8
Jun

အမျိုးသမီးအချို့အား တရုတ်နိုင်ငံသားများက ဒုတိယမယားအဖြစ် လက်ထပ်မှုများလာ

တရုတ်နိုင်ငံ နယ်စပ်နှင့်ထိစပ်နေသော ဗန်းမော်မြို့ ရှိ ရွာအချို့တွင် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း လာ ရောက်လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသားများ က ဒေသခံ အမျိုးသမီးများကို    တရားဝင်  ဒုတိယ မယားအဖြစ် လက်ထပ်ပေါင်းသင်းမှုများ   ရှိနေကြောင်း  စုံစမ်း သိရှိရသည်။

တရုတ် - မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး  ပွဲစားက ရောင်းစားခံရ   တဲ့အမျိုးသမီးတွေလည်း ရှိတယ်။ နောက်တစ်မျိုးက  ဒီဘက်ဝန်းကျင်  မှာငှက်ပျောကို  စီးပွားဖြစ်  စိုက်တဲ့  လုပ်ငန်းတွေ  အမြောက်အမြား ရှိတယ်။  အဲဒီ့စိုက်ခင်းတွေမှာ လုပ်တဲ့ အမျိုးသမီးတွေ  ကို ငှက်ပျော်စိုက်ခင်းဦးစီးတဲ့ တရုတ်တွေက  မိဘတွေ  ဆီကငွေပေးပြီး  တရားဝင် လက်ထပ်တာ တွေရှိတယ်။   အမှန်တော့  ဟိုဘက်ကမ်းမှာ   မယားကြီးတွေ  ရှိကြ တဲ့သူတွေပါဟု  ဗန်းမော်မြို့ခံ တစ်ဦးက ပြောသည်။
   
ငှက်ပျောစိုက်ခင်းများလာရောက် ဦးစီးလုပ်ကိုင်သော တရုတ်များမှာ  ယင်းကဲ့သို့  လက်ထပ်ပေါင်း သင်း မှုကို တွင်တွင်ကျယ်ကျယ် လုပ်ကြပြီး၊  ဒေသခံ ရွာသူများမှာ  ယင်းငှက်ပျောစိုက်ခင်း  လုပ်ငန်း အတွင်း မှာ  ငှက်ပျော်ကျင်းတူးခြင်း၊  အပင်စိုက်ခြင်း၊   ငှက်ပျော်ခိုင်ထမ်းခြင်း၊  ငှက်ပျော်ပင် အောက်ခြေရှင်းခြင်း စသည်တို့ကို   လုပ်ကိုင်ကြသော  အောက်ခြေအဆင့်အလုပ်သမားများ ဖြစ်ကြသည်။  အလုပ်သမား  များ၏  တစ်နေ့ လုပ်ခအား  တရုတ်ငွေဖြင့် ရှင်းပေး၍  နေ့စဉ်လုပ်ခ  မြန်မာငွေ ကျပ်တစ်သောင်း ကျော်ရရှိသော   လုပ်ငန်းကောင်းဖြစ်သည်။  သို့သော်  ယင်းငှက်ပျောတောအား  ဦးစီးလုပ်ကိုင်ကြသော   တရုတ်များမှာ  ရွာခံ အလုပ်သမများကို  မိဘများအားငွေပေး၍  ဒုတိယ တရားဝင်မယား  အဖြစ်လက်ထပ် ကြရာ  ရွာခံမိဘများ ကလည်း အသိပညာနည်း၍   လက်ခံကြသည်ဟု သိရသည်။
   
ယင်းငှက်ပျော လုပ်ငန်းမှာ ပြည်ပတင်ပို့သော ငှက်ပျောမျိုးများဖြစ်ပြီး၊ တိုင်းရင်းသား လုပ်ငန်းရှင် များအားချထားလုပ်ကိုင်စေသောလုပ်ငန်းဖြစ်သော်လည်း  တရုတ် အများစု သာ ဦးစီးကြသည်ဟု ဒေသခံ  တစ်ဦးက ရှင်းပြသည်။

ဟင်းလေးအိုး - ဗန်းမော်မြို့အနီးရှိ ဒေသခံအမျိုးသမီးအချို့အား တရုတ်နိုင်ငံသားများက ဒုတိယမယားအဖြစ် လက်ထပ်မှုများလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top