28
Apr

အမူအကျင့် မပြောင်းလဲကြသူများ



ကျမ
ဒီ ခုခံအား ကျဆင်းမှု ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဘာအခက်အခဲတွေ
ရှိသလဲ လို့ တချို့က မေးကြပါတယ်။ အစစ အရာရာ အခက်အခဲတွေချည်း ပြည့်နှက်နေတာပါပဲလို့
ဖြေမိပါတယ်။

စတင်
ပညာပေးဖို့၊ လူတွေကို ချဉ်းကပ်ဖို့ကနေစပြီး သူတို့ ဆေးဝါး သောက်သုံးနိုင်ဖို့၊ မှန်ကန်တဲ့
ဆေးကုသမှု ခံယူဖို့၊  သူတို့ရဲ့ လူမှုဘ၀ကို ဆက်လက်
သယ်ဆောင်နိုင်ဖို့ အစရှိတာတွေကို ကျမနဲ့ ကျမကို ကူညီနေတဲ့ လူငယ် အနည်းငယ်လောက်ပဲ စဉ်းစား
လုပ်ပေးနေကြရတာ ဆိုတော့ ဘယ်လောက်များ ခက်ခဲမလဲဆိုတာ သိသာ နိုင်ပါတယ်။

အမြဲတစေ
မဖြစ်မနေ ထုတ်ဖော် ပြောဆိုနေရတာလည်း ရန်ပုံငွေ ပြဿနာပဲ ဖြစ်ပါတယ်။ အလှူငွေ မရလေ လုပ်ရတာ
ခက်ခဲလေပေါ့။ မိတ်ဆွေတချို့ဆီက အကူအညီတချို့တော့ ရပါတယ်။ ခုဆို ကျမ ဒဂုံမြို့သစ်ဘက်က
စည်ပင်မြေ ငှားပြီး လူနာ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ပေးထားတယ်။ အသိမိတ်ဆွေတွေ လုပ်ကိုင်နေတဲ့
နတ်ဆက် ပစ္စည်းလုပ်တဲ့ ဘော်ကြယ်ထိုး၊ စက်ချုပ် အစရှိတာတွေလည်း လုပ်ပေးပါတယ်။ ဒီရက်ပိုင်းလေးမှာပဲ
လူနာ ၄ ဦး အတွက် အလှူရှင် ၁ ယောက်ဆီက အလှူခံပြီးတော့ ပလာတာ ကြော်တဲ့ဆိုင်လေး ဖွင့်ထားပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လူနာတွေ အများကြီးအတွက် ကျမ မလုပ်ပေးနိုင်သေးတာကလည်း အခက်အခဲတခုပါ။

ဒီအခါမှာကျတော့
အခက်ခဲဆုံးလို့ ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ မပြောင်းနိုင်တဲ့သူတချို့ကို
တွေ့လာတော့တာပါပဲ။

တခြား
လူငယ်လေးတွေ ဆိုးပေတေပြီး နဂိုမူလ အကျင့်တိုင်း ပြန်လည် သောက်စားလာတာတွေလည်း တွေ့ရပါ
တယ်။ ဒါပေမယ့်လည်း ဒါဟာ ခံသာသေးတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သောက်စား
ပြီးတော့ သူတို့ဘာသာ ဒုက္ခရောက်တာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ အဲ့ဒီလို ဖြစ်သလို နေလိုက်ကြတဲ့
လူနာတွေကို ပြန်ကုတော့ ငွေကုန်ကြေးကျ ပိုများ၊ လူပင်ပန်း စိတ်ပင်ပန်းတော့ ပိုဖြစ်ရတာပေါ့။
ဒါပေမယ့် ဒီ အခြေ အနေကိုတောင် ခံသာတယ်လို့ ပြောနေတယ်ဆိုတော့ ဒီအခြေနေထက် ဆိုးတာတွေရှိနေလို့
ပြောတာပါ။

ကျမလူနာ
အများစုဟာ များသောအားဖြင့် နယ်ဘက် တောသူတောင်သား ယာဉ်မောင်းသူတွေ၊ ကားနောက် လိုက် စပယ်ယာတွေအပြင်
အခြား မသိ နားမလည်သူတွေ များပါတယ်။ လူနာတွေထဲမှာ ပြည့်တန်ဆာ မိန်းကလေး ၅ ယောက် ပါလာပါတယ်။
သူတို့ ၅ ယောက်ဟာ မတူညီတဲ့ အခြေနေက လာတယ်ဆိုပေမယ့် ကိုယ်ခန္ဓာ ရင်းနှီး လုပ်ကိုင်စားကြတာချင်းတော့
တူပါတယ်။

သူတို့ထဲက
တယောက်ကတော့ ကျမ အမြင် ပြောရရင် သူက ယောကျာ်း မရှိရင် မနေနိုင်တဲ့သူပါ။ သူက ငွေရှာဖွေ
ပြီးတော့ သူနှစ်သက်တဲ့ ယောက်ကျားတွေနဲ့ ပြန်ပြီး ပျော်ပါးတာပါ။ သူငွေရှာတာလည်း လူနဲ့ရင်းပြီး
ရှာတယ်၊ ပြန်လည် ပျော်ပါးတာလည်း လူနဲ့ရင်းပြီး ပျော်ပါး ဆိုတော့ ကူးစက်မှုဟာ ဘယ်လောက်တောင်
များနေပြီလဲ ဆိုတာ ကြောက်စရာကောင်းလို့ မတွေးချင်လောက်အောင် ဖြစ်ရပါတယ်။ ကျမလည်း ကြုံတိုင်း
ဆုံးမ၊ ကျမအိမ်မှာပါ ခေါ်ထားပြီး ပြုပြင်ပေမယ့် အမြဲပဲ ထွက်ပြေး၊ အရင်လိုပဲ လမ်းပေါ်နေ၊
လမ်းပေါ်စား အကျင့် မပျောက်ပါဘူး။ ဒီကလေးမ  အကြောင်းကိုတော့
နောင်မှပဲ ဆောင်းပါးတစောင် ရေးပါဦးမယ်။

ဧရာဝတီ
- အမူအကျင့် မပြောင်းလဲကြသူများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top