20
Feb

အမှုကြီး ၁၀မျိုးဝင်မုဒိမ်းမှုဖြစ်နှုန်း မြင့်တက်၊ အမှုကြီး ၁၀မျိုးပေါင်း ဖြစ်နှုန်း လျော့ကျ



ရန်ကုန်တိုင်း၌
ဖြစ်ပွားခဲ့သော အမှုကြီး ၁၀မျိုးတွင် မုဒိမ်းမှုဖြစ်နှုန်း မြင့်တက်ခဲ့သော်လည်း အမှုကြီး
၁၀ မျိုးပေါင်း ဖြစ်ပွားခဲ့သည့် စုစုပေါင်းအရေအတွက်မှာမူ လျော့ကျခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း၌
ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးမှာ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊
ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ သစ္စာဖောက်မှု၊ လက်နက်မှုနှင့် မတရားအသင်းမှုတို့ ဖြစ်ပြီး
ယင်းအမှုကြီး ၁၀ မျိုးသည် ၂၀၀၈ ခုနှစ်၌ စုစုပေါင်း အရေအတွက် ၂၅၀ ဖြစ်ပွားခဲ့ကာ ၂၀၀၉
ခုနှစ်တွင် ၂၁၂ မှုသာ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်ပွားနှုန်း လျော့ကျခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

ယင်းသို့
စုစုပေါင်းအမှုကြီးဖြစ်ပွားနှုန်း လျော့ကျခဲ့သော်လည်း  တစ်မှုချင်းအနေဖြင့် လုယက်မှု၊ မုဒိမ်းမှုနှင့် ပြန်ပေးမှုတို့သာ
ဖြစ်ပွားနှုန်းမြင့်တက်ခဲ့ကြောင်း မုဒိမ်းမှုဖြစ်ပွားနှုန်းမှာ ၂၀၀၈ ခုနှစ်တွင် ၇၄ မှု
ဖြစ်ပွားရာမှ ၂၀၀၉ ခုနှစ်တွင် ၇၅ မှုဖြစ်ပွားခဲ့ကြောင်း၊ လုယက်မှုမှာ ၂၀၀၈ ခုနှစ်တွင်
၁၂ မှုဖြစ်ပွားရာမှ  ၂၀၀၉ ခုနှစ်တွင် ၃၂ မှု ဖြစ်ပွားခဲ့ကြောင်း၊
ပြန်ပေးမှုဖြစ်ပွားနှုန်းမှာ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားမှုမရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင်
နှစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူသတ်မှုမှာမူ
အရေအတွက်အားဖြင့် ဖြစ်ပွားနှုန်းအမှု ၂၀ ကျော် ကျဆင်းခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ၁၀၂
မှုရှိနေရာမှ ၂၀၀၉ ခုနှစ်တွင် ၇၅ မှုသာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့အတူ မတရားအသင်းအမှုမှာ
၂၀၀၈ ခုနှစ်တွင် ၄၂ မှုဖြစ်ပွားခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ၁၉ မှုသို့ ကျဆင်းခဲ့ကြောင်း
သိရသည်။

ရန်ကုန်တိုင်းအတွင်း
အမှုကြီး ၁၀ မျိုးဖြစ်ပွားနှုန်း စုစုပေါင်းအား ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့နှင့်
နှိုင်းယှဉ်ပါက ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားမှု ၃၈မှုအထိ လျော့ကျခဲ့ကြောင်း သိရသည်။

လူသတ်မှုအား
အရေးယူသည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မမှာ ၃၀၂ ဖြစ်ပြီး သေဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း၊
ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးပိုင်မှုဖြစ်ပြီး အာမခံမပေးနိုင်သော အမှုဖြစ်ကြောင်း
သိရသည်။  ဓားပြမှုအား အရေးယူသည့် ပြစ်မှုပုဒ်မမှာ
၃၉၅ ဖြစ်ပြီး တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အပြင်
ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ရဲအရေးပိုင်မှုဖြစ်ပြီး အာမခံမပေးနိုင်သော အမှုဖြစ်ကြောင်း
သိရသည်။

လုယက်မှုအား
အရေးယူသည့် ပြစ်မှုပုဒ်မမှာ ၃၉၄ ဖြစ်ပြီး တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ အလုပ်ကြမ်းနှင့်
ထောင်ဒဏ်အပြင် ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ရဲအရေးပိုင်မှုဖြစ်ပြီး အာမခံမပေးနိုင်သော
အမှုဖြစ်ကြောင်း သိရသည်။

မုဒိမ်းမှုအား
အရေးယူသည့်ပြစ်မှုပုဒ်မမှာ ၃၇၆ ဖြစ်ပြီး နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးဖြစ်စေ တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးအပြင်
ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

FIRST
– 11 အမှုကြီး ၁၀မျိုးဝင် မုဒိမ်းမှုဖြစ်ပွားနှုန်းအနည်းငယ် မြင့်တက်သော်လည်း အမှုကြီး
၁၀ မျိုးပေါင်း ဖြစ်ပွားမှုနှုန်း လျော့ကျ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top