အလုပ်ခွင်အတွင်း စိတ်ဖိစီးမှု များနှင့် အိမ်ပြန်ရောက်သောအခါ စိတ်ဖိစီးမှုပြေပျောက်ရန် ဘီယာ အေးအေးကို ဖွင့်ဖောက်သောက်သုံး လေ့ရှိကြသည်။ ယခုလေ့လာမှုအရ အပတ်စဉ်အရက်အနည်းငယ် (၅ ယူနစ်) သောက်သုံးခြင်းသည် သုက်ပိုး စွမ်းရည်ကို ကျဆင်းစေကြောင်းတွေ့ ရှိရသည်။ ထိုလေ့လာမှုအတွက် ဒိန်း မတ်နိုင်ငံတောင်ပိုင်း တက္ကသိုလ်မှ Prof.Tina Kold Jensen နှင့် အဖွဲ့ သည် လေ့လာခဲ့သည်။
လွန်ခဲ့သော လေ့လာမှုများတွင် တိရစ္ဆာန်များကို အရက်ပေးရာ သုက်ပိုးအရည်အသွေး လျော့နည်းကြောင်းတွေ့ရှိခဲ့ရသည်။ ယခုလေ့လာမှုအတွက် အသက် ၁၈ နှစ်နှင့် ၂၈ နှစ်ကြားအမျိုးသား ၁၂၂၁ ဦးကို လေ့လာခဲ့သည်။ ၎င်းင်းကိုဆီမှ သွေးနှင့် သုက်ပိုးနမူနာများကို ယူပြီး လေ့လာခဲ့သည်။ အရက်သောက်သူ များသည် သွေးတွင်းရှိ Sexhormo-ne binding globulin (SHBG) သည် ကျဆင်းနေကြောင်းတွေ့ရှိခဲ့ရ သည်။
မာဃ - Vol(139)
Ref:MNT
Health Updates Journal - အရက်နှင့် သုက်ပိုး




