21
Jan

အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေနိုင်သည့် HPV ကြွက်နို့ရောဂါပိုးက အမျိုးသားများအား ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်

HPV ခေါ်သည့် ကြွက်နို့ရောဂါပိုးသည် အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာဖြစ်နိုင်သကဲ့သို့ အမျိုးသားများ တွင်လည်း ခံတွင်းကင်ဆာနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ အထူးကု ဆရာဝန်ဒေါက်တာမျိုးသန့်က ပြောကြားသည်။

အမျိုးသားများတွင် အ ဆိုပါကင်ဆာများဖြစ်ရခြင်းမှာ လိင်ဆက်ဆံသည့်အခါ သဘာ ၀အတိုင်းမဟုတ်သည့် နည်း လမ်းများဖြင့် ဆက်ဆံ ကြခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

“HPVပိုးက လိင်တံတို့၊ သားအိမ်ခေါင်းတို့စသဖြင့် နေ ရာတွေမှာ ကိန်းအောင်းနေတာ တို့ဖြစ်နေရင် မကြာခင်ကင်ဆာ အဖြစ်သို့ကူးပြောင်း သွားနိုင်တာပဲ။ ကာမဆက်ဆံတဲ့အခါ ပုံမှန်နည်းအတိုင်းမဟုတ်ဘဲ နည်းမျိုးစုံနဲ့ သုံးတော့ ခံတွင်း ကင်ဆာတို့၊ လည်ချောင်းကင် ဆာတို့ဖြစ်နိုင်ပါတယ်” ဟု ယင်း ကဆက်လက်ပြောကြားသည်။

အဆိုပါ HPV ခေါ် ကြွက် နို့ပိုးရောဂါသည် ကင်ဆာဖြစ် နိုင်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖြစ်ရာ ယင်းရောဂါဖြစ်ပေါ်လာ ပါက ခံစားမှုဝေဒနာကို ပြသလေ့ မရှိဘဲ များသောအားဖြင့် အသက်ငါးဆယ် ၀န်းကျင် အမျိုးသား များတွင် ပိုမိုအဖြစ်များ ကြောင်းသိရသည်။

“ခံတွင်းကင်ဆာဖြစ်တဲ့ လူနာတွေကတော့ ကွမ်းစားတဲ့ သူတွေပါ။ အဲဒီအထဲ မှာမှ HPV ခေါ် ကြွက်နို့ပိုးကြောင့် ခံတွင်း ကင်ဆာဖြစ်တဲ့သူ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိတွေ့ရတယ်” ဟု ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ၏ ၄၂ ကြိမ်မြောက် ဆေးသုတေသန ညီလာခံတွင် စာတမ်းရှင်တစ် ဦးကလည်းဆိုသည်။

ယင်း HPV ခေါ် ကြွက် နို့ပိုးရောဂါနှင့်ပတ်သက်၍ သား အိမ်ခေါင်းရောဂါကာ ကွယ်ဆေး ရှိသော်လည်း အမျိုးသားများ မှာမူ အဆိုပါကင်ဆာရော ဂါ ဖြစ်နိုင် မှုအခြေအနေပိုမိုနည်း ပါးခြင်းကြောင့် ယင်းတို့အတွက် ကာကွယ်ဆေးထိုးနှံရန် အထူး တလည်သတ်မှတ်ထားခြင်းမ ရှိကြောင်း သိရသည်။

“HPV သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေးကို နိုင်ငံခြားမှာဆို မထိုးမနေရ စီမံကိန်းတစ်ခုအနေနဲ့ထားပြီး အပျိုဘ၀က စပြီး ထိုးရတယ်။ မြန်မာနိုင်ငံ မှာတော့ အထူးကု ဆေးခန်းတွေမှာရှိသလို သား ဖွားမီးယပ် ဆေးခန်းတွေမှာလဲ ရှိတယ်။ များသောအားဖြင့် အ မျိုးသမီးတွေ က ကူးစက်မှုပိုများ သလို ကင်ဆာဖြစ်နိုင်မှုမှာလဲ ပိုမိုဆိုးရွားစေတယ်။ ဒါကြောင့် သားအိမ်ခေါင်းကာကွယ်ဆေး ကိုထိုးသင့်တယ်” ဟု ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။

ဇင်မျိုးထက် (ရန်ကုန် ၊ ဇန်န၀ါရီ ၂၀)

Yangon Media Group - အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေနိုင်သည့် HPV ကြွက်နို့ရောဂါပိုးက အမျိုးသားများအား ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top