3
Jul

အမျိုးသမီး နဲ့ HIV ရောဂါ


 

HIV
ရောဂါပိုး ကူးစက်မှု အန္တရာယ်ဟာ အမျိုးသမီးတွေအတွက် သိပ်ကိုကြီးမားနေတယ် ဆိုတဲ့
ထင်ရှားတဲ့ သတ်သေအထောက်အထားတွေ ရှိနေပြီးတော့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးခြင်း
မရှိသေးပါဘူး။ ရောဂါကူးစက်မှုကပဲဖြစ်ဖြစ်၊ လူမူရေး အကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်၊
ဆင်းရဲမွဲတေမှုကြောင့်ပဲဖြစ်ဖြစ်၊ တနိုင်ငံလုံး အတိုင်းအတားနဲ့ အိတ်(စ်)ရောဂါ
ကားကွယ်ရေးလှုပ်ရှာမှုတွေကိုပဲကြည့်ကြည့် အမျိုးသမီးတွေကို ဦးစားပေးထည့်သွင်းဆင်စားခြင်း
မရှိပါဘူး။ ရောဂါတိုက်ဖျက်ရေး အစီအစဉ်တွေကိုဖော်ဆောင်ရာမှာနဲ့ ပေါ်လစီတွေ
ချမှတ်ရာမှာလည်း အတော်လေးကွာဟမှု ရှိနေတာတွေ့ရပါတယ်။ ကုလသမဂ္ဂ အိတ်(စ်) ရောဂါဌာနရဲ့
အမျိုးသမီးနဲ့ လူ့အခွင့်အရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် Jame Belson က အာရှမှာ
အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေကြား HIV ရောဂါပိုး ကူးစက်မှုအန္တရာယ်ကြီးမားနေတဲ့အတွက်
သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီပြဿနာတွေကို ကိုယ်တွင်ဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့
အခုလို ထိုင်းနိုင်ငံ၊ ဘန်ဘောက်မြို့မှာ ကျင်းပခဲ့တဲ့ HIV အိတ်(စ်) ရောဂါဆိုင်ရာညီလာခံမှာ
ပြောကြား သွားတာပါ။

 

အမျိုးသမီးများဆိုင်ရာကုလသမဂ္ဂရံပုံငွေအဖွဲ့နဲ့
Global Fund အဖွဲ့ကြီးတို့က ပူးတွဲ ကမကထ ပြုကျင်းပခဲ့တဲ့ အဲဒီညီလာခံကို အာရှတခွင်က
ကိုယ်စာလှယ်ပေါင်း ၂၀၀ ကျော်တို့ တတ်ရောက်ခဲ့ကြပါတယ်။

 

အာရှမှာ
အမျိုးသမီးနှင့်မိန်းခလေးငယ်တွေကြား HIV ရောဂါပိုး ကူးစက်မှု တိုးလာတဲ့အတွက်
အမျိုးသမီးတွေအနေနဲ့ ဆုံဖြတ်ပိုင်ခွင့် ရကြဖို့နဲ့ HIV ရောဂါပိုး မကူးစက်ရလေအောင်
ကိုယ်ကိုကိုယ့် ကားကွယ်နိုင်စေဖို့အစီအစဉ်တွေကို ဦးစားပေးဆောင်ရွက်သင့်ကြပြီလိုလဲ
ကုလသမဂ္ဂ အိတ်(စ်) ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

 

တစ်ချို့
အာရှနိုင်ငံတွေမှာ HIV ကူးစက်နေတဲ့ 
အမျိုးသမီးဦးရေးတိုးလာနေပြီး HIV အိတ်(စ်) ရောဂါဟာ အမျိုးသမီးငယ်တွေအုပ်စုမှာ
အဓိကအသက်ဆုံးရှုံးစေတဲ့ အကြောင်းတရပ်လဲ ဖြစ်နေတယ်လို့ သူတို့က အသိပေးခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံအပါအဝင်နဲ့
အာရှပစ္စဖိတ်ဒေသမှာ HIV ရောဂါပိုး ကူးစက်နေတဲ့ အမျိုးသမီးပေါင်း ၁.၆ သန်း ရှိပြီး
ဒါဟာ ဒေသန္တရမှာ HIV ကူးစက်မှုရဲ့ ၃၅ ရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

 

၁၉၉၀
ခုမှာတော့ အာရှမှာ HIV ရောဂါပိုး ကူးစက်နေမှုရဲ့ ၁၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ
ဖြစ်ခဲ့လို့ အခုကူးစက်မှုကိုကြည့်ရင် နှစ်ဆတိုးလားပြီးလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ
HIV အိတ်(စ်) ရောဂါကူးနေသူပေါင်းဟာ သက္ကရာဇ် ၂၀၀၅ ခုနှစ်က လူဦးရေးစုစုပေါင်းရဲ့ ၁.၃
ရာခိုင်နှုန်း ရှိတဲ့အတွက်လည်း လူနှစ်သိန်းကနေ ငါးသိန်း ကျော်အထိရှိတယ်လို့ UN
အိတ်(စ်) ဌာနက ခန့်မှန်း ခဲ့ပါတယ်။

 

အထူးသဖြင့်
ရောဂါပိုးဟာ လိင်ဆက်ဆံရာမှာနဲ့ မူးယစ်ဆေးထိုးအပ် သုံးစွဲသူတွေအကြား အများဆုံးဖြစ်တယ်လို့
ကုလသမဂ္ဂက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ HIV အိတ်(စ်) ရောဂါကူးစက်နေသူတွေဟာ
ပြည့်တန်ဆာတွေကြားမှာ ၃၂ ရာခိုင်နှုန်းရှိပြီး ဆေးထိုးအပ်သုံးစွဲတဲ့ မူးယစ်ဆေးစွဲသူတွေကြား
၄၃ ရာခိုင်နှုန်းရှိတယ်လို့လဲ တွေ့ရှိခဲ့ပါတယ်။ ကူးစက်မှုနှုန်းဟာ ရခိုင်နဲ့
ချင်းပြည်နယ်မှာ အနည်းဆုံးဖြစ်ပြီး မန္တလေး၊ မကွေး၊ စကိုင်းနဲ့ ပဲခူးတို့မှာ အလယ်အလတ်လိုက်ကာ
အများဆုံးကတော့ ရန်ကုန်၊ ကချင်း၊ ရှမ်း၊ ကရင်၊ မွန်၊ တနင်္သာရီတိုင်းတို့
ဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။ ရန်ကုန်မှာ ပြည်တန်ဆာအိမ်ပေါင်း ရာကျော်ရှိပြီး
ပြည်တန်ဆာပေါင်းလဲ တစ်သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်
မြန်မာအမျိုးသမီးတွေဖြစ်ကြပြီး ၇၀ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းတို့ဟာ
လိင်ပိုင်ဆိုင်ရာ ကတဆင့် HIV အိတ်(စ်) ကူးစက်ကြတာဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသာ HIV
အိတ်(စ်) ရောဂါပိုး ရှိမရှိကို စစ်ဆေးခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ
ပြည်တန်ဆာတဝက် နီးပါးတို့ကတော့ HIV အိတ်(စ်) ရောဂါကူးစက်နေကြပြီးလို့လဲ လေ့လာချက်တရပ်က
တွေ့ရှိခဲ့ပါတယ်။ UN အိတ်(စ်) နဲ့ Unifund (ယူနီဖမ်)ခေါ် အမျိုးသမီးများဆိုင်ရာ
ကုလသမဂ္ဂဖွံ့ဖြို့ရေး ရံပုံငွေအဖွဲ့က အာရှမှာ HIV ရောဂါပိုးကူးစက်နေကြတဲ့
အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် 
လူ့အခွင့်အရေးကို ဥပဒေအရ ကာကွယ်ဆောင်ရှောက်မှု တိုမြှင့်ပေးဖို့လဲ
တောင်းဆိုခဲ့ကြပါတယ်။  ရောဂါပိုးကူးစက်နေတဲ့
အမျိုးသမီးတွေအနေနဲ့ ခွဲခြားဆက်ဆံခံရတာ လူ့အဖွဲ့အစည်းမှာ ဝိုင်းကျဉ်ခံခဲ့ရတာ
အကြမ်းဖက်ခံကြရတာတွေကို ရင်ဆိုင်နေကြရတယ်လို့လဲ ကုလသမဂ္ဂက ထောက်ပြခဲ့ပါတယ်။
အမျိုးသမီးတွေကြား HIV အိတ်(စ်) ရောဂါပိုး ကူးစက်မှုနှုန်း တိုးလာတာဟာလည်း
လိင်ဆက်ဆံရာမှာ အကာအကွယ် မယူနိုင်တဲ့အတွက်ကြောင့် အဓိကဖြစ်တယ်လို့လဲ Miss Belson
ကပြောပါတယ်။

 

“တွေ့ရှိချက်အရ
ကူးစက်မှုနှုန်းဟာ တိုးလာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကူးစက်မှုးနှုန်းက သိပ်တက်နေမယ်။
အထူးသဖြင့် အမျိုးသမီးတွေ မုဆိုးမ ဖြစ်ကြမယ်။ ကလေးတွေလဲ မိခင်မဲ့ ဖြစ်ကြမယ်။ အခြေအနေဟာ
တကယ့်ကို စိုးရိမ်စရာမို့လို့ ရောဂါကူးစက်မှု လျော့ချနိုင် ဖို့အတွက် ဦးစားပေးဖို့
လိုနေပါတယ်။“ ဒေါက်တာဒေါ်ခင်စောဝင်းကတော့ ကနေဒါနိုင်ငံ အဲဗာသန်ဆေးတက္ကသိုလ်မှ ကထိကဖြစ်ပြီး
ဆေးပညာနဲ့လူ့အခွင့်အရေးဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သူတဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးများ HIV အိတ်(စ်) ရောဂါပိုးကူးစက်မှုနဲ့ ပက်သက်လို့
အခြေအနေကို အခုလို သူက သုံးသပ်ပါတယ်။

“ဗမာပြည်မှာ
ဆိုလိုရှိရင် အထူးသဖြင့် အခုသတင်းတွေထဲမှာ ကြားနေရတာက ဒီလိုမျိုး အလှပြင်ခန်းတွေ၊
အနှိပ်ခန်းတွေ၊ ကာရာအိုကေဘားတွေဆိုတာက တော်တော်များများ ရှိတယ်လေ။ ရပ်ကွက်တွေမှာ။
အထူးသဖြင့် မြို့ကြီးတွေပေါ့နော်။ အဲလိုမျိုး မြို့ကြီး၊ ပြကြီးတွေမှာ ဒီလိုမျိုး
အနှိပ်ခန်းတွေ ပေါ်လာတဲ့အခါမှာ အမျိုးသမီးလေးတွေနဲ့ ပက်သက်ပြီးတော့ အန္တရာယ်ရှိတဲ့
အနေအထားတွေက အများကြီးရှိလာတယ်ပေါ့လေ။ ကိုယ်ရဲ့စိတ်ဆန္ဒပါလိုပဲဖြစ်ဖြစ်၊ စိတ်ဆန္ဒမပါပဲနဲ့
စီးပွားရေးအရ တခုခုအဆင်ပြေချင်လို့ အဲလိုမျိုး အကြောင်းအမျိုးစုံနဲ့ ဒီအမျိုးသမီးတွေဟာ
ဒီလိုမျိုး ပြင်ဆင်မှုမရှိပဲနဲ့ လတ်တလော ဒီလို လိင်ဆက်ဆံလိုက်ပြီးတဲ့အခါမှာ အကာအကွယ်မပါတဲ့အတွက်
အဲဒီကနေပြီးတော့ အမှုမဲ့ အမှတ်မဲ့ နေလိုက်တဲ့ အဖြစ်တွေကနေပြီးတော့ ဒီ HIV
ရောဂါပိုးက အလွယ်တကူဝင်သွားတဲ့ သာဓကတွေလည်း အများကြီးတွေ့ရတယ်။”

 

HIV
အိတ်(စ်) ရောဂါပိုး အမျိုးသမီးတွေ ဘယ်လို့ကူးစက်ကြသလဲဆိုတာနဲ့ ပတ်သက် လို့တော့ ဒေါက်တာဒေါ်ခင်စောဝင်းက
“ဗမာနိုင်ငံရဲ့ အနေအထားမှာတော့ ဒီအမျိုးသမီးတွေဟာ ဒီ HIV ရောဂါးပိုးကို အဓိကတော့ ဒီလိင်ဆက်ဆံရာ
ကနေတဆင့် ကူးစက်တယ်။ နောက်တစ်ခုကတော့ ဒီဆေးထိုးအပ်ပေါ့နော် ဆေးထိုးအပ်ကနေတဆင့်
အထူးသဖြင့် မိမိရဲ့အမျိုးသား ဒါမှမဟုတ်ရင် မိမိရဲ့ရည်စား၊ ဒါမှမဟုတ်လို့ရှိရင်လည်း
စီးပွားရေးအရ ဆက်ဆံရတဲ့အမျိုးသားဟာ တကယ်လိုများ ဒီဆေးထိုးအပ်သုံးစွဲတဲ့
မူးယစ်ဆေးဝါးစွဲတဲ့ လူဖြစ်ခဲ့လိုရှိရင် အဲလိုမျိုး မသန့်ရှင်းတဲ့ အပ်တွေကနေပြီးတော့လည်း
ဒီ HIV ရောဂါပိုးတွေ ပါလာနိုင်ပါတယ်။ လိင်ပိုင်ဆိုင်ရာလုပ်ငန်းမှာ အချိန်ပြည့်
လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေရှိသလို မိမိရဲ့အသက်မွေးဝမ်းကျောင်းပညာကို
တဖက်ကလုပ်ရင်းနဲ့ ဒါမှမဟုတ်လို့ရှိရင် ကျောင်းစာသင်နေရင်းနဲ့ တချိန်တည်းမှာပဲ
ဒီအကြောင်းအမျိုးမျိုးကြောင့်မို့လို့ အပိုဝင်ငွေ ရှာဖို့ ဒါမှမဟုတ်လို့ရှိရင်
အခွင့်အရေးတစ်ခုခု ရဖို့အတွက် ခန္ဓာကိုယ်ရင်းရတဲ့ အမျိုးသမီးတွေ ဆိုလိုရှိရင်
ပိုပြီးတော့ သတိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ တခါတလေမှ တွေ့ကြုံရတယ်ဆိုပြီး
အကာအကွယ်မယူခဲ့မိလို့ရှိရင် အဲဒီကနေပြီးတော့ သည်ရောဂါပိုးတွေက ကူးစက်တာရှိတယ်။
ဒီအပြင် နောက်ပိုပြီးတော့ ပိုပြီးတော့ အန္တရာယ်ရှိတာက အိမ်ထောင်ရှိတဲ့
အမျိုးသမီးတွေပေါ့နော် အိမ်ထောင်ရှိတယ်။ မိမိရဲ့လင်ယောကျာင်္းတစ်ဦးတည်းနဲ့ပဲ သစ္စာရှိစွာပေါင်းသင်းတဲ့
အမျိုးသမီးတွေ ဒါပေမဲ့ အဲသည်လိုမျိုး မိမိရဲ့ခင်ပွန်းကိုပဲ တစ်ဦးတည်းကိုပဲ
ပေါင်းသင်းတယ်ဆိုပြီးတော့ ကိုယ့်ကိုကိုယ် စိတ်ချတယ်၊ ကားကွယ်မှုမယူဘူး။ ဒါပေမယ့်
တချိန်တည်းမှာပဲ မိမိရဲ့ခင်ပွန်းသည်က တနေရာရာမှာ သွားပြီးတော့ ရောဂါကိုယူလာတာမျိုးတွေလည်း
ရှိတယ်လေ။ အဲလိုမျိုး အပြင်ကနေပြီးတော့ ရောဂါကိုယူလာတယ်။ ခင်ပွန်သည်ဆီမှာ
ရောဂါပိုးပါလာတယ်။ ဒါပေမယ့် အိမ်မှာရှိတဲ့ အိမ်ထောင်သည်အမျိုးသမီးက မသိဘူး။
ဒါ့ကိုယ်ခင်ပွန်းပဲ ကိုယ့်ယုံကြည်စိတ်ချရတယ်ဆိုပြီးတော့ ပေါင်းသင်ဆက်ဆံရင်းကနေပြီးတော့
ရောဂါပိုး ကူးစက်တာတွေလည် အများကြီးရှိပါတယ်။

 

ဒါ့အပြင်
လူ့အခွင့်အရေးနဲ့ ပက်သက်ပြီးတော့ HIV အိတ်(စ်) ရောဂါပိုး ကူးစက်နေတဲ့ အမျိုးသမီးတွေကို
ဘယ်လိုအကာအကွယ် ပေးသင့်တယ်ဆိုတဲ့ ဒေါက်တာဒေါ်ခင်စောဝင်းရဲ့ အကြံပေးချက်နှင့်အတူ ဒီသတင်းပတ်ရဲ့
အမျိုးသမီးများကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်ရှင်။

 

“HIV
ရောဂါပိုးရှိတဲ့သူကိုလည်း ပတ်ဝန်ကျင်းကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မူတွေ
မလုပ်ဖို့ သတိထားဖို့လိုတာပေါ့လေ။ အဲလိုမျိုး လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာက ဘယ်လိုလဲဆိုလိုရှိရင်
ဒီလိုမျိုး လျို့ဝှက်ထားအပ်တဲ့ သူတပါးရဲ့အတွင်းရေးကို တခြားမှာ လိုက်ပြီးတော့ပြောတာမျိုး၊
နောက်ပြီးတော့ ရောဂါပိုးရှိတဲ့လူကို မတူမတန်သလိုမျိုး ခွဲခြားဆက်ဆံတယ်၊ အထင်သေးတယ်၊
နိမ့်ချတယ်၊ ကဲ့ရဲ့တယ် နောက်ပြီးတော့ ပတ်ဝန်ကျင်ကနေ ဘေးဖယ်ထားတယ်ပေါ့လေ။
ဝိုင်ပစ်ပယ်ထားတယ်။ အဲလိုမျိုး လူ့အခွင့်အရေးချိုးဖောက်တဲ့ အပြုအမူတွေပြုမူတာကလဲ
HIV ရောဂါပိုးကူးစက်ရာမှာ နောက်ပြီးတော့ ပိုပြီးတော့ပြန့်ပွားရမှာ ပိုပြီးတော့တွန်းအားပေးသလို
ဖြစ်နေပါတယ်။




သောကြာ, 02 ဇူလိုင် 2010



VOA - အမျိုးသမီး နဲ့ HIV ရောဂါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top