်း သိရှိရပါသည်။
အန်ဂျီအိုများ တည်ရှိခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
များစွာအရေးပါပြီး လိုအပ် ချက်ရှိသည့် ဒေသများ၌ အန်ဂျီအိုများ၏ ရပ်တည်မှုကဏ္ဍမှာ များစွာအရေးပါသော်လည်း
ချိတ်ဆက် ဆောင်ရွက်မှု များအားနည်းခြင်း၊ ဒေသတစ်ခုတည်း ၌ ပုံစံတူလုပ်ငန်းများ ဆောင်ရွက်မှုများ
ရှိခဲ့ခြင်း တို့ကြောင့် ရန်ပုံငွေချပေးသည့် အလှူရှင်များနည်းတူ အမှန်တကယ် လိုအပ်ချက်ရှိသည့်
ဒေသများ အတွက်လည်း များစွာနစ်နာမှုများရှိကြောင်း အန်ဂျီအိုအသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
"အန်ဂျီအိုတွေရဲ့ကဏ္ဍဟာ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့
အတွက် အများကြီး အထောက် အကူ ပြုပါတယ်။ ဒါ့အပြင် Micro Finance Program လို
Financial Services တွေရရှိလို့ ဆင်းရဲမှု နှုန်းတွေကိုလည်း လျှော့ချနိုင်တယ်လို့ မြင်ပါတယ်၊
အလှူငွေရရင် ပြီးရောဆိုတာနဲ့ မပြီးပါဘူး၊ ပိုက်ဆံ ရရင် လုပ်ရမယ့်အလုပ်တွေကို အချက်အလက်စုဆောင်းတာ
သုတေသနပြုတာတွေအများကြီး လိုပါ တယ်၊ ရေရှည်ကောင်းဖို့နဲ့အကျိုး ရှိဖို့အတွက် စနစ်တကျအစီအစဉ်တွေ
ရေးဆွဲပြီး အကျိုးရှိမယ့်ကိစ္စ တွေမှာ အများအတွက်၊ အများအကျိုးအတွက် အလေးပေးဦးစားပေးပြီး
ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အန်ဂျီအိုတွေအချင်းချင်း ချိတ်ဆက်မှုအားနည်းပြီးတော့ ဒေသ
တစ်ခုတည်းမှာပဲ အိမ်သာတွေဆောက် ကြတာတို့၊ ပံ့ပိုးငွေတွေပေးကြတာ တွေလည်းရှိပါတယ်။ ဒေသမှာ
မရှိမဖြစ် လိုအပ်နေတာက ဘာတွေ လဲ ဆိုတာနဲ့၊ ဘယ်နေရာတွေမှာ လိုအပ် ချက်တွေရှိနေသလဲ ဆိုတာတွေကို
လည်း တိတိကျကျသိရှိ နားလည်ထား ဖို့ လိုအပ်ပါတယ်" ဟု အန်ဂျီအိုများ နှင့်ပတ်သက်၍
လေ့လာသူအချို့က သုံးသပ်ကြပါ သည်။
"အန်ဂျီအိုနှစ်ခု နေရာတစ်ခုတည်းမှာပဲ project ထပ်ပြီးလုပ်ခဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်၊ ပိုဆိုးတာက
ရန်ပုံငွေ ထုတ်ပေးတဲ့ အလှူရှင်ကလည်းအတူတူပဲ ဖြစ်နေတာပါ၊ ဒေသတစ်ခုတည်းမှာပဲ ရန်ပုံငွေတွေ
စုပြုံပြီးသုံးမိတဲ့ပုံစံမျိုးဖြစ် ခဲ့တော့ အလှူရှင်အဖွဲ့အစည်းအနေနဲ့ ကလည်း ပိုက်ဆံလှူလိုက်ရပေမယ့်
လည်း လှူလိုက်တဲ့ပိုက်ဆံက တကယ်လိုနေတဲ့သူတွေဆီကို ထိထိရောက်ရောက် မဖြစ်သွားတာ ကြောင့်
ရန်ပုံငွေချပေးတဲ့အလှူရှင်တွေ စိတ်ပျက်သွားတဲ့ အနေအထားမျိုးတွေလည်း ရှိခဲ့ပါတယ်"ဟု
အန်ဂျီအို အဖွဲ့အစည်းများ နှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါ သည်။
"လုပ်ငန်းမစတင်မီ အရင်ဆုံး Assessment
လုပ်တာ အရေးကြီးပါ တယ်။ လက်တွေ့ကွင်းဆင်းပြီးမှ လုပ်ဖို့ လိုအပ်ပါတယ်။ တချို့က
Assessment ကို primary data မယူဘဲ secondary data ယူပြီးလုပ်တာပါ။ primary data ဆိုတာက
ground data ပါ။ တကယ်လုပ်မယ့်နေရာကို ဆင်းလိုက် ပြီး ရွာရဲ့လိုအပ်ချက်တွေက ဘာဖြစ်မလဲဆိုတာကို
ရှာပြီးတော့ ရွာသူရွာသားတွေ ရဲ့အဓိကလို အပ်ချက်တွေကို မေးရတာဖြစ်ပါတယ်။ တချို့က အဲဒီလိုမလုပ်ဘဲ
ရန်ကုန်ကနေပြီး ရွာတစ်ရွာရဲ့ အကြောင်းကို တစ်ဆင့်ခံသတင်းရယူ ကြတာမျိုးတွေ လုပ်ကြပါတယ်။
ground data ကို ကွင်းဆင်း ပြီး ထဲထဲဝင်ဝင် မလုပ်ဘဲ တစ်ဆင့်ခံသတင်းယူပြီး လုပ်ငန်းလုပ်တာက
တစ်ကြောင်း၊ coordination လို့ခေါ်တဲ့အဖွဲ့အစည်း အချင်းချင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ပြီးတော့
"ဘယ်အဖွဲ့က ဘယ်နေရာမှာ ဘာလုပ်တယ်"ဆိုတဲ့ 'ဘ'သုံးလုံး မသေချာတာကတစ်ကြောင်း၊
သတင်းပေးတဲ့ network center တွေရဲ့သတင်း အချက်အလက်တွေ မတိကျတာက တစ်ကြောင်း over
lap ဖြစ်ကြတာဖြစ် ပါတယ် "ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်
ပညာရှင်တစ်ဦးက ဆိုပါ သည်။
"အန်ဂျီအိုအချင်းချင်း လုပ်ဆောင်မယ့်နေရာဒေသချင်း တူလို့
side over lap ဖြစ်နေပေမယ့် လုပ် ဆောင်မယ့်လုပ်ငန်း activity over lap မဖြစ်ဖို့ အရေးကြီးပါတယ်။
activity over lap ဖြစ်နေရင်တော့ အကျိုးမဲ့ဖြစ်မှာပါ။ ရတဲ့သူတွေအနေနဲ့လည်း သူတို့အတွက်
အဓိကလိုအပ်ချက် မဟုတ်တော့သလို အမှန်မရသေးတဲ့နေရာ၊ လိုအပ်နေသေးတဲ့ နေရာတွေမှာလည်း အများကြီး
နစ်နာမှုရှိပါတယ်။ ရပ်ရွာ လူထုရဲ့ စိတ်ပါလက်ပါ ပူပေါင်းပါဝင်ဆောင်ရွက်မှု၊ တိတိကျကျ သတင်းရယူမှု၊
အချင်းချင်းချိတ်ဆက် ဆောင်ရွက်တတ်မှုတွေ က အန်ဂျီအိုလောကမှာ အများကြီး အရေးကြီးပါတယ်"ဟု
၎င်းကဆက်လက် ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံ၌ အန်ဂျီအိုအများစု အဓိကလုပ်ဆောင်နေကြသည့်
လုပ်ငန်းများမှာ သဘာဝဘေး အန္တရာယ် လျော့ပါးရေးလုပ်ငန်း(DRR)၊ HIV/ AIDS ၊ တီဘီ၊ ငှက်ဖျားရောဂါ
ကာကွယ်ရေးလုပ်ငန်း၊ ရပ်ရွာလူထုကို အခြေပြု အသက်မွေးဝမ်းကျောင်း လုပ်ငန်း စသည့် လုပ်ငန်းငါးခုနှင့်
သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်ကြကြောင်း သိရှိရပါသည်။




