29
Aug

အမျိုးသမီး (ဗိုင်ယာဂရာ)

Viagra ကို မိန်းကလေးကို တိုက်လို့ ရပါသလား။ ပမာဏ ဘယ်မျှ တိုက်ရပါသလဲ။ မကောင်းသော အကျိုးဆက် ဘာများရှိပါသလဲ။

၁၂-၈-၂ဝဝ၈ နေ့ အိန္ဒိယကလာတဲ့ သတင်းတပုဒ်မှာ Desi Viagra is turn-on for women too "ဒေစီ-ဗိုင်ယာဂရာ ဟာ အမျိုးသမီးတွေ အတွက်ပါ အသုံးကျတယ်" လို့ ဆိုပါတယ်။ (ဒေစီ) ဆိုတာ အန္ဒိယမှာ ဣထိယလိင်ကို ညွှန်းတာ ဖြစ်တယ်။

"ယောက်ျားတွေက အင်္ဂါဂြိုလ်ကလာတာဖြစ်ဖြစ် မိန်းမတွေက သောကြာဂြိုဟ်ကလာလာ နှစ်ယောက်သား တွေ့ကြရင် ပေါင်းကူး ဆက်ပေးမဲ့ဟာ ရှိပါတယ်။ အနည်းဆုံးတော့
အိပ်ခန်းထဲမှာပေါ့" လို့ ဖတ်တဲ့သူတွေစိတ်ကို ဆွဲဆောင်တဲ့ အရေးအသားနဲ့ သတင်းကို ဖွင့်ထားပါတယ်။

Sildenafil citrate ပါတာကို အမေရိကားမှာ ပဌမဆုံး မှတ်ပုံတင်တဲ့ Pfizer ဆေးကုမ္ပဏီကသာ Viagra လို့ သုံးစွဲခွင့်ရှိပါတယ်။ ဒီထဲက ဆေးမျိုး ပါတာတွေ တခြားနာမည်တွေ အမျိုးစုံနဲ့ နေရာတကာမှာ ရောင်းနေပါပြီ။ ခုတခါ Desi Viagra ဆိုတာလဲ သတင်းအရေးအသားမှာသာ သုံးနိုင်တယ်။ ဆေးကပ် နာမည်ကတော့ တမျိုးပေါ့။ ဘာဘဲဖြစ်ဖြစ်
ဒီဆေးထဲမှာ Sildenafil citrate ပါတယ်။

Viagra အစစ်ဟာ အပြာရောင်ဆေးပြားဖြစ်လို့ Blue pills လို့ တင်စားကြတယ်။ အခုလို အမျိုးသမီးတွေအတွက်ကို ပန်းရောင်နဲ့ ထုတ်တော့ Pink pills ခေါ်တယ်။ ဘာရောင်ဖြစ်ဖြစ် ဘာနာမည်ပေးပေး ဆေးကတော့ Sildenafil citrate ပါဘဲ။

ပုဂ္ဂလိက ဆေးကုမ္ပဏီကနေ အိန္ဒိယမြို့ကြီး ၈ မြို့မှာ လေ့လာမှု လုပ်ပါသတဲ့။ လေ့လာမှုရလဒ်ကတော့ အမျိုးသားတွေမှာ သာမက အမျိုးသမီးများလဲ (ဟော့တ်) တာပါဘဲတဲ့။

ကုလားမပေါင်း ၁ဝဝ ကျော်ကို လေ့လာတယ်လို့ ဆိုပါတယ်။ သူတို့ဟာ Sexual dysfunction ဆိုတဲ့ လိင်ကိစ္စမှာ ပြဿနာရှိသူတွေ ဖြစ်ကြတယ်။ ပြဿနာဆိုတာ Lack of interest in sex လိင်စိတ်နည်းတာ၊ Frigidity လိင်စိတ်မလာတာ၊ Delayed or no orgasm လိင်စိတ်ပြည့်ဝမှုနှေးတာ၊ ဒါမှမဟုတ် မပြည့်ဝတာမျိုးတွေကို ခေါ်ပါတယ်။ အခုဆေးပေးတော့ Overall sexual satisfaction အားလုံး ကောင်းပါတယ်ရှင့် ဖြစ်ပါသတဲ့။

Ahmedabad (အမက်ဒါဘတ်) မြို့က စိတ်ဆရာဝန် Mrugesh Vaishnav ကနေ ပြောတာ ဖြစ်ပါတယ်။ သူ့ဆေးရုံက အမျိုးသမီးလူနာ ၂ဝ ယောက်ထဲက ၁၄ ယောက်ကို စမ်းသပ် ကြည့်တာ ၈ဝ% သော အမျိုးသမီးလူနာတွေမှာ ကောင်းမွန်-တိုးတက်ကြတာ တွေ့ရတယ်။

ဒီလေ့လာမှုဟာ (မီဒီယာ) စားသုံးတဲ့အဆင့်တော့ ရှိပါတယ်။ တကယ့် ဆေးသုတေသနအဆင့် မဟုတ်သေးပါ။ ဆန်းစစ်မှုတွေ အကျအန လုပ်နေပါတယ်။ ကောင်းမှာတွေရော ဘေးထွက်ဆိုးကျိုးပါ ကံသေကမ္မ ပြောမရသေးပါခင်ဗျား။ ဆေးဘယ်လောက် တိုက်ရသလဲ အကြမ်းဖျဉ်း ပြောရရင် ယောက်ျားတွေနဲ့ သိပ်မကွာနိုင်ပါ။

Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ) ပန်းရောင်ဆေး ရောင်သူတွေ အပြောအရ -

- ဆေးကို female sexual arousal disorder (FSAD) အမျိုးသမီး လိင်စိတ်မလာတာ နဲ့ female sexual dysfunction (FSD) အမျိုးသမီး လိင်ဆက်ဆံမှုမှာ အခက်အခဲရှိတာတွေ အတွက်လို့ ဆေးညွှန်းထားတယ်။
- Dosage and Administration ဆေးသောက်နည်းကတော့ အစာနဲ့ နီးနီး ဝေးဝေးသောက်နိုင်တယ်။ ၄၅ မိနစ်နေရင် အစွမ်းပြမယ်။ ၄-၆ နာရီအထိ ကြာနေနိုင်တယ်။
- Facial flushing မျက်နှာနီမြန်းတာ၊ Sensitiveness to lightness အလင်းရောင်ကို သူများလောက် အထိမခံနိုင်တာ၊ Sickness နေမကောင်း ဖြစ်ချင်သလို နေတာတွေက ဘေးထွက်-ဆိုးကျိုးတွေ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ (၂၉-၈-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - အမျိုးသမီး (ဗိုင်ယာဂရာ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top