29
May

အမျိုးသမီးတိုင်း ပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးချက် (၉)မျိုး



(၁)
ခန္ဓာကိုယ်အမြင့်နဲ့ အလေးချိန် အချိုး (
BMI) ကို အမြဲတမ်း စစ်ဆေးပါ။

    ရောဂါအများစုဟာ  အ၀လွန်တာ ဒါမှမဟုတ် ပိန်လွန်းတာတွေနဲ့
ဆက်စပ်နေလို့ပါ။

(၂) သွေးပေါင်ချိန်
စစ်ဆေးပါ။

    သွေးတိုးရောဂါဟာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။
ဒါကြောင့် သွေးတိုးရောဂါရှိမရှိ သွေးပေါင်ချိန်မှန်မှန် စစ်ဆေးပါ။
သွေးတိုးရောဂါရှိပါက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်လာနိုင်တဲ့ အတွက်ရောဂါရှိမရှိ
ကြိုတင်စစ်ဆေးပြီး ရောဂါရှိပါက စောစောကုသမှုခံယူပါ။

(၃) Pap
smear

    လိင်ဆက်ဆံမှု စတင်လုပ်တဲ့ အသက်အရွယ်
(အိမ်ထောင်ကျပြီး) နောက်ပိုင်းမှာ
Pap smear ကို မှန်မှန်စစ်ဆေးသွားပါ။

(၄) မိမိဘာသာ
ရင်သားစမ်းသပ်ပါ။

    ပိုက်ဆံမကုန်ဘဲ မိမိဘာသာ အိမ်မှာ
လွယ်လွယ်ကူကူ စမ်းသပ်နိုင်ပါတယ်။ အမျိုးသမီးအများစုဟာ ဒီနည်းအတိုင်း
သားမြတ်ကင်ဆာကို ရှာဖွေတွေ့ရှိတတ်ပါတယ်။

(၅)
မျက်စိစစ်ဆေးပါ။

    မျက်စိရောဂါအများစုဟာလည်း
ဝေဒနာမခံစားရတတ်တဲ့အတွက် မျက်စိ မပျက်စီးခင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ဥပမာ-
ရေတိမ်ရောဂါ၊ မျက်စိအဝေးမှုန်၊ ဒါမှမဟုတ် အနီးမှုန်ရှိသူတွေ ဟာလည်း
မျက်စိမှန်မှန်စစ်ဆေးပြီး မျက်မှန်တပ်ဖို့လိုပါတယ်။ ပါဝါမမှန်ရင်
ခေါင်းကိုက်တတ်လို့ပါ။

(၆)
ကိုလက်စထရောအဆင့်ကို စစ်ဆေးပါ။

    တချို့လူတွေအနေနဲ့
သွေးတွင်းကိုလက်စထရောအဆင့်ကို အသက်( ၄၀ ) မှ စတင်စစ်ဆေးဖို့ ပြောတတ်ပေမယ့် အသက်
(၂၀ ) အရွယ် မှစတင်ပြီး ကိုလက်စထရောကို စစ်ဆေးသင့်ပါတယ်။ အကယ်၍
သွေးတွင်းကိုလက်စထရောအဆင့်ဟာ ပုံမှန်ဖြစ်နေရင် နောက်ငါးနှစ်အတွင်း ထပ်မံစစ်ဆေးဖို့
မလိုအပ်ပါဘူး။ သွေးတွင်းကိုလက်စထရော အဆင့်မြင့်မားရင် တခြားရောဂါတွေ
ဖြစ်နိုင်ခြေများပါတယ်။

(၇)
သွေးတွင်းသကြားဓါတ်ကို စစ်ဆေးပါ။

    ဆီးချိုရောဂါ ဖြစ်နိုင်ခြေတစ်ခုထက်
များသူအားလုံးကို သွေးတွင်းသကြားဓာတ်စစ်ဆေးဖို့ လိုပါတယ်။
ရောဂါဖြစ်နိုင်ခြေတွေအနေနဲ့ အ၀လွန်တာ၊ မိသားစု ရာဇ၀င်မှာ ဆီးချိုရောဂါရှိတာနဲ့
အာဖရိက၊  အမေရိက ဒါမှမဟုတ်
အာရှလူမျိုးနွယ်တွေ ဖြစ်တာပါဝင်ပါတယ်။

(၈) HIV စစ်ဆေးပါ။

    ရောဂါဖြစ်နိုင်ခြေရှိသူတိုင်း
စစ်ဆေးသင့်ပါတယ်။ ဖြစ်နိုင်ခြေအနေနဲ့လူပေါင်းများစွာနဲ့ အကာအကွယ်မဲ့
လိင်ဆက်ဆံတာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်သူတွေလည်း
HIV စစ်သင့်ပါတယ်။

(၉) မိမိဘာသာမိမိ
အရေပြားကို စစ်ဆေးပါ။

     မှဲ့အသစ်ပေါ်ပေါက်တာရှိမရှိ၊
မှဲ့တွေရဲ့ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင်ပြောင်းလဲမှုရှိမရှိ မိမိဘာသာ စစ်ဆေးသွားပါ။



အမျိုးသမီးတိုင်း ပြုလုပ်သင့်သော
ကျန်းမာရေးစစ်ဆေးချက် (၉)မျိုး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top