အာရှမှာရှိတဲ့ အမျိုးသမီးတော်တော်များများဟာ သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်းအများဆုံး ဖြစ်နေပြီး သားအိမ်ခေါင်းကင်ဆာဟာဆိုရင် ကင်ဆာရောဂါပေါင်း များစွာ ထဲမှာ ဒုတိယသေဆုံးမှုနှုန်း အများဆုံးရောဂါဖြစ်တယ်လို့လည်း သိရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ကင်ဆာရောဂါပိုးဖြစ်တဲ့ HIV အမျိုးအစားကြောင့်ဖြစ်ပြီး လိင်ဆက်ဆံခြင်းကြောင့် အဓိကကူးဆက်ရတာဖြစ်သလို လိင်ဆက်ဆံဘက် များတဲ့သူတွေမှာ ပိုမိုအဖြစ်များလေ့ရှိတယ်လို့ သိရပါတယ်။
ဒီရောဂါဟာဆိုရင် ရောဂါပိုးဝင်ဝင်ခြင်း ကင်ဆာ ချက်ချင်းဖြစ်လေ့မရှိဘဲ (၁၀) နှစ်၊ အနှစ် (၂၀) ကြာမှ တဖြည်းဖြည်းချင်း ဖြစ်လာခဲ့တတ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးပြောကြားကြပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါလက္ခဏာတွေဟာ အကြိုအဆင့်မှာတော့ ဘာလက္ခဏာမှ ပြသလေ့မရှိဘူးလို့လည်း သိရပါတယ်။ ကင်ဆာမဖြစ်ခင် အကြိုအဆင့်ဖြစ်တဲ့ CIN ကို ကြိုတင်စစ်ဆေးကုသခြင်းဖြင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့လည်း သိရပါတယ်။
ဒီရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် အသက် (၉) နှစ်အရွယ်ကနေ စတင်ပြီး (၅၄) နှစ် အရွယ်ထိ ကာကွယ်ဆေး ထိုးနိုင်ပြီလို့ သိရပါတယ်။ အိမ်ထောင်သည် အမျိုးသမီးတွေ အနေနဲ့ သားအိမ်ခေါင်း ချွဲစစ်ဆေးခြင်းနည်း (Cervical Smear Test) နဲ့ (၃) နှစ်တစ်ခါ စစ်ဆေးသင့်ပြီးတော့ အပျိုစင် အမျိုးသမီးတွေ အနေနဲ့ (၃) ကြိမ်ပြည့်အောင် ထိုးသင့်တယ်လို့လည်း သိရပါတယ်။ ကာကွယ်ဆေးကို တစ်ခါထိုးထားပါက အနည်းဆုံး (၉) နှစ်ခွဲအထိ ကာကွယ်ထားနိုင်တယ်လို့ လည်း သိရပါတယ်။
MRTV4 - အမျိုးသမီးသေဆုံးမှုနှုန်း များပြားလာသည့် သားအိမ်ခေါင်းကင်ဆာ




