3
Apr

အမျိုးသမီးများ မြုံခြင်း

မြုံခြင်းဆိုတာဟာ တစ်နှစ်ကြာ အကာ အကွယ်မဲ့ လိင်ဆက်ဆံသော်လည်း ကိုယ်ဝန် ရမလာခြင်းကို ဆိုလိုပါတယ်။ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ စုံတွဲ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကလေး မရနိုင်ခြင်းပြဿနာကို ခံစားနေကြရပါတယ်။ အမျိုးသားရော၊ အမျိုးသမီးနှစ်ယောက်စလုံးဟာ မြုံခြင်းပြဿနာကို ခံစားရနိုင်ပါတယ်။ ကလေးမရခြင်းများရဲ့ သုံးပုံတစ်ပုံဟာ အမျိုးသမီးမြုံခြင်းကြောင့် ဖြစ်ပြီး ကျန်သုံးပုံတစ်ပုံကတော့ အမျိုးသားမြုံခြင်း ကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးသုံးပုံ တစ်ပုံကတော့ နှစ်ယောက်စလုံးရှိ ချို့ယွင်းချက်များ ပူးပေါင်းသွားလို့ပဲ ဖြစ် ပါတယ်။ ၂၀ ရာခိုင်နှုန်းသော စုံတွဲ များကတော့ ဘာအကြောင်းရင်းမှန်း သေချာ မသိဘဲကလေးမရနိုင်ကြပါဘူး။

အသက်အရွယ်
ကလေးမရနိုင်ကြတဲ့စုံတွဲများ ဟာ အသက်အရွယ်ကြီးရင့်သူများ များပြားပါတယ်။ အမျိုးသမီးများဟာ သားဥအရေအတွက် အကန့်အသတ် နဲ့ မွေးဖွားလာခဲ့ကြတာပါ။ မျိုးပွားနိုင် တဲ့အသက်အရွယ်တွေ ကျော် လွန်သွားတဲ့ အခါ သားဥအရေအတွက်လည်း လျော့နည်းသွားပါပြီ။ အမျိုးသမီးများ ဟာ အသက် ၃၀ ကျော်လာတဲ့အခါ ကလေးရနိုင်သည့်အခွင့်အလမ်း ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိလျော့နည်း သွားပါတယ်။ အသက် ၄၀ကျော်သွား ရင်တော့ ပိုမိုလျော့နည်းသွားပါတယ်။

အမျိုးသမီး မြုံခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

-သားဥပြွန်ချို့ယွင်းခြင်း
သားဥအိမ်မှ သားအိမ်အတွင်းသို့ သားဥများသွားရာလမ်းကြောင်း သား ဥပြွန်ပျက်စီးထိခိုက်နေခြင်းဟာ သားဥ နှင့် သုက်ပိုးကောင် ပေါင်းစပ်မှုကို တားဆီးပါတယ်။ တင်ပါးဆုံရိုးကွင်း ရောဂါပိုးဝင်ခြင်း၊ သားအိမ်တွင်း အမြှေး ပါးနေရာလွဲဖြစ်ပေါ်ခြင်း၊ တင်ပါးဆုံ ရိုးကွင်းအတွင်းခွဲစိတ်ကုသမှု ပြုလုပ် ခြင်းတို့ဟာ သားဥပြွန်ကို ထိခိုက်သွား စေပြီး အနာရွတ်ဖြစ်စေပါတယ်။

-ဟော်မုန်းများ
အချို့အမျိုးသမီးများဟာ သားဥကြွေရာမှာ ပြဿနာအနည်းငယ်ရှိ တတ်ကြပါတယ်။ သာမန်အားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ် အတွင်းရှိ သားဥအိမ်မှ သားဥကိုကြွေစေပြီး ထိုသားဥနှင့် သုက်ပိုး ကောင် ပေါင်းစပ်သွားသောအခါ ဖြစ် ပေါ်လာသော သန္ဓေသားလောင်း နေထိုင်နိုင်ရန် သားအိမ်တွင်းနံရံကို ထူထဲစေပါတယ်။ အချို့အမျိုးသမီးများ ကတော့ ဟော်မုန်းပမာဏအတက် အကျ အပြောင်းအလဲတွေဖြစ်ပေါ်ကာ အထက်ဖော်ပြပါ ပြင်ဆင်မှုတွေကို မပြုလုပ်ပေးနိုင်ပါဘူး။

-သားအိမ်ခေါင်းဆိုင်ရာပြသနာ
အမျိုးသမီးအချို့ဟာ သုက်ပိုး ကောင်မဝင်ရောက်နိုင်တဲ့ သားအိမ် ခေါင်းအနေအထားမျိုး ရှိနေပါတယ်။ ပုံမမှန်ချွဲမြှေးများ ထုတ်လုပ်ခြင်း၊ ယခင်က သားအိမ်ခေါင်းခွဲစိတ်မှုပြု လုပ်ဖူးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

- အကြောင်းရင်းမသိ မြုံခြင်း
ယနေ့ခေတ်ပေါ် ရောဂါရှာဖွေ စမ်းသပ်မှုနည်းလမ်းများဖြင့် မဖြေရှင်း နိုင်တဲ့ မြုံခြင်းကို ၂၀ ရာခိုင်နှုန်းသော စုံတွဲများ ခံစားနေကြရပါတယ်။

အမျိုးသမီး မြုံခြင်းကို စစ်ဆေး စမ်းသပ်မှုများ
- သွေးတွင်းဟော်မုန်းပမာဏကို စစ်ဆေးခြင်း
- သားအိမ်တွင်းနံရံအမြှေးပါး အသား စယူစစ်ဆေးခြင်း တစ်သျှူးများအနာရွတ်ဖြစ်နေ ခြင်း ရှိ၊မရှိ နှင့်ပြွန်ပိတ်ဆို့နေခြင်း ရှိ၊မရှိ စစ်ဆေးခြင်း
- Hysterosalpingography HSG
- မျိုးပွားအင်္ဂါများကို အာလ် ထရာဆောင်း သို့မဟုတ် ဌ-မပေ ရိုက် ခြင်း၊ အရောင်ဆိုးဆေးသို့မဟုတ် ဆလိုင်းနှင့်လေတို့ကို သားအိမ်ခေါင်း မှတစ်ဆင့် သားဥပြွန်အထိ ရောက်အောင် ထိုးသွင်းပြီး ဓာတ်မှန်ရိုက် စစ်ဆေးကြည့်ရှုခြင်း
- Laparoscopy ဗိုက်မှ အပေါက်ငယ်လေးဖောက် ကာ သေးငယ်သော ကင် မရာ အမျိုးအစားလေးဖြင့် သားအိမ်၊ သားဥအိမ်များ၊ သားဥပြွန်များတွင် ပုံမမှန် ချို့ယွင်းမှုများ ရှိ၊မရှိကို စမ်း သပ်စစ်ဆေးခြင်း

ကုသနည်းများ
အမျိုးသမီးများတွင် မြုံခြင်း ပြဿနာကို အောက်ပါနည်း လမ်းများဖြင့် ကုသနိုင်ပါတယ်။
- Laparoscopy နည်းဖြင့် သားဥပြွန်နှင့် တင်ပါးဆုံရိုးကွင်း ရောဂါများတွင် ချို့ယွင်းနေ သော မျိုးပွားအင်္ဂါများကို ပြန်လည်ပြုပြင် ကုသနိုင်ပါတယ်။
- သားဥကြွေရာတွင် ပြဿနာရှိသော အမျိုးသမီးများအနေဖြင့် Clomiphene Citrate, Gonadotrophins ဆေးဝါးများဖြင့် ကုသ နိုင်ပါတယ်။
- Intrauterine Insemination အမျိုးသား၏သုက်ရည်ကို အမျိုးသမီး သားဥြွေကချိန်တွင် သားအိမ်အတွင်း ထည့်ပေးခြင်းနည်းလမ်းဖြင့် ကလေးရအောင် ပြုလုပ်နိုင်ပါတယ်။
- In vitro Fertilization- IVF ဖန်ပြွန်သန္ဓေသားပြုလုပ်ခြင်းဖြင့် လည်း ကလေးရအောင် ပြုလုပ်နိုင်ပါ တယ်။

ရိုးရာလေး - အမျိုးသမီးများ မြုံခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top