9
Sep

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဟုဆို

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း Marie Stopes International မှ Country Director ဒေါက်တာစစ်နိုင်က အကြံပြု ပြောကြားလိုက်သည်။

အမျိုးသမီး ငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှု များပြားလာရခြင်းမှာ မိဘနှင့် အုပ်ထိန်းသူများက အမျိုးသမီးငယ်များအား အသိပေးသင့်သည့် အကြောင်း အရာများကို အသိမပေးခြင်းနှင့် တစ်ချက်လွှတ် အမိန့်ပေးခြင်းများကြောင့် ပိုမို ဖြစ်ပွား လာရခြင်းဖြစ်ကြောင်း သိရသည်။

''အမျိုးသမီးတွေဟာ အကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင်တာကို ရကြတယ်။ အဲဒီအခါမှာ မကိုင်တွယ် မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက် ကျတာ အဖြစ်များလာတာက အထူးသဖြင့် သိသင့်တာတွေကို ပေးမသိဘဲ မျက်စိပိတ်ထား လိုက်တာကြောင့်ပဲ။ အဲဒီဒဏ်ကို ခံနေရတာပဲ။ ဘယ်သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့ လိုအပ်သလဲ ဆိုတာကို သိဖို့အတွက် သုတေသန ပြုလုပ်ဖို့ လိုနေပါပြီ'' ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ထို့ပြင် လူငယ် အမျိုးသမီးများ ယင်းကဲ့သို့ ဖြစ်ပွားရခြင်းတွင် စိတ်ဓာတ်ကျနေသောကြောင့် ဖြစ်ချင်ရာဖြစ်ဟု ထင်ရာစိုင်းမိခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအရာရာ အောင်မြင်နေသည့်အတွက် မိမိတွင် အဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆ နေမိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှု ရှိကြောင်းလည်း သိရသည်။

''လူကြီး မိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကို နေရာပေးပြီး ဆက်ဆံဖို့လိုတယ်။ လူငယ်တွေကနေ ဘာတွေတင်ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေ မလုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုး မလုပ်ရဘူး။ တစေ့တစောင်းပဲ ကြည့်ရမယ်။ သူတို့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သူတို့ အမြော်အမြင်ရှိလာတဲ့ အချိန်အထိ သူတို့ကိုယ်သူတို့ ကျေကျေနပ်နပ် ကာကွယ်အောင် လုပ်ရမယ်'' ဟု ယင်းက ဆက်လက် အကြံပြုပြောကြားသည်။

နွေဦးလင်း၊ သြဂုတ် (၃၁) ရန်ကုန်တိုင်းနေ့စဉ် သတင်းစာ
Yangon Media Group

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top