အရွယ်ရောက်ချိန်
(Puberty) ကို ဆေးပညာတွင် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
“ယောက်ျားလေးတစ်ယောက်
သို့မဟုတ် မိန်းကလေးတစ်ယောက်သည် လိင်ပိုင်းဆိုင်ရာ၌ ပြည့်ဝစွာ ဖွံ့ဖြိုးပြီး
မျိုးပွားခြင်းလုပ်ငန်း စတင်နိုင်သည့်အချိန်ကို အရွယ်ရောက်ချိန်ဟု ခေါ်ဆိုသည်။”
လူတစ်ယောက်၏ မျိုးပွားခြင်းဆိုင် ရာ လုပ်ငန်း၏ ဇီဝကမ္မသဘောမှာ ထူးခြားမှုရှိသည်ဟု
ဆိုနိုင်သည်။ လူ တစ်ယောက်၏ နှလုံးသည် သန္ဓေသား ဘဝမှပင် စတင်၍ လုပ်ငန်းများ
လုပ်ဆောင်ခဲ့ရာ သေဆုံး သည့် တိုင်အောင်ဖြစ်သည်။ အဆုတ်တစ်စုံ၏ အသက်ရှူ သွင်း
ရှူထုတ်ခြင်းမှာလည်း မွေးဖွားသည့် အချိန်မှ စတင်ခဲ့သည်မှာ နောက်ဆုံးထွက်သက်
အထိပင်ဖြစ်သည်။ သို့ သော် မျိုးပွားခြင်းလုပ်ငန်းမှာ အရွယ် ရောက်ချိန်မှ စတင်သည်။
မသေဆုံးမီကာလတစ်ခု
(မျိုးပွားခြင်းရပ်တန့်ချိန်)မှာ ပြီးဆုံးသွားခဲ့သည်။ အရွယ်ရောက်ချိန် (Puber ty)
မှ စတင်ခဲ့သော မျိုးပွားခြင်းလုပ်ငန်းမှာ မျိုးပွားခြင်းရပ်တန့်ချိန် (Climacteric)
တွင် ပြီးဆုံး သွား ခဲ့သည်။ မျိုးပွားခြင်းလုပ်ငန်း အရွယ်ရောက်ချိန်၌
စတင်ပေါ်ပေါက်လာရခြင်း အကြောင်းကို ဆေးပညာ ရှင်များက လေ့လာသုတေသန ပြုခဲ့ကြသည်။
ဤတွင် တင်စားသုံးနှုန်းသော အဖြေစကားတစ်ရပ် ရှိလာသည်။ “အိပ်ပျော်နေသော
ဟိုက်ပိုသားလမတ် (Hypothalamus) နိုးလာခြင်းကြောင့် အရွယ် ရောက်ချိန်
ဖြစ်လာရခြင်းဖြစ်သည်”ဟု ဆိုပါသည်။ ဟိုက်ပိုသားလမတ်သည် ဦးနှောက်၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး
လုပ်ငန်းပေါင်းများစွာ လုပ်ဆောင်ပေးသည်။ ဟိုက်ပိုသားလမတ်ကို ယနေ့အချိန် တွင်
ဇီဝနရီဟုပင် သုံးနှုန်းခေါ်ဆို လာကြသည်။ ဟိုက်ပိုသားလမတ်သည် ဝှေးစေ့နှင့်
မမျိုးဥအိမ်တို့၏ အဓိကလုပ်ငန်းနှစ်ခု (က)လိင်ဟော်မုန်း ထုတ်လုပ်ခြင်းနှင့် (ခ)
မျိုးဥတည်ဆောက်ခြင်း အမျိုးသားများ တွင် သုက်ပိုးတည်ဆောက်ခြင်းနှင့်
အမျိုးသမီးများတွင် မမျိုးဥ တည်ဆောက်ခြင်းတို့ကို ထိန်းချုပ်ပေး သည်။
မျိုးပွားခြင်း
လုပ်ငန်းနှင့်ဆိုင်သော လုပ်ငန်းများကို ဟိုက်ပိုသားလမတ်က လှုံ့ဆော်မှုမပြုဘဲ အရွယ် ရောက်ချိန်အထိ
အိပ်ပျော်နေခဲ့သည်ဟု တင်စားသုံးနှုန်းပါသည်။ ဟိုက်ပိုသားလမတ် အိပ်ပျော်နေ မှုကြောင့်
ဝှေးစေ့နှင့် မမျိုးဥအိမ်တို့ အလုပ်မလုပ်ဘဲ ရှိနေခဲ့ကြရာမှ ဟိုက်ပိုသားလမတ်
အိပ်ရာမှ နိုးလာချိန်တွင် မျိုးပွားခြင်း လုပ်ငန်းများ စတင်ဖြစ် ပေါ်လာရသည်ဟု
ဇီဝကမ္မဗေဒ ပညာရှင်များက လက်ခံထားပါသည်။ တစ်နည်းအားဖြင့် မျိုးပွားခြင်း လုပ်ငန်းအတွက်
ဇီဝနရီဖြစ်သည့် ဟိုက်ပိုသားလ မတ်သည် အရွယ်ရောက်ချိန် မတိုင်မီ စက်ရပ်တန့်နေသည်ဟု
ဆိုရမည်။ ဇီဝနရီမှ စတင်အချက်ပေး လိုက်ခြင်း၊ ဇီဝနရီ စတင် လှုပ်ရှားခြင်းကြောင့်
အရွယ်ရောက်ချိန် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အရွယ် ရောက်ချိန်တွင် ဇီဝနရီဖြစ်သော
ဟိုက်ပိုသားလမတ်သည် ဟော်မုန်းများ ထုတ်ပေးပြီး ပီကျူထရီ ဂလင်းကို
လှုံ့ဆော်လိုက်သည်။ ပီကျူထရီဂလင်း (Pituitary Gland) ကထပ်ဆင့်၍ ဟော်မုန်းများ
ထုတ်ပေးလိုက်ပြီး ဝှေးစေ့နှင့် မမျိုးဥအိမ်တို့၏ လုပ်ငန်းများကို
စတင်စေလိုက်ခြင်းဖြစ်သည်။
ရေးသားသူ-ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)




