26
Aug

အမျိုးသမီးများအား HIV ဗိုင်းရပ်စ်မှ ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်မည့် လစဉ်သုံး ပစ္စည်းအသစ် (tampon)

University of Washington မှ လေ့လာသူများက အမျိုးသမီးများတွင် HIV ကာကွယ်နိုင်မည့် နည်းသစ်တစ်ခုအား တီထွင်ခဲ့ပြီး၊ ၎င်းင်းနည်းက HIV ဗိုင်းရပ်စ်အား ကာကွယ်ပေးမည့်ဆေးအား ရိုးရှင်းစွာ ပိုမိုလျင်မြန်စွာနှင့် ထိရောက်စွာ လိုအပ်သည့်နေရာသို့ ပို့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ တီထွင်သူ များက ဗိုင်းရပ်စ်ကာကွယ်ပေးမည့် ဆေးများအား စိုထိုင်းဆများလျှင် အရည်ပျော်သွားစေမည့် ဖိုင်ဘာအမျှင်များအဖြစ် တီထွင်နိုင်ခဲ့ကြသည်။

ယင်းအမျှင်များအား အမျိုးသမီးများ ရာသီလာစဉ်သုံးသည့် လစဉ်သုံးပစ္စည်း Pad များ အစားသုံးသည့် (tampon)့ လစဉ်သုံးပစ္စည်း အတောင့်များနေရာတွင် ထည့်သွင်း ပြုလုပ်ထားပြီး၊ လိင်မဆက်ဆံမီ ယင်းဖိုင်ဘာမျှင်များဖြင့် ပြုလုပ်ထားသော tampon အား မိန်းမကိုယ်ထဲသို့ ထည့်သွင်းခြင်းအားဖြင့် HIV အား တားဆီးပေးမည့်ဆေးများ အပြည့်အ၀ရရှိပြီး HIV ပြန့်ပွားခြင်းမှကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ယင်းဖိုင်ဘာ အမျှင်များ၌ ဆေးပမာဏပိုမိုပါဝင်ရန် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယင်းကဲ့သို့ပြုလုပ်ခြင်းအားဖြင့် ဆေးပမာဏများများအား ဖိုင်ဘာအမျှင်နည်းနည်းအသုံးပြုရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ယခုတီထွင်မှုက အမျိုးသမီးများအား HIV မှ ပိုမိုထိရောက်စွာနှင့် ရိုးရှင်းလွယ်ကူစွာ ကာကွယ်မှုပေးနိုင် လိမ့်မည်ဟု လေ့လာသူများကလ အကြံ ပြုခဲ့သည်။

အပိန်လေး (No. 131)
Ref; Medindia

Health Updates Journal - အမျိုးသမီးများအား HIV ဗိုင်းရပ်စ်မှ ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်မည့် လစဉ်သုံး ပစ္စည်းအသစ် (tampon)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top