ကိုယ်ဝန် တားဆီးရေး အတွက် သုံးနိုင်သည့် အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုးကို အတွင်း၌ လှုပ်ခါမှု ပေးသည့် ဗိုင်ဘရေတာ vibrator ဖြင့်တွဲလျက်ထုတ်လုပ် ခဲ့ရာ ဈေးကွက်တွင် အထူးအဆန်း ဖြစ်ခဲ့သော်လည်း လူကြိုက်များ လာဖွယ် ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ဒုံးမှာ VA w.o.w အမည်ရပြီး ကွန်ဒုံး အသုံးပြုသူ အမျိုးသမီး အတွက် သာယာမှု ပိုဖြစ်စေမည့် အတွင်းမှ ဗိုင်ဘရေတာ အတံကို ၀ိုင်ယာလက်စ်နည်း သို့မဟုတ် ဘလူးတုသ်နည်းဖြင့် ထိန်းချုပ်နိုင်ရန် တီထွင် ထုတ်လုပ်ပေး ထားသည်။ တီထွင်သူများက ထိုကွန်ဒုံးကို ကွန်ဒုံး မသုံးဘဲ နေခဲ့စဉ် ကထက် အမျိုးသမီးများက ပိုကြိုက် နှစ်သက်ကြောင်း တွေ့ရသည် ဆိုသည်။ ထို့ပြင် အမျိုးသမီး (၅၀) ဦးနှင့် စမ်းသပ်ခဲ့ရာ (၇၀) ရာခိုင်နှုန်းမှာ ထိုကွန်ဒုံး အသုံးပြုချိန်တွင် လိင်သာယာမှုရခဲ့ ပြီးလေးကြိမ်မြောက် သုံးပြီးချိန်တွင် ၎င်းတို့ (၅၀) ဦးစလုံးမှာ ထိုကွန်ဒုံးများကို ဆောင်ထားခဲ့ ကြပြီ ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ အမျိုးသမီးသုံး ကွန်ဒုံး VA w.o.w မှာ မစ်ရှီဂန် ပြည်နယ် အခြေစိုက် IX ၌ ကုမ္ပဏီက တီထွင်ခြင်း ဖြစ်ပြီး ၎င်းတို့ အဆိုအရ ထိုကွန်ဒုံး များမှာ သာမန် ထုတ်လုပ်နေသည့် အမျိုးသမီးသုံး ကွန်ဒုံးများကို အီလက်ထရွန်းနစ် စနစ်သုံး တစ်ကိုယ်ရေ အာသာဖြေ ကိရိယာ ဗိုင်ဘရေတာ များ၏ ပုံစံတူ အငယ်စားလေးများကို ပေါင်းစပ် ထားခြင်း ဖြစ်ကြောင်း ဆိုသည်။ ထိုထုတ်ကုန် များတွင် ဗိုင်ဘရေတာ များကို ကွန်ဒုံး အတွင်း၌ ထည့်ထားပြီး ၀ိုင်ယာလက်စ် စနစ်ဖြင့် ထိန်းချုပ်နိုင်သည် ဆိုသည်။ ထို့ကြောင့် အဆိုပါ ကွန်ဒုံး ဒီဇိုင်းမှာ အစဉ်အလာ အမျိုးသမီးသုံး ကွန်ဒုံးရာဘာ အစွပ် များနှင့် အလွန်တရာ ကွာခြားခဲ့သည် ဆိုသည်။ ယခင်က ၁၉၉၀ နှစ်များ အတွင်း ထုတ်လုပ်ခဲ့သည့် အမျိုးသမီးသုံး ကွန်ဒုံးများမှာ လိင်ဆက်ဆံရာတွင် ဆူညံသံ ထွက်ပြီး လိင်အင်္ဂါမှ ပြန်ချော်ထွက်မည့်ပုံ ရှိကြောင်းလည်း သတင်းက ဖေါ်ပြသည်။
Source:Mirror
The Messenger - အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုး ဈေးကွက်တွင် ဖြန့်ချိ




