ကျနော် အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။ ကလေးမရသေးပါဘူး (့) မှာ နေတုန်းက ဆရာဝန်ပြတာ စုံနေတာဘဲ။ အခု (့) ရောက်နေပြီ။ ပြတဲ့ ဆရာဝန်တွေ အားလုံးက ကျနော့ မိန်းမကိုဘဲ စစ်ပါတယ်။ အားလုံးကလဲ မိန်းမရဲ့ အားနည်းချက်ဘဲလို့ ထင်တယ်။ စစ်ကြည်တော့လည်း အားလုံး ပုံမှန်ဘဲ။ ကျနော် ထင်တာကို ပြောမယ်နော့် ကျနော်က မိန်းမကို ချစ်ပါတယ်။
ဒါပေမယ့် သူ့အပေါ်မှာ ဆန္ဒနည်းနေတယ်။ တပါတ်မှာ တစ်ကြိမ်၊ တခါတလေ ၃ ပါတ်မှ တကြိမ်လောက် ဖြစ်ပါတယ်။ အဲတော့ မျိုးဥကြွေချိန်နဲ့ တိုက်ဆိုင်ဘို့ဟာ မလွယ်ဘူး ဖြစ်နေတာပေါ့။ ကျနော်လဲ လက်လှန်း မှီရာစာတွေ လိုက်ဖတ်ထားလို့ပါ။ ဘာဖြစ်လို့ သူ့အပေါ် ဆန္ဒနည်းတာလဲ ဆိုတော့ ကျနော်က ရွံတက်တယ်။ အဲ့ဒါက ပြဿနာ ဖြစ်နေတယ်။ သူက အဖြူဆင်းများတယ် ကျနော့် စိတ်ထင် ပုံမှန်ထက် များမယ်ထင်တယ်။ ပြီးတော့ အနံ့ကလဲ နံသေးတယ်ဆရာ။ ကြာတော့ ကိုင်တွယ် ပွတ်သပ်ရင်တောင် ကျနော့့်။ပန်းများသေနေပြီလားလို့တောင် စိုးရိမ်မိတယ်။ ကျနော် အိမ်ထောင်ရေးကို သာယာအောင် ကြိုးစားပါတယ်။ သူ့ဆန္ဒကို အတက်နိုင်ဆုံး ဖြည့်ပေးပါတယ်။ ကြာတော့ ကျနော် သုတ်လွှတ် မြန်လာတယ်။ အဲ့ဒါ သူ့တွက်ကော ကျနော့်တွက်ကော ဘယ်လို လုပ်ရမလဲဆရာ။ ပြီးတော့ သူက ဝလဲဝတယ်။
(ကွန်ဂရက်ကျူလေးရှင်း) အရင်ပြောမယ်ဗျာ။ ကိုယ့်သူထားတဲ့ ဇနီးကို ချစ်တဲ့အတွက်။ ဒီစာတွေကို ဖတ်ချင်ဖတ်ဘူးမှာပေါ့။
- Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၈)
- Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)
- Q and A Infertility ကလေးမရနိုင်သေးခြင်း အမေး-အဖြေများ
ရောဂါ တစိတ်တပိုင်း တွေ့ပြီပြောလို့ ရတယ်။ ဟုတ်တယ် အရင်ဆုံး မိန်းမကို စစ်တာအပြင် ဆေးကုရမယ်။ အဖြူဆင်းတာ နဲ့ အနံ့ရှိတာဟာ ပိုး ဝင်နေလို့ပါ။ မှို နဲ့ ဗက်တီးရီးယား တခုခု၊ နှစ်ခုလုံးတွဲတာလဲ ဖြစ်နိုင်တယ်။ ဆေးလဲ လွယ်ပါတယ်။ ဆရာရေးတဲ့ စာတွေ ဖတ်နိုင်ပါတယ်။ ရောက်နေတဲ့ဆီက ဆရာဝန်တွေလဲ ပြထားတော့ ဆေးပေးမယ် ထင်ပါတယ်။
- Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁)
- Too wet ဒီအချိန်မှာ စိုလွန်းတာ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၅)
- Vaginitis မွေးလမ်း-ရောဂါ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၃)
- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ (၅၈)
ယောက်ျားမှာ လိင်စိတ် အဲလိုဖြစ်တာ မိန်းမဘက်က လိုနေလို့သာ ဖြစ်တယ်။ တခြားရောဂါ မရှိနိုင်ပါ။ သူ့ကို ဆေးကုပြီးရင် ကောင်းပါလိမ့်မယ်။ဒုတိအချက်က သူဝတာနဲ့ ကလေး မရတာ ဆက်စပ်နိုင်တယ်။ (Infertility and Obesity အဝလွန်ရင် ကလေး မရဘူးလား× ကိုလဲ ဖတ်ပါ။
ဒီတော့ (၁) အမျိုးသမီးကို အဖြူ-အရည်ဆင်းတာ ကုသပါ။ ၁-၂ ပါတ်သာကြာလိမ့်မယ်။ (၂) သူ့ကို ကိုယ်အလေးချိန် မတိုးစေအောင် ဂရုစိုက်စေပါ။ (၃) ဒါတွေ ပြင်ပြီးမှ ကလေးမရသေးရင် ဆက်ကြိုးစားပါ။ ကျန်းမာ-ချမ်းသာပါစေ။ သား-သမီး ရတနာတွေ ထွန်းကားပါစေ။ စာပြန်နောက်ကျတာ ဆောရီးဗျာ။
ဒေါက်တာတင့်ဆွေ (၁၃-၈-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - အမျိုးသမီး အနံ့မကောင်းခြင်း




