16
Feb

အမျိုးသား အင်္ဂါပေါ်က အနာများ

အမျိုးသားတွေ
အနေနဲ့ လိင်တံ ဒါမှမဟုတ် ကပ်ပယ်အိတ် ပေါ်မှာ အစက်အပြောက်၊ အလုံးအကျိတ်နဲ့
အနီကွက်တွေ ပေါ်လာတဲ့အခါ သူတို့မှာ လိင်မှတစ်ဆင့် ကူးစက်ရရှိတဲ့ရောဂါ (STD)
များရှိနေပြီလား ဆိုပြီး ပူပင်သောက ရောက်ရတတ်ပါတယ်။ တကယ်တော့ အမျိုးသား အင်္ဂါပေါ်က
ပုံမမှန် လက္ခဏာ အများစုဟာ အဖြစ်များပြီး ယေဘုယျ အားဖြင့် အန္တရာယ် မရှိတတ်ကြပါဘူး။
အမျိုးသားတွေ အနေနဲ့ စိုးရိမ်သင့်တဲ့ အခြေအနေနဲ့ စိုးရိမ်မနေ သင့်တဲ့
အခြေအနေတွေကို ခွဲခြား သိထား သင့်ပါတယ် ။

 

၁။
ကပ်ပယ်အိတ် အရေပြားအောက်ခြေနဲ့ လိင်တံအခြေမှာ ရှိတဲ့ သေးငယ်တဲ့ အဖုငယ်များစွာဟာ
ပုံ မှန် အမွေးအိတ်တွေဖြစ်ပါတယ်။ ဒီအဖုငယ်လေးတွေဟာ တစ်ခုနဲ့တစ်ခု ပုံစံချင်း
တူပါတယ်။

 

၂။
လိင်တံထိပ်မှာ လိပ်ခုံးပုံသဏ္ဌာန်ရှိတဲ့ ရောင်နေတဲ့ အဖုပေါ်လာရင် ဒါဟာ
လိင်တံသွေးကြောထဲက အကျိတ်လေးတွေ ဖြစ်နိုင်ပါတယ်။ အမျိုးသား ၁၀-၂၀
ရာခိုင်နှုန်းခန့်မှာ ဖြစ်ပေါ်တတ်ပြီး လိင်တံထိပ် အရေပြားကို လှီးဖြတ်ထားတဲ့
အမျိုးသားတွေမှာထက် မလှီးဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ် များပါတယ်။
ဒီရောင်နေတဲ့အဖုလေးတွေဟာ ရောဂါပိုး ကူးစက်ခံရတာ မဟုတ်တာကြောင့် အထူး တလည်
ဆေးကုသစရာ မလိုပါဘူး။

 

၃။
လိင်တံ ထိပ်ဖူးနဲ့ ဝှေးစေ့မှာ ဖြစ်ပေါ်တတ်တဲ့ အနီရောင်နဲ့ ခရမ်းရောင် အစက်သေးတွေဟာ
အပေါ်ယံထူပြီး အသားမာတက်နေသလို ဖြစ်နေရင် ဆေးပညာအရ Angiokertomas လို့ခေါ်ပါတယ်။
ဒီအစက်အပြောက် တွေဟာ ကူးစက်ပိုးဝင်တာ မဟုတ်တာကြောင့် အများအားဖြင့် ဆေးကုသမှု ခံယူ စရာ
မလိုတတ်ပါဘူး။

 

၎။
ကပ်ပယ်အိတ်ပေါ်မှာ ဖြစ်တတ်တဲ့ ပဲစေ့ငယ် အရွယ် အဖုလေးတွေဟာလည်း အရည်ကြည်အိတ်နဲ့
ဆင်ပြီး ဒီအဖုလေး တွေကလည်း ရောဂါပိုး ကူးစက်ခံရတာကြောင့် ဖြစ်တာ မဟုတ်တဲ့ အတွက်
အထူး တလည် ဆေးကုသမှု ခံယူစရာ မလိုပါဘူး။ ဒါပေမဲ့ တချို့ အမျိုးသား တွေကတော့
ဒီအရည်ကြည် အိတ်တွေကို ခွဲစိတ် ဖယ်ရှားတဲ့ နည်းနဲ့ ကုသ တတ်ကြပါတယ်။

 

၅။
အနားသတ် လိုင်းတွေ ထင်ရှားနေတဲ့ အနီရောင် အကွက်တွေကတော့ ဆိုးရီးရေးစစ် အရေပြား ရောဂါ
(Psoriasis ) ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအနီကွက် တွေဟာ သုက်လွှတ်ခြင်းနဲ့
လိင်ဆက် ဆံမှုကြောင့် ဖြစ်တတ်ပြီး ယေဘုယျအားဖြင့် လိင်တံပေါ်က ငါးအကြေးခွံလို
အကွက်တွေဟာ စတီးရွိုက် လိမ်းဆေးခရင်မ် လိမ်းပေးရင် သက်သာ သွားနိုင်ပါတယ်။

 

၆။
ပန်းရောင်နဲ့ အညိုနှစ်ရောင်စပ် ဒါမှမဟုတ် အသားရောင် အဖုမှာ စိုစွတ်တဲ့ အပေါ်ယံ
မျက်နှာပြင် ရှိနေရင်တော့ ဒါဟာ HPV (human papilloma virus) ပိုးကြောင့်ဖြစ်တဲ့
လိင်အင်္ဂါကြွက်နို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့မှာ
ပန်းဂေါ်ဖီပွင့်လို မျက်နှာပြင် ဒါမှမဟုတ် ချောမွေ့တဲ့ မျက်နှာပြင် ရှိတတ်ပါတယ်။
လိင်အင်္ဂါကြွက်နို့ဟာ ပေါင်၊ ဗိုက်အောက်ပိုင်း၊ လိင်တံ အခြေနေရာနဲ့ တခြား အမျိုးသား
အင်္ဂါနေရာတွေမှာ ဖြစ်ပွားတတ်ပြီး လိင်အင်္ဂါကြွက်နို့ ပေါက်ရတဲ့ အကြောင်းရင်း
အများစု ဟာ လိင်မှတစ်ဆင့် ကူးစက် ခံရတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့
ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

 

၇။
လိင်တံ ဒါမှမဟုတ် ကပ်ပယ်အိတ် ပေါ်မှာ နာကျင်မှု မရှိတဲ့ အနာတစ်ခု ပေါ်လာခဲ့ရင် ဒါဟာ
အစောပိုင်း အဆင့် ဆစ်ဖလစ် ကာလသား ရောဂါကို ညွှန်ပြနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အစောပိုင်း အဆင့် ဆစ်ဖလစ်ရောဂါကြောင့် ဖြစ်တဲ့ အနာဟာ ပေါ်လာပြီး သီတင်းပတ် အနည်းငယ်
အကြာမှာ သူ့အလိုလို ပျောက်ကင်း သွားတတ် ပါတယ်။ ဒါပေမဲ့ ရောဂါကတော့ သွေးကြောထဲမှာ
ကျန်ရှိနေပြီး သင်ရဲ့ အိမ်ထောင်ဖက်ကို Sex မှတစ်ဆင့် ကူးစက် သွားစေနိုင်ပါတယ်။
ဆစ်ဖလစ် ကာလသား ရောဂါဟာ ဆေးကုသမှု လိုအပ်ပြီး ကုသမှု မခံယူပါက ပြင်းထန် ဆိုးရွားတဲ့
နောက်ဆက် တွဲ ပြဿနာတွေ ကို ဖြစ်စေနိုင်တာကြောင့် မသင်္ကာရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့
လိုပါတယ်။

 

၈။
နာကျင်မှုလည်း မရှိ၊ အနာလည်း ကျက်မသွားတဲ့ လိင်အင်္ဂါ ပေါ်က အနာကတော့ လိင်တံကင်ဆာ
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအမျိုးအစားဟာ လိင်တံထိပ်က အရေပြားကို ဖြတ်တောက်
မထားတဲ့ အမျိုးသား တွေမှာ ပိုဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့။ စောစောစီးစီး ကုသမှု
ခံယူလိုက်ရင် လိင်တံကင် ဆာ အများစုဟာ ပျောက်ကင်းနိုင်ပါတယ်။

 

၉။
နာကျင်ပြီး အရည်ကြည်အိတ် သေးသေးလေးတွေ စုပြုံနေတဲ့ အနာတွေကတော့ လိင်အင်္ဂါ ရေယုန်
ဖြစ်နိုင်ပါတယ်။ ဒါဟာ အပြင်းအထန် နာကျင်ခြင်းနဲ့ အဖျား ရှိခြင်းတွေနဲ့
တွဲဖြစ်တတ်ပါတယ်။ ဒါဟာ ကူးစက်ပိုး ၀င်ရောက်ခြင်းဖြစ်ပြီး လိင်ဆက်ဆံရာမှ ကူးစက်
ခံရလေ့ ရှိပါတယ်။ အမျိုးသား အင်္ဂါမှာ ဖြစ်ပေါ်တဲ့ အနာတွေ အားလုံးကို တစ်ယောက်တည်း
ကျိတ်ပြီး နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ ကုသနေ တာဟာ ကြီးမားတဲ့ အန္တရာယ်တွေကို
ဖိတ်ခေါ်နေရာ ရောက်ပါတယ်။ ဒါကြောင့် လိင်အင်္ဂါပေါ်မှာ ဖြစ် ပေါ်တဲ့ ပုံမမှန် အပြစ်
အနာအဆာတွေကို ဆေးပညာ စမ်းသပ်မှုတွေ ခံယူနိုင်ဖို့နဲ့ သင့်တော်ထိ ရောက် တဲ့ ကုသမှု
ရရှိနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

 

ရေးသားသူ
-ကေအမ်

 

Yatanarpon
- အမျိုးသား
အင်္ဂါပေါ်က အနာများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top