အိတ်ခ်ျအိုင်ဗွီ
ကူးစက်ခံနေရသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း
ခင်ပွန်းသည် အမျိုးသားများအား အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးကူးစက်ရန် နှစ်ဆပိုများကြောင်း
သုတေသီများက သတိပေးပြောကြားသည်။
ရောဂါကူးစက်
အာဖရိကရှိ စုံတွဲပေါင်း ၃၀၀၀ ကျော်အား လေ့လာဆန်းစစ်ခဲ့ရာ အိတ်ခ်ျအိုင်ဗွီပိုး သယ်ဆောင်ထားသော
အိမ်ထောင်ရှင်
အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ခင်ပွန်းဖြစ်သူအား အိတ်ခ်ျအိုင်ဗွီပိုး
ကူးစက်ရန် နှစ်ဆပိုများကြောင်း ဗြိတိသျှ သုတေသီများက လေ့လာ တွေ့ရှိထားသည်။
အထူးသဖြင့် ငယ်ရွယ်သူ အိမ်ထောင်ရှင် အမျိုးသမီးများသည် အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုး သယ်ဆောင်ထားပါက ခင်ပွန်းဖြစ်သူအား ရောဂါကူးစက်ရန် အလားအလာ အများဆုံးဖြစ်သည်ဟု
ဆိုသည်။ တစ်ဖန် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး သယ်ဆောင်ထားသော အမျိုးသားများသည် ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်
နေစဉ်အတွင်း
အိတ်ခ်ျအိုင်ဗွီ ကူးစက်ရန် ပို၍များကြောင်း သုတေသီများက လေ့လာတွေ့ရှိ ထားသည်။
လေ့လာတွေ့ရှိ
သုတေသီများသည် အာဖရိကတိုက်ရှိ
ဘော့ဆွာနာ၊ ကင်ညာ၊ ရဝမ်ဒါ၊ တောင်အာဖရိက၊ တန်ဇန်းနီးယား၊ ယူဂန္ဓာနှင့် ဇမ်ဘီယာနိုင်ငံတို့ရှိ
စုံတွဲပေါင်း ၃၀၀၀ ကျော်အား သုတေသန ပြုလေ့လာခဲ့သည်။ ယင်းတို့အနက်မှ
အိမ်ထောင်ရှင် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အိတ်ခ်ျအိုင်ဗွီ
ကူးစက်ခံနေရပြီး နှစ်နှစ်ကြာသောအခါ နှစ်ဦးစလုံးတွင် အိတ်ခ်ျအိုင်ဗွီ
ကူးစက်ခံနေရကြောင်း လေ့လာတွေ့ရှိခဲ့သည်။
မြန်မာသတင်းရပ်ဝန်း
- အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်
ကာလအတွင်း အိတ်ခ်ျအိုင်ဗွီ ပို၍ကူးစက်နိုင်ဟုဆို




