အာရောဂျံ
ပရမံလာဘံ ဆိုတဲ့စကားအတိုင်း ကျန်းမာရေးဟာ လာဒ်တပါးဖြစ်ပါတယ်၊ အသက်ကို ဥာဏ်စောင့်ဆိုသလို
မိမိအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပြီး နေမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ
ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ
အမျိုးသမီးဖြစ်တဲ့အတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေရှိပါတယ်၊ ဒါပေမဲ့ အမျိုးသမီးထဲမှာ
လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေ။ လိင်တူလိင်ကွဲချင်းချစ်တဲ့ အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များတဲ့
ရောဂါတွေရှိတတ်ပါတယ်။ အကျင့်စရိုက်ပုံစံကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ ရှိတတ်သလို ပတ်ဝန်းကျင်က
အမျိုးသမီးချင်း ချစ်သူတွေအပေါ်ထားတဲ့ သဘောထား။ ဆက်ဆံမှု ပုံစံတွေရဲ့ ရိုက်ခတ်မှုကြောင့်ဖြစ်ရတဲ့
ရောဂါတွေလဲ ရှိတတ်တာတွေဏ္ဍရပါတယ်။ ဒါကြောင့် အမျိုးသမီးချင်း ချစ်သူတွေမှာ ဖြစ်တတ်တဲ့
ရောဂါပုံစံတွေအကြောင်း တစေ့တစောင်း တင်ပြလိုက်ပါတယ်။
ပထမဦးဆုံးဖော်ပြချင်တဲ့
အမျိုးသမီးချင်းချစ်သူတွေမှာ ဖြစ်တတ်တဲ့ရောဂါကတော့ ရင်သားကင်ဆာဖြစ်ပါတယ်၊ အမျိုးသမီးချင်း
ချစ်သူများဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရင်သားကင်ဆာ အဖြစ်နိုင်ဆုံး အုပ်စုထဲမှာ ပါဝင်နေတတ်ပါတယ်၊
ဒီလိုပါဝင်နေတတ်ပေမဲ့ အသက် (၄၀)ကျော် အမျိုးသမီးချင်း ချစ်သူတွေဟာ အမျိုးသမီး ကျန်းမာရေးအတွက်
အချိန်မှန်မှန် ဆေးစစ်တာတို့ ကိုယ့်ရင်သားမှာ အကြိတ်ရှိမရှိ ကိုယ့်ဖာသာကိုယ် စစ်ဆေးတာတို့
ဆေးခန်းသွား စစ်ဆေးတာတို့ လုပ်တာမျိုးတွေ နည်းတဲ့အတွက် အချိန်စောစောမှာ ကုသလို့ရတဲ့
ရင်သားကင်ဆာကို မကုစားနိုင်ဘဲ အချိန်နှောင်းမှ အပ်နဲ့ပေါက်ရမဲ့အစား ပေါက်ဆိန်နဲ့ထွင်းရတဲ့
အဖြစ်မျိုးရောက်တတ်တာ သတိထား စေလိုပါတယ်။
ဒုတိယအဖြစ်များတဲ့
ရောဂါကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တဲ့ စိတ်ဖိစီးမှု ရောဂါပါဘဲ။ အမျိုးသမီးချင်း
ချစ်သူတွေဟာ တခြားလိင်တူ ချစ်သူတွေလိုဘဲ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင် စော်ကားတာကို
ခံရလေ့ရှိတာ အသေအချာပါဘဲ။ အကြမ်းဖက်တာ မလုပ်တောင်မှ လှောင်ပြောင်တာ၊ အံ့သြလက်မခံတဲ့
အကြည့်နဲ့ကြည့်တာကို ခံရတာတွေရှိပါတယ်။ ကိုယ်ဟာ အမျိုးသမီးချင်း ချစ်သူဆိုတာ လုပ်ဖော်ကိုင်ဖက်တွေ
သိသွားမှာ အမြဲစိုးရိမ်ပြီး ကိုယ်ရဲ့လိင်တူချင်းချစ်စိတ်ကို ဖုံးကွယ်ထားတဲ့ သူတွေဆို
စိတ်ဖိစီးမှုကို ပိုခံစားရမှာပါ။
အခြားသူတွေက
စိတ်ဖိစီးမှုခံရရင် ကိုယ်မိသားစု အသိုင်းအ၀ိုင်းက အားပေးဖေးမမှုကို လွယ်လွယ်ကူကူ ရနိုင်ပေမဲ့
လိင်တူချင်းချစ်သူ အမျိုးသမီးတွေအဖို့ သူတို့ရဲ့လိင်စိတ်ကို အခြားသူတွေသိမှာ စိုးရိမ်ပြီး
ဖုံးကွယ်ထားလေ့ရှိတာကြောင့် တခြားသူတွေရရှိနိုင်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အားပေးဖေးမမှုကို
မရနိုင်ကြပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဟာလဲ ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။
ကဲ
နောက်တခါပြောပြချင်တဲ့ ရောဂါကတော့ မီးယပ်ပိုင်းဆိုင်ရာ ကင်ဆာရောဂါတွေပါ။ အမျိုးသမီးချင်း
ချစ်သူတွေကြားမှာ မီးယပ်ပိုင်းဆိုင်ရာ ကင်ဆာရောဂါတွေလဲ အခြားအမျိုးသမီးတွေထက် အဖြစ်များတာတွေ့ရပါတယ်၊
အတော်များများ မသိတဲ့အချက်က တကယ်လို့သာ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ နှစ်စဉ် စမ်းသပ်ကြည့်ပြီး
လိုအပ်သလို ဆေးကုသမှု ခံယူမယ်ဆိုရင် မီးယပ်ပိုင်းဆိုင်ရာ ကင်ဆာတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ
ရောဂါမရင့်ခင် ကုသနိုင်တယ်ဆိုတဲ့ အချက်ပါဘဲ၊ အဲဒီတော့ ဆရာဝန်နဲ့ ဖြစ်နိုင်ရင် နှစ်စဉ်မှန်မှန် စစ်ဆေးစေချင်ပါတယ်၊
ရှက်စရာမလိုဘူးနော်။
နောက်ရောဂါတခုကတော့
ပြောရင် သိပ်ကြိုက်ာကမှာ မထင်ဘူးနော်၊ ခန္ဓာကိုယ် ၀လွန်ခြင်းတဲ့၊ အိုဗာဝိတ်လို့ပြောရင်
ပိုနားလည်မယ်ထင်တယ်၊ သုတေသနတွေအရ အမျိုးသမီးချင်း ချစ်သူတွေဟာ အခြားအမျိုးသမီးတွေထက်
ပိုဝတတ်တယ်တဲ့၊ ခန္ဓာကိုယ်ဝလွန်းရင် နှလုံးရောဂါတွေ၊ သွေးတိုး၊ ဆီးချိုရောဂါတွေနဲ့
တခြားရောဂါတွေတိုက်ခိုက်တာ ပိုခံရတတ်တယ်၊ ဒါကြောင့် ကိုယ့်ကိုကိုယ် ကျန်းမာတဲ့ အစားအစာတွေ။
နေထိုင်မှု ပုံစံတွေနဲ့ သတိထားနေထိုင်ဖို့၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့ အကြံပေးပါရစေ၊
ဝတုတ်ကြီးတွေ မဖြစ်စေနဲ့ပေါ့။
နောက်တခုကတော့
ပတ်ဝန်းကျင်ကပေးတဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်အောင် လုပ်ရင်း ရလာတဲ့ အကျိုးဆက်ရောဂါလို့
ပြောနိုင်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုပါဘဲ။ လိင်တူချင်းချစ်သူတွေကို မုန်းတီးတဲ့ပတ်ဝန်းကျင်မှာ
ဒါမှမဟုတ်ရင် လိင်တူချင်း ချစ်သူတွေကိုလက်မခံတဲ့ အခြေအနေမျိုးမှာ ကိုယ့်စိတ်ဖိစီးမှုကို
ကိုယ်ကြိုးစားကုစားရင်း မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို
မူးယစ်ဆေးဝါးနဲ့ ထွက်ပေါက်မရှာဘဲ ကျန်းမာရေးအရ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေတာတို့၊ စိတ်ပင်ပန်းမှု
ဖြေလျော့စေတဲ့ လှုပ်ရှားမှုမျိုးလုပ်တာတို့ စိတ်ဖိစီးမှုကို နည်းမှန်လမ်းမှန်နဲ့ ပပျောက်စေတာတို့ လုပ်သင့်ပါတယ်။ ကိုယ်လဲဝါသနာပါ၊
စိတ်လဲအပန်းဖြေရာ ရောက်တဲ့ သစ်ပင်စိုက်တာ၊ ပန်းချီဆွဲတာ၊ အိမ်မွေးတိရစ္ဆာန်တွေ မွေးတာတို့နဲ့
ကိုယ့်စိတ်ဖိစီးမှုကို ကြိုးစား ဖြေဖျောက်ကြည့် ကြရအောင်နော်။
ခုနကပြောတဲ့အရာနဲ့
ဆက်စပ်နေတဲ့ နောက်ထပ်ကျန်းမာရေးပြဿနာကို ပြောရမယ်ဆိုရင် ဆေးလိပ်စွဲခြင်းဘဲ။ အမျိုးသမီးချင်း
ချစ်သူတွေဟာ အခြားအမျိုးသမီးတွေထက် ပိုပြီး ဆေးလိပ် သောက်တတ်ကြတယ်။ ဆေးလိပ်စွဲတတ်ကြတယ်လို့
သုတေသနတွေက ပြောပါတယ်။ စိတ်ဖိစီးမှုကြောင့် သောက်တာဘဲဖြစ်ဖြစ်၊ လူအများနဲ့ဆက်ဆံရင်း
သောက်တာဘဲဖြစ်ဖြစ် ဆေးလိပ် အလွန်အကျွံ့သောက်ခြင်းရဲ့ အကျိုးဆက်ကတော့ ကင်ဆာ၊ နှလုံးရောဂါ၊
ရင်ကြပ်ရောဂါတွေကို ခံစားရတာပါဘဲ၊ မလိုလားအပ်တဲ့ရောဂါတွေကို ဆေးလိပ်သောက်ခြင်းနဲ့ မဖိတ်ခေါ်ကြပါနဲ့လား။
နောက်ထပ်ဆက်စပ်နေတဲ့ရောဂါကတော့
အရက်စွဲခြင်းပါတဲ့၊ အမျိုးသမီးချင်း ချစ်သူတွေက တခြားအမျိုးသမီးတွေထက် ပိုပြီးအရက်စွဲကြပါတယ်တဲ့၊
သုတေသနစစ်တမ်းတွေက ပြောထားပြန်ပါတယ်၊ တနေ့ကို နည်းနည်းစီသောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်လို့
ဆိုကြပေမဲ့ နည်းနည်းထက် ပိုသောက်ဖြစ်ရင်တော့ အသည်းရောဂါတွေလို ကျန်းမာရေးပြဿနာတွေ။
အခြား မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုကြဦးနော်။
အဲ
နောက်ထပ်ပြ၏နာကတော့ မပြောမဖြစ်လို့ ပြောရအုန်းမဲ့ပြဿနာပါဘဲ၊ အိမ်တွင်းအကြမ်းဖက်မှုတဲ့၊
အဖွဲ့တဖွဲ့ရဲ့ ပြောကြားချက်အရဆိုရင် အမျိုးသမီးချင်း ချစ်သူတွေရဲ့ အတွဲတွေ၊ အိမ်ထောင်တွေရဲ့
၁၁ ရာခိုင်နှုန်းဟာ အိမ်တွင်းအကြမ်းဖက်မှုတွေ ရင်ဆိုင်နေရပြီး ရဲဌာနကိုတိုင်တန်းတဲ့ အိမ်တွင်း
အကြမ်းဖက်မှု ကိစ္စတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အမျိုးသမီးချင်း ချစ်သူတွေဖြစ်တဲ့ အိမ်တွင်း
အကြမ်းဖက်မှုတွေပါတဲ့၊ ရိုက်နှက်ခံထိတဲ့သူတွေက ဘယ်နေရာသွားကြမလဲ၊ ဘယ်သူက ရိုက်တာလဲမေးရင်
ကျမရဲ့မိန်းမအဖော်က ရိုက်တာပါလို့ ပြောရင်ရော ဘယ်သူက လက်ခံမှာလဲ၊ သတိထားရမဲ့ အဖြစ်တွေနော်။
နောက်ဆုံးအနေနဲ့
ပြောရမည်ဆိုရင်တော့ နှလုံးရောဂါပေါ့၊ ခုနကပြောခဲ့သလို ဆေးလိပ် သောက်တာတွေ။ ခန္ဓာကိုယ်
ဝလွန်းတာတွေရဲ့ အကျိုးဆက်ကြောင့် နှလုံးရောဂါအန္တာရာယ်
ဝင်လာတတ်တာပါဘဲ၊ ဒါတွေကြောင့် အချိန်မှန်မှန် ဆေးစစ်တာ၊ သွေးတိုးစစ်တာ၊ ကော်လယ်စထရောစစ်တာ၊
ဆီးချိုစစ်တာတွေကို သေသေချာချာလုပ်ပြီး ကျန်းမာရေး လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ဖို့လိုတာနော်၊
နှလုံးရောဂါဖြစ်တဲ့ သူတွေထဲမှာ အမျိုးသမီးက ၄၅ ရာခိုင်နူန်းလောက် ရှိတယ်ဆိုတော့ သတိထားမှ
တော်ယုံကျမှာကို သတိပေးလိုက်ပါရစေ၊ လူသားအားလုံး ကျန်းမာကြပါစေ၊
coloursrainbow -
အမျိုးသမီးချင်းချစ်သူတွေ
သတိထားသင့်သော ရောဂါများ




