အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရခြင်း
အတူတူ ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုဆိုးကြတယ်။ သွေးထဲမှာ
အိတ်ခ်ျအိုင်ဗီပိုး အရေအတွက်ချင်း အတူတူ ဆိုရင်လည်း အမျိုးသမီးတွေက
အမျိုးသားတွေထက် အေအိုင်ဒီအက်စ် ပိုဖြစ်လွယ်ကြတယ်။ အိတ်ခ်ျအိုင်ဗီ ရောဂါမှာ
အမျိုးသမီးတွေဟာ အမျိုးသားတွေလို ခံနိုင်ရည်မရှိတာ ဘာကြောင့်လဲ။ ဒါဟာ သိပဿပံ
ပညာရှင်တွေ လူအများ သိချင်နေတဲ့ မေးခွန်းတစ်ခုပါ။
ယခုအခါ အမေရိကန် သိပဿပံပညာရှင်တွေရဲ့
ကြိုးပမ်းမှုကြောင့် အမျိုးသမီးတွေ အိတ်ခ်ျအိုင်ဗီပိုးကို ခုခံနိုင်စွမ်း ပိုနည်းပါးရခြင်း
အဖြေကို သိရှိရပါပြီ။ အမျိုးသမီးတွေ ခံနိုင်ရည်ပိုနည်းခြင်းဟာ သဘာဝ
အလျောက်ဖြစ်ပြီး ဟှောမုန်းတွေနဲ့လည်း တစ်နည်းတစ်ဖုံ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
လူ့ကိုယ်ခံအား ဆဲလ်တစ်မျိုးဖြစ်တဲ့
pDC(Plasmacytoid Dendritic Cells) ဆဲလ်တွေဟာ အိတ်ခ်ျအိုင်ဗီပိုးကို ပထမဆုံး
မှတ်မိသိရှိပြီး ခုခံတိုက်ခိုက်တဲ့ ရှေ့တန်းတပ်သားတွေ ဖြစ်ပါတယ်။
ခနဿဓာကိုယ်အတွင်းသို့ အိတ်ခ်ျအိုင်ဗီပိုး ဝင်ရောက်လာတဲ့အခါ pDC ဆဲလ်တွေ အများ
အပြား ထွက်လာပါတယ်။ ကျန်းမာတဲ့ အမျိုးသမီးတစ်ဦး ပထမအကြိမ် အိတ်ခ်ျအိုင်ဗီ
ကူးစက်ခံရတဲ့အခါ ထွက်လာတဲ့ pDC ဆဲလ်ပမာဏဟာ အမျိုးသားတွေမှာထွက်တဲ့ ပမာဏထက်
ပိုများပါတယ်။
သွေးဆုံးပြီး အမျိုးသမီးတွေရဲ့ pDC
ပမာဏကတော့ အမျိုးသားတွေနဲ့ တူညီနေပါတယ်။ ဒါပေမဲ့ သွေးမဆုံးသေးတဲ့ အမျိုးသမီးရဲ့
သွေးထဲမှာ ပရိုဂျက်စတုန်း ဟှောမုန်းပမာဏ မြင့်မားနေပြီး အဲသည် ဟှောမုန်းက pDC
ဆဲလ်တွေကို အစွမ်းပိုထက်စေပါတယ်။
HIV- 1 ကူးစက်ခံရတဲ့ အခါ
အမျိုးသမီးတွေဆီမှာ pDC ဆဲလ်တွေလည်း ပိုထွက်တယ်။ ပရိုဂျစ်စတုန်း ဟှောမုန်းကြောင့်
pDC တွေဟာ အစွမ်းလည်း ပိုထက်မြက်တယ်။ ဒါ့အပြင် ကိုယ်ခံအား ဆဲလ်တစ်ခုဖြစ်တဲ့ CD 8-T
ဆဲလ်ထွက်လာတဲ့ ပမာဏလည်း အမျိုးသားတွေထက် ပိုများတယ်။ ဒါတောင်မှ အမျိုးသမီးတွေဟာ
ဘာကြောင့် အိတ်ခ်ျအိုင်ဗီပိုး ခုခံနိုင်စွမ်း ပိုနည်းနေတာလဲ။ အမျိုးသားတွေက
အိတ်ခ်ျအိုင်ဗီ အဆင့်မှာ အချိန်ကြာကြာ နေနိုင်ပေမဲ့ အမျိုးသမီးတွေက အိတ်ခ်ျအိုင်ဗီ
အဆင့်မှ အေအိုင်ဒီအက်စ် အဆင့်သို့ လွယ်လွယ်ပြောင်းသွားတာ ရောဂါပိုမို ဆိုးရွားတာဟာ
ဘာကြောင့်ပါလဲ။ သည်မေးခွန်းတွေရဲ့ အဖြေကို ဒေါက်တာ အဲလ်ဖတ်ဒ်က အခုလို
ရှင်းပြပါတယ်။
‘ ကိုယ်ခံအားစနစ် ပိုကောင်းနေခြင်း၊
ပိုတက်ကြွ နေခြင်းဟာ ရောဂါ ကနဦးအဆင့်မှာတော့ အကျိုးရှိပါတယ်။ HIV- 1 ပိုးတွေ
အပွားနည်းအောင် ထိန်းချုပ်ပေးပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ အမြဲတစေ ပွားများနေပြီး
ကိုယ်ခံအားစနစ်ကလဲ ရေရှည်တက်ကြွလုပ်ဆောင်ရတဲ့ အခါ အေအိုင်ဒီအက်စ် အဆင့်ကို
ကူးပြောင်းဖို့ ပိုမြန်သွားပါတော့တယ်။ ဒီဖြစ်စဉ်ကို အမျိုးသမီးတွေမှာ တွေ့ရတယ်’
လို့ ရှင်းပြပါတယ်။
သည်ဖြစ်စဉ်ကိုသာ ပိုကောင်းအောင်
ပြုပြင်နိုင်မယ်ဆိုရင် အေအိုင်ဒီအက်စ် မဖြစ်အောင် အချိန်ကြာကြာ တားထားနိုင်မယ်။
အိတ်ခ်ျအိုင်ဗီ ရောဂါကုနည်းအသစ်၊ ဆေးဝါးအသစ်တွေ ပှေါထွက်လာနိုင်တယ်လို့
ပညာရှင်တွေက မျှောလင့်နေကြပါတယ်။
Terrence Higgins အဖွဲ့မှ ရှောဘင်ဆင်က ‘
စိတ်ဝင်စားစရာကောင်းတဲ့ သုတေသန တွေ့ရှိချက်ပါ။ ယောက်ျားနဲ့မိန်းမတို့ရဲ့ မျိုးဗီဇဟာ
အစကတည်းက အနည်းငယ် ကွဲပြားပါတယ်။ ဒါပေမဲ့ အေအိုင်ဒီအက်စ် အဆင့် မရောက်အောင်
ကာကွယ်တားဆီးဖို့ အတွက်ဆိုရင် အိတ်ခ်ျအိုင်ဗီ ဆေးဝါးတွေ၊ ကုထုံးတွေကို
ဝေဒနာသည်တိုင်း လက်လှမ်းမီရေးက ပိုအရေးကြီးပါတယ်။အာဖရိကနဲ့ ဆာဟာရ
ဝန်းကျင်ဒေသတွေမှာ အိတ်ခ်ျအိုင်ဗီ ဆေးဝါးရရှိနိုင်မှု၊ လက်လှမ်းမီနိုင်မှု
အနည်းဆုံးဖြစ်နေပါတယ်။ ဝမ်းနည်းစရာပါပဲ’ လို့ပြောသွားပါတယ်။
(ဩဂုတ်(၁၄) ၂၀၀၉ ခုနှစ်ထုတ် မှောဒန်
သတင်းဂျာနယ်တွင်ဖှောပြသည်။)
[ref: BBC, Jun 20, 2009]




