10
Feb

အမျိုးသမီးများကြီးမားသော HIV အန္တရာယ်နှင့် ရင်ဆိုင်ရန် အလားအလာရှိနေဟုဆို



စမ်းသပ်မှုများ၏ ဖော်ထုတ်တင်ပြချက်အရ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်သည်
ကျန်းမာသော သားအိမ် လမ်းကြောင်းဆိုင်ရာ တစ်သျှူးများ၏ အတားအဆီးကိုပင် ထိုးဖောက်နိုင်ကြောင်း
သိရသည်။ ထို့ကြောင့် အမျိုးသမီးများ၏ အန္တရာယ်မကင်းသော လိင်ဆက်ဆံမှုသည် သူတို့ထင်ထားသည်ထက်
ပိုမို၍အန္တရာယ် ကျရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အမေရိကန်အခြေစိုက် သုတေသီများအဆိုအရ အိတ်ခ်ျအိုင်ဗွီသည်
အတားအဆီးများကို နာရီအနည်းငယ်အတွင်း မပျက်စီးစေဘဲ ကျော်လွန်သွားနိုင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ၏ အိတ်ခ်ျအိုင်ဗွီဆိုင်ရာ အလှူရှင်များအဖွဲ့အစည်းက
ဒီအချက်ဟာ အမျိုးသမီးများ အနေဖြင့် သူတို့၏အဖော်ရဲ့ ကျန်းမာရေး အခြေအနေကိုမသိဘဲ အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်းကို ရှောင်ရှား သင့်တယ်ဆိုတာကို တွန်းအားပေးဖော်ပြနေပါတယ် ဟုပြောကြားခဲ့သည်။

အမျိုးသမီးများ သားမွေးလမ်း ကြောင်းယောနိ၏ အတွင်းနှုတ်ခမ်းသားများသည်
အန္တရာယ်မဖြစ်စေရန် ဟန့်တားထိန်းထားသော စွမ်းရည်ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်း ကြောင့် အမျိုးသားများထံမှဗိုင်းရပ်စ် အမျိုးသမီးများထံ ကူးစက်ခြင်းသည်
ကမ္ဘာ၏ နေရာအတော် များများတွင် မဆန်းတော့သော၊ ရိုးအီနေသော ဖြစ်ရပ်တစ်ခုဖြစ်ပေသည်။

အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကို အလွန်ပါးလွှာသော အရေပြားအပေါ်ယံလွှာကို
ထိုးဖောက်၍ နောက်ထပ် သားမွေးလမ်းကြောင်းအထိ ထိုးဖောက်ဝင်ရောက် သွားနိုင်ရန် အလားအလာနီးစပ်သည်ဟု
ထင်ခဲ့ကြသည်။

သို့ရာတွင် ချီကာဂိုရှိ အနောက်မြောက်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက
ထိုထင်မြင်ယူဆချက် သည် အမှန်တရားမှ ဝေးကွာလျက်ရှိကြောင်း၊ အိတ်ခ်ျအိုင်ဗွီသည် အရေပြားဆဲလ်များအတွင်း
သူတို့ဘာသာသူတို့ လျင်မြန်စွာရွေ့ လျားနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

ထိုသုတေသနကို ဦးဆောင်ခဲ့သူ သောမတ်စ်ဟုပ်က ဒါဟာ အရေးပါပြီး မမျှော်လင့်တဲ့ရလဒ်တစ်ခုပါပဲ။
အိတ်ခ်ျအိုင်ဗွီဟာ ဘယ်လိုအမျိုးသမီးများရဲ့ သားမွေး လမ်းကြောင်းထဲကို ဘယ်လိုကျူးကျော်ဝင်
ရောက်နိုင်တယ်ဆိုတဲ့ နားလည်သဘောပေါက်မှု အသစ်တစ်ရပ်ကို မိမိတို့ရရှိခဲ့ပါ တယ်ဟု ပြောကြားခဲ့သည်။

မိမိတို့ အလျင်အမြန် လိုအပ်နေတာကတော့ ကြိုတင်ကာကွယ်ရေး မဟာဗျူဟာ
နည်းလမ်းသစ်တစ်ရပ်ဖြစ်ပြီး ဒါကတော့ အမျိုးသမီးတစ်ဦးရဲ့ မျိုးပွားအင်္ဂါများနဲ့ သက်ဆိုင်သော
အရေပြားမှတစ်ဆင့် ၀င်ရောက်လာမည့် အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကို ပိတ်ဆို့ဖို့ပါပဲ
ဟု ၎င်းက ပြောကြားခဲ့သည်။



ရန်ကုန်မီဒီယာ - အမျိုးသမီးများ ကြီးမားသော အိတ်ခ်ျအိုင်ဗွီ
အန္တရာယ်နှင့်ရင်ဆိုင်ရန် အလားအလာ ရှိနေဟု လေ့လာချက်တစ်ရပ်ကဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top