30
May

အမျိုးသားချင်း လိင်တူဆက်ဆံသူအမျိုးသားတွေအကြား အေအိုင်ဒီအက်စ် ကူးစက်နိုင်မှုနှုန်းပိုများ



Fridae news letter လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဟာ တခြားလိင်ကွဲဆက်ဆံသူတွေထက်
အေအိုင်ဒီအက်စ်ရောဂါကူးစက်နိုင်မှုနှုန်း (၁၉)ဆ ပိုများတယ်လို့ အမေရိကန်အခြေစိုက်
အေအိုင်ဒီအက်စ် ရောဂါသုတေသနရှာဖွေရေးအဖွဲ့
amFAR က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၂၈
နိုင်ငံထဲမှာ နိုင်ငံတ၀က်လောက်က အမျိုးသားချင်း လိင်တူဆက်ဆံတဲ့
အမျိုးသားတွေကြားမှာ အေအိုင်ဒီအက်စ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့တာဝန်ပျက်ကွက်နေသေးတယ်လို့
ဒီအဖွဲ့ကပဲ ၂၀၀၈ခုနှစ် သြဂုတ်လ ၄ ရက်က မက္ကဆီကိုမြို့မှာကျင်းပခဲ့တဲ့
ကမ္ဘာ့အေအိုင်ဒီအက်စ်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

 

ဒီညီလာခံမှာ
အေအိုင်ဒီအက်စ်နှင့်ပတ်သက်တဲ့ အစီရင်ခံစာတွေကို နိုင်ငံပေါင်း ၁၂၈ နိုင်ငံက
ကိုယ်စားလှယ်တွေက တင်သွင်းခဲ့ပါတယ်။ ၄၄ နိုင်ငံရဲ့ အစီရင်ခံစာ
ထွက်ဆိုချက်တွေအရဆိုရင် ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အေဂျင်စီအနေဖြင့်
အမျိုးသားချင်းလိင်ဆက်ဆံသူတွေအကြား အေအိုင်ဒီအက်စ်ရောဂါ နဲ့ပတ်သက်ပြီး
လိုအပ်တဲ့ပညာပေးတာတွေ 
သတင်းအချက်အလက်ဖြန့်ဝေတာတွေ လုံလုံလောက်လောက်လုပ်ဖို့  ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
amFAR
အဖွဲ့ဟာ
အေအိုင်ဒီအက်စ်ရောဂါနဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကာကွယ်ရေးနဲ့
ကုသမှုလုပ်ငန်းတွေ၊ နိုင်ငံတကာလှုံ့ဆော်မှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့
ထိပ်တန်းပရဟိတအဖွဲ့အစည်းတခုဖြစ်ပါတယ်။

 

အိတ်ခ်ျအိုင်ဗွီရောဂါပိုးဟာ
အမျိုးသားချင်း လိင်တူဆက်ဆံသူများအကြား ကူးစက်ပြန့်ပွားမှုနှုန်း တိုးမြင့်နေတာတောင်
အရေးယူလုပ်ဆောင်ဖို့အတွက် ပျက်ကွက်နေပါသေးတယ်
လို့ အဖွဲ့ကိုယ်စားလှယ်က နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာ
ကျန်းမာရေးအေဂျင်စီများအားလုံးကို 
ညီလာခံနိဂုန်းချုပ်အမှာစကားမှာ ထည့်သွင်းပြောကြားသတိပေးခဲ့ပါတယ်။
ဒီညီလာခံမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတခုဖြစ်တဲ့
“MSM, HIV, and the Road to
Universal Access – How Far Have We Come?”
လို့အမည်ရတဲ့ အစီရင်ခံစာတစောင်ထဲမှာ နိုင်ငံတွေထဲမှာ
လိင်တူချစ်ခြင်းအပေါ် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားနေခြင်းက လိင်တူချင်းဆက်ဆံတဲ့
အမျိုးသားတွေအကြား အိတ်ခ်ျအိုင်ဗွီပိုးကူးစက်မှုနှုန်း
ပိုမိုလျှင်မြန်စွာတိုးပွားလာစေတဲ့ အချက်ဖြစ်တယ်လို့ တင်ပြအစီရင်ခံထားပါတယ်။

 

အခြားအစီရင်ခံစာတခုမှာလဲ  လိင်တူချစ်ခြင်းကို ရာဇ၀တ်မှုအဖြစ်
သတ်မှတ်ထားသည့် နိုင်ငံ (၁၀) နိုင်ငံထဲက (၇) နိုင်ငံမှာ အမျိုးသားချင်း
လိင်တူဆက်ဆံသူများအကြား အိတ်ခ်ျအိုင်ဗွီရောဂါပိုးကူးစက်မှုနှုန်း ပိုမို
မြင့်မားနေတယ်လို့ အစီရင်ခံတင်ပြထားပါသေးတယ်။



အမျိုးသားချင်း
လိင်တူဆက်ဆံသူအမျိုးသားတွေအကြား အေအိုင်ဒီအက်စ် ကူးစက်နိုင်မှုနှုန်းပိုများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top