17
Aug

အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ

ယခုလအတွင်း ဖြစ်ပျက်ခဲ့သည့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုတွင် အမျိုးသမီးတဦးအား ကာယအိနြေ္ဒ ပျက်ပြားသည်အထိ စော်ကားမှုသည် ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သည်။ ၄င်းအမျိုးသမီးငယ် တစ်ဦးသည် ည (၉) ကျော်တွင် ဘားတခုမှ ထွက်အလာတွင် လူ (၁၈) ဦးမှ သူမအား ဆံပင်ကို ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွားပြီး အင်္ကျီကို ဆုတ်ဖြဲပြီး၊ ကင်မရာရှေ့တွင် ပြုံးစေ၍ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ၄၅ မိနစ်အကြာမှ ရဲမှ ရောက်ရှိလာခဲ့သည်။

လွန်ခဲ့သည့်လက တကမ္ဘာလုံးရှိ ဂျန်ဒါရေးရာကျွမ်းကျင်သူ ၃၇၀ ကို စစ်တမ်း ကောက်ယူခဲ့ရာ အိန္ဒိယ နိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီး များအတွက် အဆိုးဆုံး နေရာတစ်ခု ဖြစ်ကြောင်း မဲပေးခဲ့ကြ သည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် အမျိုးသမီးများ အပေါ်ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှုသည် ရာဇ၀တ်မှု မြောက်သော ပြစ်မှုဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် (၂၂) မိနစ်တိုင်းတွင် အမျိုးသမီး တဦး မုဒိန်းပြုကျင့်  ခံနေရပြီး ၅၈ မိနစ်တိုင်းတွင် ခန်းဝင်ပစ္စည်း တစ်ခုခုမီးရှို့ ဖျက်ဆီးခြင်း ခံနေရသည်။ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု၊ ကာယအိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှု၊ အိမ်ထောင်ရှင် အမျိုးသား (သို့) ဆွေမျိုး သားချင်းများမှ ရက်စက်စွာ ဆက်ဆံပြုမူခြင်း၊ ပြန်ပေးဆွဲမှုနှင့် လူကုန်ကူမှုပေါင်း (၂၆၁၀၀၀) ကျော် နှစ်စဉ် ဖြစ်ပွားလျက် ရှိသည်။

ဤကဲ့သို့ အကြမ်းဖက်မှု ကျူးလွန်လာရခြင်းမှာ အမျိုးသားများ အနေဖြင့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါ က အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လာခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း ကျောင်း များတွင် အမှတ်ကောင်းဖြင့် အောင်မြင်သူအများစုမှမှာ အမျိုးသမီး များဖြစ်ပြီး တယ်လီဖုန်း ခေါ်ဆိုရာဌာန၊ အရောင်းမြှင့်တင်ရေးဆိုင်ရာ လုပ်သားများ၊ ကုမ္ပဏီဝန်ထမ်း၊ စက်ရုံများတွင် အမျိုးသမီးများမှာ ရာထူးကြီး နေရာများကို ရရှိလာကြသည်။

ဇာတ်ခွဲခြားမှု စနစ်ရှိသည့် အိန္ဒိယနိုင်ငံတွင် အမျိုးသားများ အနေဖြင့် အမျိုးသမီး အပေါ်ဖိနှိပ်ခြင်းသည် တရားမျှတမှုရှိသည်ဟု မှတ်ယူနေ ဆဲဖြစ်သည်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ် ၅၃ ရာခိုင်နှုန်းမှ အမျိုးသမီးများ အပေါ် ရိုက်နှက်ခြင်းသည် တရားမျှတသည်ဟု ခံယူနေဆဲဖြစ်ကြောင်း UNICEF ၏ အစီရင်ခံစာတွင် ဖေါ်ပြထားထားသည်။

Ref; Why India is the worst place to be a woman

 မောက္ခ - အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top