(၁) Side Effects of Waxing ဖယောင်းသုံးပြီး အမွှေးတုံးရင် ဘာတွေသတိထားရမလဲ
(၂) Hairs on Areola/Nipple နို့မှာပေါက်တဲ့ အမွှေး
Wed, Jun 27, 2012 at 9:42 AM
ကျွန်မ ခြေသလုံးမွှေးကို ဖယောင်းနဲ့ ကပ်ခွာလုပ်တာ တစ်နှစ်လောက် ရှိပါပြီ။ နှစ်လတစ်ကြိမ်လောက် လုပ်ဖြစ်တယ်။ ကမ်းခြေသွားတော့ သူငယ်ချင်းတွေ လုပ်သလို လိုက်လုပ်ရာကနေ အမြဲလုပ်နေရသလို ဖြစ်သွားပါတယ်။ စိတ်ပူတာက တစ်ခြား ဆိုးကျိုး ရှိနိုင်မလားဆိုတာ မေးချင်လို့ပါ။ နောက်ပြီး ကျွန်မရဲ့ Nipple နှစ်ဘက်လုံး မှာလည်း အမွှေးတွေရှိပါတယ်။ ဘာဓါတ်တွေ လိုအပ်လို့ပါလည်း ဆိုတာလေး သိချင်လို့ပါ။ ကျွန်မ အသက် ၃၅ နှစ် နဲ့ Single ပါ။ ဘယ်လို နေထိုင် စားသောက်ဖို့ လိုပါသလည်း ဖြေကြားပေးပါဆရာ။
(၁) Side Effects of Waxing ဖယောင်းသုံးပြီး အမွှေးတုံးရင် ဘာတွေသတိထားရမလဲ
ဖယောင်းသုံးပြီး ကိုယ်မွှေးနုတ်နည်းဟာ တခြား အမွှေးနုတ်နည်းတွေထက် သာတာတွေရှိပါတယ်။ အမွှေးတွေ အများကြီးကို တခါတည်းနဲ့ နုတ်ပြစ်နိုင်တယ်။ အမွှေးရိတ်ပြစ်တာနဲ့ (ခရင်မ်) သုံးနည်းတွေက အမွှေးအရင်းကို ပါမသွားစေဘူး။ ဖယောင်းနည်းက အမြစ်ပါ ပါသွားလို့ တခါနဲ့တခါ အချိန်ကြာတယ်။ ၂-၈ ပါတ်အထိ နောက်တခါ မနုတ်သေးဘဲ နေနိုင်တယ်။ ပြန်ပေါက်တာကလဲ အမွှေးနုတယ်။
ဒါပေမဲ့ ဒီနုတ်နည်းမှာလဲ အနုတ်သဘောဆောင်တာတွေ ရှိပါတယ်။
• Waxing က Strip ကပ်ခွါကို ခွါလိုက်ရင် နာမယ်။ နာတာမကြာပေမဲ့ ဆတ်ကနည်း စူးစူးရှရှနာတယ်။
• Waxing က ပိုက်ဆံပိုကုန်တယ်။
• Waxing က ဘယ်တော့မှ ပြန်မပေါက်စေတာ မဟုတ်ဘူး။
• အမွှေးပေါက် လားရာကို ဆန့်ကျင်ပြီး ကပ်ခွါကို ဆွဲခွါရင် အမွှေးအခြေကို ထိခိုက်စေပြီး နောက်ပြန်ပေါက်ရင် အမွှေးပေါက်တာ တစောင်းပေါက်တာ၊ ပြောင်းပြန်ပေါက်တာမျိုး ဖြစ်စေမယ်။
• Loss of Skin Suppleness and Elasticity ရေရှည်မှာ အရေပြားရဲ့ ပျော့ပျောင်းမှုနဲ့ ဆန့်နိုင်-ကျုံ့နိုင်စွမ်း နည်းစေတယ်။
• Wrinkle Formation အရေးအကြောင်း ဖြစ်လာစေနိုင်တယ်။ ဒါလဲ ရေရှည်မှာဖြစ်မယ်။
• Irritation and Redness နေမထိထိုင်မသာဖြစ်တာနဲ့ နီနေတာဖြစ်နိုင်တယ်။ ရေခဲတင်ပေးရင် သက်သာစေတယ်။
• Skin Rashes, Reddish Bumps and Slight Subcutaneous Bleeding အရေပြား အနီပြင်ထွက်မယ်၊ အနီဖုလေးတွေထွက်မယ်၊ သွေး အပြင်မှမဟုတ်ရင် အရေပြားအောက်မှာ ထွက်မယ်။
• Skin Darkening and Burns အရေပြားအရောင်ရင့်လာမယ်။ လောင်သွားသလိုဖြစ်မယ်။
• Skin Infection အရေပြား ပိုးဝင်တာဖြစ်နိုင်တယ်။ ဗက်တီးရီးယားတွေက အပြင်းစား ဖြစ်တာ များတယ်။
• Allergic Reactions (အလာဂျစ်) ဖြစ်စဉ်ဝင်မယ်။ Patch test of wax လုပ်ပြီးမှ လုပ်သင့်တယ်။
• Ingrown Hairs အမွှေးက အထဲဝင်ပေါက်တာလဲ ဖြစ်နိုင်တယ်။ Pseudofolliculitis ခေါ်တယ်။ အမွှေးလာရာနဲ့ ဆန့်ကျင်ဘက်ကို ဆွဲခွါမှဖြစ်စေတယ်။
အဲလို မဖြစ်စေချင်တာတွေ မဖြစ်အောင် ဘယ်လိုရှောင်မလဲ
• Non-greasy and dry မနုတ်ခင် အရေပြားဟာ အဆီပြန်မနေရပါ။ ခြောက်သွေ့မနေစေရပါ။
• Direct sunlight exposure နုတ်ပြီးနောက် ၂၄ နာရီအတွင်း တိုက်ရိုက်နေရောင် ရှောင်နေပါ။ မေးတဲ့သူ ကမ်းခြေမှာ ဒါမလုပ်သင့်ပါ။
• Tight cloths နုတ်ပြီးစအချိန်မှာ တင်းကျပ်တဲ့အဝတ်အစား မဝတ်သေးပါနဲ့။
• Cold compresses နုတ်ပြီးပြီးချင်း နီရဲရဲ ဖြစ်နေရင် အအေးကပ်ပါ။ Ice packs ရေခဲတုံးလေးကပ်ပါ။ Soothing lotion သုံးပါ။
• Acne ဝက်ခြံထွက်နေလို့ Accutane, Retin A, Differin စတဲ့ Vitamin A products ဗီတာမင် (အေ) ပါတဲ့ ဆေးမျိုး သောက်နေရင် မနုတ်သေးပါနဲ့။ မဟုတ်ရင် အရေပြား စုတ်ပြဲသွားနိုင်တယ်။
• Skin sun burnt အရေပြား နေလောင်နေချိန် မနုတ်ပါနဲ့။
(၂) Hairs on Areola/Nipple နို့မှာပေါက်တဲ့ အမွှေး
ဆရာဝန်တွေကို အမေးများတဲ့ မေးခွန်းတခုဖြစ်တယ်။ ၃ဝ% သော အမျိုးသမီးတွေမှာ မျိုးဗီဇကြောင့် နို့သီးထိပ်မှာ အမွှေးလေးတွေ ပေါက်ကြတယ်။ ရောဂါ မဟုတ်ပါ။ စိုးရိမ်စရာ မလိုပါ။ သတိရှိတာတော့ ကောင်းတယ်။ တကယ်လို့ အမွှေးက Nipples နို့သီးဖျားမှာ ပေါက်နေရင်၊ အရင်က မရှိဘဲ ရုတ်တရက် အမွှေးထူထူ ကြမ်းကြမ်း ပေါက်လာရင်လဲ ဆရာဝန်ပြပါ။ ကင်ဆာကို စစ်ဆေးမယ်။
ဘာလို့ပေါက်သလဲ
ဟော်မုန်း အပြောင်းအလဲကနေဖြစ်တယ်။ မိန်းကလေးတိုင်း ရာသီ စပေါ်ချိန်မှာ နို့ထိပ်နေရာ အမွှေးနုလေးတွေ စပေါက်တယ်။ ကိုယ်ဝန်ဆောင်ရမှ စသိတာလဲရှိတယ်။ ကိုယ်ဝန်-တားဆေးမှာ ဟော်မုန်းပါလို့ ဖြစ်စေနိုင်တယ်။ ရှိနေတာ ပိုများလာနိုင်တယ်။ သွေးဆုံးချိန်မှာ စပေါက်တာရော ပေါက်နေတာက မပေါက်တော့တာပါ ဖြစ်နိုင်တယ်။ မေးတဲ့သူက ဓါတ်နည်းမှာ စိုးရိမ်နေတယ်။ များလို့ ဖြစ်တာပါ။ Testosterone (တက်စတိုစတီရုန်း) အလွယ်ခေါ် (ယောက်ျား-ဟော်မုန်း) ဟာ မိန်းကလေးပေမဲ့ အပျိုဖြစ်ချိန်မှာ တက်လာတယ်။ ကိုယ်မွှေးတွေ များလားစေတယ်။ နို့ထိပ်ပိုင်း လဲပါတယ်။ အသက် ၂ဝ ကျော်ချိန်မှာ ဒီဟော်မုန်း အများဆုံးဖြစ်တယ်။
Removal of Nipple Hair ဘယ်လိုရှင်းမလဲ
• Tweezers မွှေးညှပ်ကိုသာ သုံးပါ။ တည့်တည့်-တန်းတန်း ဆွဲနုတ်ပါ။ အားသိပ်မသုံးပါနဲ့။
• Manicure scissors သုံးပြီး Trim ဖြတ်တာလဲ လုပ်နိုင်တယ်။ နုတ်တဲ့နည်းက နောက်လဲ နုတ်နေရမယ်။
• Shaving ရိတ်တာ၊ Waxing ဖယောင်းသုံးတာ မလုပ်ပါနဲ့။
• Trimming နဲ့ Shaving နည်းတွေက အရောင်ကို ရင့်စေမယ်။ အခြေထူနေစေမယ်။
• Eyebrow hair မျက်ခုံးမွှေးလိုဘဲ Nipple hair နို့မွှေးက ၃-၄ ပါတ်နေရင် ပြန်ပေါက်လာတယ်။
• Laser hair removal လေဆာနည်းနဲ့ Electrolysis လျှပ်စစ်နည်းတွေက ရာသက်ပန် အမွှေးမပေါက်စေဘူးလို့ ဆိုပါတယ်။ အထောက်အထား သိပ်မစုံသေးတဲ့ ကောက်ချက်ဖြစ်ပါတယ်။
နို့ကအမွှေး နုတ်ပြစ်တာ ဘာဖြစ်နိုင်သလဲ
• မဖြစ်ဘူးပြောလို့ရတယ်။
• ရောဂါဗေဒအရ စစ်ဆေးရင် အမွှေးပေါက်ရာအခြေ Follicles (ဖေါ်လီကယ်လ်) ကို သွားပိတ်လို့ Sebaceous cysts အကျိတ်ဖြစ်လာစေနိုင်တယ်။ Plucking နုတ်နည်း၊ Waxing ဖယောင်းနည်း၊ Depilatory creams လိမ်းဆေးနည်း အားလုံက အဲလိုဖြစ်လာမှာကို သတိထားရမယ်။
• Ingrown hairs အမွှေးအတွင်းပေါက်တာ၊
• Infection ပိုးဝင်တာ
• Hyperpigmentation အရောင်ရင့်လာတာ၊
• Scarring အမာရွတ်ထင်တာတွေ ဖြစ်စေနိုင်တယ်။
ကိုယ်မွှေးများသူတွေက တမျိုးဖြစ်တယ်။ Androgens (အင်ဒရိုဂျင်) ဟော်မုန်း များနေရင် ယောက်ျားတွေ ရင်ပတ်မွှေး ပေါက်သလို ဖြစ်နေမယ်။ Hirsutism ခေါ်တယ်။ Polycystic ovary syndrome (PCOS) မျိုးဥအိမ် အကျိတ်တွေ အများကြီး ဖြစ်တဲ့ရောဂါ ရှိ-မရှိ စစ်ဆေးသင့်တယ်။ ရာသီမမှန်၊ ကလေးမရဖြစ်နိုင်တယ်။
• Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ် http://dts-medicaleducation.blogspot.com/2011/02/waxing.html
• Polycystic Ovarian Syndrome (PCOS) ရာသီ မမှန်ရင် ဖတ်ပါ http://dts-medicaleducation.blogspot.in/2012/02/polycystic-ovarian-syndrome-pcos.html
ဒေါက်တာတင့်ဆွေ (၂၇-၆-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - အပျိုကြီးရဲ့ မေးခွန်းများ (၂)




