16
Jan

အမျိုးသမီး လိင်အလုပ်သမများ အတွက် ဥပဒေသစ် ပေါ်ထွက်စေရေး ထောက် ခံပေးမည်

အမျိုးသမီး လိင်အလုပ်သမားများ အတွက် ဥပဒေ ထွက်ပေါ်လာရေးအတွက် ရာနှုန်းပြည့် ထောက်ခံအားပေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသူ ဒေါ်စူစန်နာလှလှစိုးက ဇန်န၀ါရီလ (၁၅) ရက်နေ့က ဆီဒိုးနား ဟိုတယ် ၌ပြုလုပ်သော Gender Issue ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

“ကျွန်မကတော့ ဒီ human right, women right အခွင့်အရေး လှုပ်ရှားသူ တစ်ယောက်အနေနဲ့ အဲ့ဒါကို 100 % ထောက်ခံ ပါတယ်၊ အဲ့ဒီ အဆိုဖြစ်အောင်လည်း ကျွန်မတို့ advocate လုပ်ခဲ့တာ ဆယ်စုနှစ် ကျော်ကျော်လောက် ရှိပါပြီ၊ ကျွန်မတို့ ဒီအမျိုးသမီး sexworker တွေ အတွက် အလုပ်လုပ်ခဲ့တာ သူတို့အတွက် အရမ်းကို နာကျင်ပေးရတယ်၊ ဘာလို့လည်းဆိုတော့ ဒီလိုမျိုး တရားဝင် ဥပဒေမရှိတဲ့ အတွက်ကြောင့် ရိုးရိုး sexworker မဟုတ်ဘူး၊ အမျိုးသမီး တစ်ယောက်အနေနဲ့ ပိုက်ဆံအိတ်ထဲမှာ ဒီကွန်ဒုံး ထည့်ထားလို့ရှိရင် ရဲက အချိန်မရွေး ဖမ်းနိုင်တယ်” ဟု ဒေါ်စူစန်နာလှလှစိုးက ပြောသည်။

ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေမှ ထိုဥပဒေအား လွှတ်တော်တွင် အဆိုတင်သွင်းလာလျှင် ကန့်ကွက်သွားမည်ဟု ပြည်တွင်းဂျာနယ်များ၌ ၂၀၁၃ နှစ်ဆန်းပိုင်းက ပြောကြား ခဲ့ထားကြောင်း သိရသည်။

လိင်လုပ်သားများ ပပျောက်ရေးအတွက် နိုင်ငံတော်မှ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြဌာန်းခဲ့သည်။ ယခင်က လိင်လုပ်သားများအား  တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင်ကြောင်းနှင့်  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုအစိုးရ လက်ထက်၌ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အဖြစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

“ကျွန်မကတော့ ဒီလောကထဲ ဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့ အတွက် အခွင့်အရေးလေး တွေရလာရင်တော့ ၀မ်းသာမိမှာပါ။” ဟု အင်းလျားကန်တွင် ကျက်စားနေသော အမျိုးသမီး လိင်အလုပ်သမား တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဥပဒေများ မရှိသည့်အတွက် ၎င်းတို့ အလုပ်လုပ်လျှင် customer များ၏ ၀ိုင်းဝန်းအနိုင်ကျင့် မှုအား ခံရကြောင်းနှင့် customerများနှင့် ဆက်ဆံလျှင် အချို့လူများမှာ ကွန်ဒုံး သုံးရန် ငြင်းပယ်ခြင်းကြောင့် လိင်လုပ် အလုပ်သမများအနေဖြင့် HIV ပိုး ကူးစက်ခံနေရသည့် အတွက် ဥပဒေ လိုလားနေခြင်း ဖြစ်ကြောင်းကိုလည်း လိင်လုပ် အလုပ်သမများက ဆိုသည်။

မြစ်မခ - အမျိုးသမီး လိင်အလုပ်သမများ အတွက် ဥပဒေသစ် ပေါ်ထွက်စေရေး ထောက်ခံပေးမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top