15
Mar

အမျိုးသမီးက တဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ

အမျိုးသမီးက တဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC) က သတင်း ထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီး တစ်ယောက်ဟာ တခြား အမျိုးသမီး တစ်ယောက်နဲ့ လိင်ဆက်ဆံရာက တဆင့် HIV ကူဆက်ခဲ့တာပါ။

အသက် ၄၆ နှစ်ရှိ အဲ့ဒီ အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော် ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ် ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုး ရှိခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ HIV ရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။

အမျိုးသမီးက တဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIV ရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာ စိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:wdam.com

Thiha Naing
Trend Myanmar

Myanmar News Now - အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top