ကျွန်တော်သည် မန္တလေးတိုင်းဒေသ ကြီး၊ မြောက်ပြင်၊ ရပ်ကွက် တစ်ခုတွင် ၁၉၉၅ ခုနှစ်၌ ဆေးခန်းဖွင့်ကုသခဲ့ပါ သည်။ တစ်နေ့တွင် ဆေးခန်းကို ညနေ (၅) နာရီမှ (၈) နာရီအထိဖွင့်ပြီး ပိတ်ရန် ပြင်ဆင်နေစဉ်၊ အသက် (၅၀) နှစ်အရွယ်၊ လက်ဝတ်ရတနာအပြည့်အစုံ (အတုလား မသိ) အမျိုးသမီးကြီးတစ်ဦးနှင့်အတူ (၂၁)နှစ်မှ (၂၄)နှစ်ကြား အမျိုးသမီးငယ် (၄)ဦး ရောက်ရှိလာပါသည်။
ရောဂါရာဇဝင်များကို မေးရာတွင် အမျိုးသမီးငယ် (၄) ဦးတွင် မိန်းမကိုယ်မှ အဖြူများဆင်းပြီး သာမန်ထက် တဖြည်းဖြည်းပိုများလာခြင်း၊ အနံ့ဆိုးများ ထွက်နေခြင်း၊ အဝါရောင် (သို့မဟုတ်) အစိမ်းရောင်အရည်များဖြစ်ခြင်းနှင့် မိန်းမကိုယ်မှ ပြည်ယိုခြင်းကို ခံစားနေရပါ သည်။ လစဉ်ဓမ္မတာ (ရာသီ)လာခြင်းနှင့် မသက်ဆိုင်ဘဲ ဝမ်းဗိုက်အောက်ပိုင်းနှင့် ဆီးစပ်တစ်ဝိုက်နာလိုက်၊ ပျောက်လိုက် ခံစားနေရခြင်း၊ လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်း၊ လိင်အင်္ဂါတစ်ဝိုက် အနာပေါက်ခြင်းနှင့် ခန္ဓာကိုယ်ခြေဖဝါး၊ လက်ဖဝါးတို့တွင် အနီကွက် များနှင့် အဖုအဖိန့်များ ထွက်လာခြင်းတို့ကိုလည်း ဖြစ်ပေါ်ကြောင်း ဖြေပါသည်။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့် လိင်ဆက်ဆံဖက် အများကြီးနှင့် ဆက်ဆံခဲ့ကြောင်းလည်း ပြောပါသည်။ ကျွန်တော်လည်း အမျိုးသမီးငယ် (၄) ဦးအား ရော၈ါရာဇဝင်နှင့် စမ်းသပ် မှုများပြုလုပ်သောအခါ ဂနိုးရီးယားနှင့် ဆစ်ဖလစ်ရောဂါများ ခံစားနေရကြောင်း တွေ့ရှိရ၍ လိုအပ်သောဆေးဝါးများပေးပြီး ကာလသား ရောဂါ တိုက်ဖျက် ရေးဌာနသို့ ပြရန် စားရေးပေးလိုက်ပါသည်။ ထိုဆေးခန်း၌ပင် နောက်တစ်ရက်၌ မိခင်တစ်ဦးသည် ကလေးငယ်ကလေးအား ပွေ့ချီ၍ ဆိုက်ကားနှင့် ရောက်ရှိလာပါသည်။
ကလေးသည် မွေးဖွားပြီးတစ်ပတ် ပဲရှိပါသေးသည်။ ကလေး၏အရေပြားတွင် မီးလောင်ဖုများကဲ့သို့ အနာငယ်များကို တွေ့ရှိရပါသည်။ အကောင်းပကတိအတိုင်း မွေးဖွားလာ သော်လည်း နှာခေါင်းပိတ်နေ တတ်ပြီး ကလေးငိုပါက နှာသံထွက်နေပါသည်။ နို့စို့မှုနည်းသော်လည်း ကိုယ်အလေးချိန်သည် တစ်နေ့တခြားတိုးလာ ပါသည်။ ထို့နောက် အနီရောင် အဖုအပိန့်များ အရေပြားတွင် ထွက်လာပါသည်။ ပါးစပ်နှင့် နှာခေါင်းများ အက်ကွဲလာ ကြောင်း မိခင်က ပြောပါသည်။ ဖခင် အမျိုးသားသည် ဆိုက်ကားသမားဖြစ်ပြီး၊ အရက်လည်း သောက်၊ အပျော်အပါးလည်း လိုက်စားပါသည်။
အမျိုးသားမှ အမျိုးသမီးကို ကူးစက်ပြီး မိခင်မှ အပြစ်မဲ့သော ကလေးတွင် မွေးရာပါ ဆစ်ဖလစ်ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရ၍ မန္တလေး ပြည်သူ့ဆေးရုံ၊ ကလေးကုသ ဆောင်သို့ လွှတ်လိုက်ပါသည်။ လိင်မှုဆိုင်ရာကူးစက်ရောဂါများ (သို့မဟုတ်) ကာလသားရောဂါသည် အမျိုးသားများသာမက၊ အမျိုးသမီးများတွင် လည်း ဖြစ်နိုင်ပါသည်။ အပျော်အပါး လိုက်စားသော အမျိုးသားထံမှ အမျိုးသမီး (မိမိဇနီး)ထံသို့ ရော၈ါကူးစက်နိုင်ပါသည်။ ကာလသားရောဂါသည် နုစဉ်အခြေအနေ၌ ကုသရန်လွယ်ကူသော်လာည်း နောက်ကျ ပါက နောက်ဆက်တွဲဆိုးကျိုးများ ခံစား ရနိုင်ပါသည်။ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ကြသော အမျိုးသမီးများမှလည်း အမျိုးသားများကို ကူးစက်နိုင်ပါသည်။ အမျိုးသမီး အချင်းချင်းဆက်ဆံရာမှလည်း ရရှိနိုင်ပါသည်။ အမျိုးသမီးများ၏ရောဂါ ဖြစ်ပွားနှုန်းသည် အမျိုးသားများလောက် မဖြစ်ပွားသော်လည်း တစ်နေ့ထက် တစ်နေ့ပို၍ တွေ့လာပါသည်။ ကာလသား ရော၈ါသည် အသက် (၂၁)နှစ်မှ (၂၄) နှစ်အတွင်းရှိ အမျိုးသမီးငယ်များတွင် အများဆုံးကူးစက်ပြန့်ပွားလျက်ရှိပါသည်။
(၁) လိင်မှုဆိုင်ရာကူးစက်ရောဂါ ဆိုသည်မှာ
ကာမဂုဏ်လိင်ဆက်ဆံရာတွင် အကာအကွယ် (ကွန်ဒုံး)မပါဘဲ ပြုလုပ်ရမှ ကူးစက်ပျံ့နှံ့လာသောရောဂါများဖြစ်ပါ သည်။ ရောဂါရှိသော မိခင်မှ သားသမီးများကို ဆက်ပြီး ဒုက္ခပေးတတ်ပါသည်။ ထိရောက်စွာ အချိန်မီကုသခြင်းမရှိပါက မျက်စိ၊ နား၊ နှလုံးရောဂါ၊ စိတ္တဇဝေဒနာ၊ ဦးနှောက်ရောဂါနှင့် အခြားရောဂါများကို ရရှိနိုင်ပါသည်။
(၂) လိင်မှုဆိုင်ရာကူးစက်ရောဂါ ရရှိနိုင်သော အမျိုးသမီး
ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတတ် ခြင်း၊ မိမိ၏အဖော် (အမျိုးသား)ကလည်း ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခဲ့ဖူးခြင်းနှင့် မိမိကိုယ်တိုင်ကလည်း လိင်ဆက်ဆံဖက် အများကြီးနှင့် ဆက်ဆံခဲ့ဖူးခြင်းရှိသော အမျိုးသမီးများတွင် လိင်မှုဆိုင်ရာကူးစက် ရောဂါရရှိနိုင်ပါသည်။
(၃) ဒုက္ခအပေးဆုံးလိင်မှုဆိုင်ရာ ကူးစက်ရောဂါများ
၎င်းတို့မှာ ဂနိုးရီးယား၊ ဂနိုးရီးယား မဟုတ်သော ဆီးပူညောင်းကျရောဂါ၊ ဆက်ဖလစ်၊ မိန်းမကိုယ်မှ ရေယုန်ရော၈ါ၊ အသည်းရောင်အသားဝါဘီနှင့် အေအိုင်ဒီအက်စ်ရောဂါ တို့ဖြစ်ပါသည်။
(က) ဂနိုးရီးယား
အမျိုးသမီးများကို ဒုက္ခပေးလေ့ရှိသော ဂနိုးရီးယားရောဂါသည် ဆစ်ဖလစ် ရောဂါထက်ပင်ပို၍ပေါများသည်။ ၄င်း ကိုယ်ဖြူညောင်းကျရောဂါဟူ၍လည်း ခေါ်ပါသည်။ ဤရောဂါသည် အမျိုးသမီးများထံသို့ ကူးစက်ပါက သားဥကျဆင်းသော လမ်းပိတ်ဆို့သွားပြီး သားသမီးမရနိုင်ပါ။ ရောဂါပိုးရှိသူ အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရခြင်း ဖြစ်ပါသည်။ မိခင်တွင် ရောဂါရှိပါက ကလေးတွင် မျက်လုံးကွယ်သည်အထိ ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာများ သည် ရောဂါရှိသူနှင့် လိင်ဆက်ဆံပြီး (၃) ရက်မှ (၁၀) ရက်အတွင်း စတင်ဖြစ်ပေါ် လာပါသည်။ အဖြူရည် (သို့မဟုတ်) အညောင်းများကျဆင်းလာခြင်း၊ ဆီးလမ်းဝ ရောင်ခြင်း၊ ဆီးမကြာခဏသွားချင်စိတ် ဖြစ်ပေါ်ခြင်း၊ ဆီးပူခြင်း၊ ခါးနာခြင်း၊ စအို၌ မအီမသာဖြစ်ခြင်း၊ အနာဖြစ်ပြီး ရောင်ခြင်း၊ ဆီးလမ်းဝမှ ပြည်များဆင်းတတ်ခြင်း၊ ပေါင်ခြံအကျိတ်များကြီးခြင်းနှင့် သားအိမ်ဝရောင်ပြီး နာနေခြင်း တို့ဖြစ်တတ် ပါသည်။ ဂနိုးရီးယားပိုးသည် မွေးကင်းစ ကလေး၏ မျက်လုံးအတွင်းသို့ဝင်ခြင်းကြောင့် မျက်လုံးမဖွင့်ဘဲ မျက်စိများရောင်ပြီး နီရဲနေတတ်ပါသည်။ ထိရောက်စွာ အချိန်မီ မကုသဘဲ ထားပါက မျက်စိ တိမ်ဖြစ်ခြင်း (သို့မဟုတ်) မျက်လုံးပေါက် ကွဲခြင်းဖြစ်တတ်ပါသည်။ သွေးနှင့်အတူ ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက ဦးနှောက်ပြည်တည်ခြင်း၊ နှလုံးအမြှေးပါး များရောင်ခြင်း၊ အဆစ်အမြစ် (ဒူးဆစ်၊ တံတောင်ဆစ်၊ လက်မောင်းဆစ်)များ နာကျင်ကိုက်ခဲခြင်းနှင့် အခြားရောဂါများ ရရှိနိုင်ပါသည်။
(ခ) ဂနိုးရီးယား မဟုတ်သော ဆီးပူညောင်းကျရောဂါ
ဤရောဂါသည် အမျိုးသမီးများတွင် အမျိုးသားများကဲ့သို့ မပြင်းထန်ဘဲ လက္ခဏာအနည်းငယ်သာပြပါသည်။ ဂနိုးရီးယားရောဂါကဲ့သို့ ဆီးပးခြင်း၊ မိန်းမကိုယ်တွင် အနာဖြစ်ပြီး ပြည်တည်ခြင်းနှင့် သားဥကျဆင်းသည့် လမ်းတွင် ပြည်တည်ပြီး သားသမီးမရနိုင်ခြင်းတို့ဖြစ်ပါသည်။ အကာအကွယ်မဲ့ ဖိုမဆက်ဆံရာမှ ကူးစက်ခြင်းဖြစ်ပါသည်။
(ဂ) ဆစ်ဖလစ်ရောဂါ
အိမ်ထောင်ရှိ အမျိုးသမီးများနှင့် အိမ်ထောင်ပျက်မုဆိုးမများကဲ့သို့ အမျိုးသမီးများတွင်လည်း တွေ့နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဟီရိဩတ္တပ အရှက်၊ အကြောက်ကင်းမဲ့ခြင်း၊ နိုင်ငံခြား ယဉ်ကျေးမှုများကို အားကျပြီး၊ လိင်ဆက်ဆံမှုကို ခံစားလိုချင်ခြင်း၊ မြို့ကြီး မြို့ငယ်များတွင် တည်းခိုခန်းများဖွင့်လှစ် ၍ ချစ်သူစုံတွဲများ အချိန်ပိုင်းငှားရမ်းပျော် ပါးကြခြင်း၊ ခေတ်မီသန္ဓေတားဆေးများ အသုံးပြုခြင်း၊ အကာအကွယ်ပစ္စည်း (ကွန်ဒုံးများ) အလွယ်တကူဝယ်ယူရရှိ သော်လည်း မသုံးခြင်း၊ လိင်ကိုနှိုးဆွသော ပီကယ်များ၊ ချိုချဉ်သကြား လုံးများ၊ ချိုရည်များ၊ ကော်ဖီများနှင့် အခြားပစ္စည်းကို အသုံးပြုခြင်းတို့ကြောင့် ဖြစ်ပါသည်။ ရောဂါကူးစက်ပုံ ကူးစက်နည်းမှာ ရောဂါရှိသော အမျိုးသားနှင့် ကာမရာဂ ဆက်ဆံခြင်း ကြောင့်ဖြစ်ပါသည်။ ဆစ်ဖလစ် ရောဂါရှိသောသူ၏အနာမှ ထွက် သော အနာရည်တွင် ဆစ်ဖလစ်ရောဂါပိုး အမြောက်အမြားပါရှိသောကြောင့်ဖြစ်ပါ သည်။ အမျိုးသမီး များသည် မိမိတွင် ဆစ်ဖလစ်ရောဂါကူးစက်ခံနေရသည်ကို လုံးဝမသိဘဲလည်းဖြစ်နိုင်ပါသည်။ ဆစ်ဖလစ်ကို ပထမအင့်၊ ဒုတိယအဆင့်၊ ငုပ်လျှိုးနေသော ဆစ်ဖလစ်၊ တတိယ အဆင့်၊ နောက်ဆုံးအဆင့် ဆစ်ဖလစ်နှင့် မွေးရာပါ ဆစ်ဖလစ်ဟူ၍ ခွဲခြားထားပါသည်။ ပထမအဆင့်တွင် မိန်းမကိုယ်တွင် လည်းကောင်း၊ စအိုနှင့် မိန်းမကိုယ်ကြား တွင်လည်းကောင်း အနာများစပေါ်တတ်ပါ သည်။ အနာပေါ်ပြီး (၃)ပတ်အကြာတွင် ပေါင်ခြံနှင့် ချိုင်းအောက်တွင် အကျိတ်များ စမ်း၍ရပါသည်။
ထိုအချိန်တွင် အစားအသောက်ပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက် ခေါင်းအုံခြင်း၊ အရိုးအဆစ်ထဲတွင် ကိုက်ခဲခြင်းနှင့် သွေးအား နည်းခြင်းတို့ဖြစ်တတ်ပါသည်။ ဒုတိယ အဆင့်တွင် အဖျားတက်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ အရေပြားတွင်အနီကွက်များ ပေါ်ခြင်း၊ တစ်ကိုယ်လုံးအကျိတ်များ ပေါ်လာခြင်း၊ ပါးစပ်၊ လည်ချောင်း၊ နှုတ်ခမ်းနှင့် လျှာတွင် အနာများဖြစ်ပေါ်တတ်ခြင်း၊ လိင်အင်္ဂါတစ်ဝိုက်တွင် ကွန်ဒိုင်လိုးမား ခေါ်ကြွက်နို့ ကဲ့သို့ အလုံးအဖုများ ထွက်ခြင်းနှင့် ဆံပင်များကွက်ပြီး မညီမညာဖြစ်ကာ ကျွတ်တတ်ခြင်းတို့ကို တွေ့ရတတ်ပါသည်။ ငုပ်လျှိုးနေသော ဆစ်ဖလစ်ရောဂါသည် ဆိုးဝါးသောအဆင့်သို့ ကူးပြောင်း နိုင်ပါသည်။ တတိယအဆင့်တွင် နှလုံး၊ အသည်းနှင့် ဦးနှောက်ကိုထိခိုက်နိုင်ပါ သည်။
ခြေထောက်၊ ပေါင်ရင်း၊ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်းတစ်ဝိုက်တွင် အနာများ ဖြစ်တတ်ပါသည်။ အသားနုနှင့် အရိုးများကို ဖျက်ဆီးနိုင်ပါသည်။ လျှာများဖြူပြီး၊ အဖြူရောင်အဖက်များ ဖြစ်ပေါ်တတ်ပါသည်။ လျှာကင်ဆာလည်း ဖြစ်နိုင်ပါသည်။ ညို့သကျဉ်းအရိုးနှင့် ဦးခေါင်းအရိုးများကို ဒုက္ခပေးတတ်ပါသည်။ ခြေထောက်ရိုးများလည်း ကောက်ကွေ့နေတတ်ပါသည်။
မျက်စိမမြင်ခြင်းကိုလည်း ဖြစ်စေပါသည်။ နောက်ဆုံးအဆင့် ဆစ်ဖလစ်မှာ နှလုံးသွေးကြောများကြီးလာပြီး ပေါက်သွားကာ သေဆုံးနိုင်ပါသည်။ ဦးနှောက်နှင့် အာရုံကြောတို့ကို
ထိခိုက်စေပါသည်။ ခြေထောက်အကြောသေလေပြင်ခြင်း၊ ရူးသွပ်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ် တတ်ပါသည်။ မွေးရာပါဆစ်ဖလစ်ကြောင့် မျက်နှာတစ်ခုလုံး ကြည်လင်မှုမရှိပါ။ နှာခေါင်း အရိုးကျိုးနေတတ်ပါသည်။ မျက်လုံးများ မှုန်နေခြင်း၊ ခြေထောက်မသန်ခြင်း၊ အကြောသေခြင်း၊ ဉာဏ်ရည်နိမ့်ခြင်း၊ ဦးနှောက်မပြည့်ရူးသွပ်ခြင်း၊ သွားများမညီ ခြင်းနှင့် နားမကြားခြင်းတို့ဖြစ်တတ်ပါသည်။
(ဃ) မိန်းမကိုယ်တွင် ရေယုန် ရောဂါဖြစ်ခြင်း
လိင်အပျော်အပါးလိုက်စားခြင်း ကြောင့်ဖြစ်ပြီး၊ မိန်းမကိုယ်၊ ဆီးခုံတစ်ဝိုက်တွင် အရည်အဖုကလေးများပေါက်ပြဲရာမှ လျင်မြန်စွာ ကူးစက်တတ်ပါသည်။ မိန်းမ ကိုယ်တစ်ခုလုံး ပူစပ်နေတတ်ပြီး၊ တစ်လ တစ်ကြိမ်ပေါ်ထွက်တတ်ပါသည်။ နှစ်ရှည် လများဖြစ်ပေါ်တတ်ပြီး၊ ရောဂါကို လျင်မြန်စွာ မကုပါက အင်္ဂါတစ်ဝိုက် ပိုးစားပြီး ပြတ်ကျနိုင်ပါသည်။
(င) အေအိုင်ဒီအက်စ်ရောဂါ
ရောဂါပိုးရှိသူနှင့် လိင်တူ၊ လိင်ကွဲ ဆက်ဆံခြင်းကြောင့်ဖြစ်ပါသည်။ ရောဂါ လက္ခဏာများမှာ ခန္ဓာကိုယ်အလေးချိန် (၁၀) ရာခိုင်နှုန်းထက်ပို၍ လျော့နည်းခြင်း၊ တစ်လထက်ကြာ ဝမ်းလျှာရောဂါ ဖြစ်ခြင်း၊ တစ်လထက်ကြာပြီး အဖျား ရောဂါဖြစ်ခြင်း၊ တစ်လထက်ကြာ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ်အနှံ့၊ အရေပြားယားယံပြီး ရောင်နေခြင်း၊ အပြင်စားရေယုန် မကြာခဏပေါ်ခြင်း၊ သာမန်ရေယုန်ကာလ ကြာမြင့်စွာ ခန္ဓာကိုယ်အနှံ့ပေါက်ခြင်း၊ ပါးစပ်နှင့် လည်ချောင်းတွင် မှဲ့က္ခရာများ ပေါက်ခြင်းနှင့် ခန္ဓာကိုယ်တွင် အကျိတ်များ ပေါက်ခြင်းတို့ ဖြစ်ပါသည်။ သေဆုံးနိုင်ပါသည်။
(စ) အသည်းရောင်အသားဝါ ရောဂါဘီ
ရောဂါပိုရှိသူ (သို့မဟုတ်) သယ်ဆောင်သူများနှင့် လိင်ဆက်ဆံခြင်း၊ ရော၈ါပိုးရှိသော မိခင်မှ ရင်သွေးငယ်အား မွေးဖွားခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါ သည်။ များသောအားဖြင့် လက္ခဏာပြ လေ့မရှိပါ။ ရောဂါပြလာချိန်တွင် ပျို့ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အသားဝါ၊ မျက်စိဝါခြင်း၊ ဆီးရောင်ဝါခြင်း၊ ဝမ်းရောင် ဖျော့ခြင်း၊ နာတာရှည်မောပန်းခြင်း၊ ဖျားခြင်း၊ ချမ်းခြင်း၊ကြွက်သားနှင့် အရိုးအဆစ်များ ကိုက်ခဲခြင်းနှင့် အသည်းရှိသော နံရိုးအောက်နာ၍ ရောင်ခြင်းတို့ဖြစ် တတ်ပါသည်။ ဆိုးကျိုးမှာ ရေဖျဉ်းဆွဲခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်ခြင်းတို့ဖြစ်၍ သေဆုံးနိုင်ပါသည်။
(၄) ကာကွယ်ခြင်း
လိင်မှုဆိုင်ရာကူးစက်ရော၈ါများ မဖြစ်ပွားစေရန် အကာအကွယ်မဲ့လိင် ဆက်ဆံခြင်းကို ရှောင်ပါ။ တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးပါ။ မိမိခင်ပွန်းပေါ် သစ္စာရှိပါ။ လိင်ကိစ္စကို ငွေကြေး အတွက်လည်းကောင်း၊ ဝါသနာပါ၍လည်းကောင်း၊ ခံစားရန်ဆန္ဒရှိ၍ ၄င်းပြုလုပ်ပါက ကွန်ဒုံးကိုသုံးပါ။ ကာလသားရောဂါကို ပျောက်ကင်းအောင်ကုသပါ။ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။
ရိုးရာလေး - အမျိုးသမီးများနှင့် လိင်မှုဆိုင်ရာ ကူးစက်ရောဂါများ




