10
Jan

အလုပ်ဆက်လုပ်သင့်သလား(၂)

အဖြစ်အပျက် - ၂
ကိုသူရဟာ အသက် ၃၇ နှစ်ဝန်းကျင်ရှိပြီ ဖြစ်တဲ့ အီတလီ စကားပြောဧည့်လမ်းညွှန် တယောက်ပါ။ သူ့ရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ ဘာသာစကား တတ်ကျွမ်းမှုတို့ကြောင့် သူလုပ်ကိုင် နေတဲ့ ခရီးသွား ကုမ္ပဏီက သူ့ကို အတော်အားထားနေရပါတယ်။ လွန်ခဲ့တဲ့လက သူ့မှာ HIV ပိုးရှိနေတယ်လို့ သိခဲ့ရပါတယ်။ သူ့အနေနဲ့ ရောဂါပိုးရှိ တာကြောင့် စိတ်ဓာတ်ကျပြီး အလုပ်ဆက်လုပ်သင့်၊ မလုပ်သင့်ကို စဉ်းစားနေပါတယ်။ သူ့အနေနဲ့  ဘာဆက်လုပ်သင့်တယ်လို့ ထင်ပါသလဲ။

၁။ ကိုသူရအနေနဲ့ သူ့မှာ ဒီရောဂါရှိနေတာကို သူ့ကုမ္ပဏီကို ပြောပြသင့်သလား။ ဘာကြောင့်လဲ။
၂။ သူ့အလုပ်အကိုင်က သူ့ကျန်းမာရေး အခြေအနေကို ထိခိုက်နိုင်သလား။ ဘာကြောင့်လဲ။
၃။ သူအလုပ်မှာ သူနဲ့ ထိတွေ့နေရတဲ့ သူတွေကရော ရောဂါပိုးကူးစက်သွားနိုင်သလား။ ဘာကြောင့်လဲ။
၎။ တက်လို့ ကိုသူရနေရာမှာ သင်ဆိုရင်ကော ဘာဆက်လုပ်မယ် စိတ်ကူးပါသလဲ။ ဆွေးနွေးပါ။

အဖြစ်အပျက် - ၃
မြမြဟာ ဆေးရုံ တစ်ရုံမှာ အလုပ်လုပ်တဲ့ သူနာပြုဆရာမ တစ်ဦးပါ။ အဖျားမကျတာ တစ်လာကျော်လာလို့ ဆေးစစ်ကြည့်ရင်း HIV ပိုးရှိနေတာ သိလိုက်ရပါတယ်။ သူဟာ အမေအိုကြီး တစ်ယောက်ကို လုပ်ကျွေးနေရသူ တစ်ဦးပါ။ သူ့မှာ ရောဂါပိုးရှိနေတယ်လို့ သိသိချင်း သူ့အမေအတွက် အရမ်းကို စိတ်ပူသွားပါတယ်။ ဆွေမျိုး အရင်း အချာ ဘယ်သူမှ မရှိတဲ့အတွက် ငွေကြေးပိုင်းမှာလည်း သူအလုပ်မလုပ်နိုင်ရင် ထောက်ပံ့ပေးမဲ့ သူမရှိပါဘူး။ သူ့အနေနဲ့ ဘာဆက်လုပ်သင့်ပါသလဲ။

၁။ ဆေးရုံအနေနဲ့ မြမြကို အလုပ်က ထုတ်ပယ်သင့်သည်ဟု ထင်ပါသလား။ ဘာကြောင့်လဲ။
၂။ သူ့အလုပ်အကိုင်က သူ့ကျန်းမာရေး အခြေအနေကို ထိခိုက်နိုင်သလား။ ဘာကြောင့်လဲ။
၃။ သူအလုပ်မှာ သူနဲ့ထိတွေ့နေရတဲ့ သူတွေကရော ရောဂါပိုး ကူးစက်သွားနိုင်သလား။ ဘာကြောင့်လဲ။
၎။ သင်သာ မြမြနေရာမှာဆိုရင် ဘာလုပ်မလဲ။ ဘာတွေလုပ်နိုင်မယ်လို့ ထင်ပါသလဲ။

အဖြစ်အပျက် - ၎
သင်နဲ့ အတူ အလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ ခုတလော ခဏခဏ ခွင့်ယူနေတယ်။ ပိန်လည်း တော်တော်ကို ပိန်သွားတယ်။ သူအပျော်အပါး လိုက်စားခဲ့တယ် ဆိုတာလည်း သင်သိနေတယ်။ သူ့မှာ HIV ပိုးရှိနေပြိလို့ သင်ထင်နေတယ်။ ဘာဆက်လုပ်မလဲ။ သင်လုပ်နိုင်တဲ့ အလုပ်တွေထဲက တချို့ကို အောက်တွင် ဆက်လက်ဖော်ပြပေးထား ပါသည်။ ဆွေးနွေးကြည့်ပါ။

၁။ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့အကြောင်းကို ပြောဆိုရှူံ့ချမယ်။ ဒါဆိုရင် အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်က ဘာဖြစ်နိုင်မလဲ။

၂။ သူ့ကို အလုပ်က ထွတ်ခိုင်းဖို့ သင့်မန်နေဂျာကို သင့်တို့အားလုံး သွားတိုက်တွန်းမယ်။ သူရှိနေခြင်းအားဖြင့် အလုပ်မှာ အကျိုးထိခိုင်နိုင်သလား။ ဘာကြောင့်လဲ။ သူအလုပ်ထွက်သွားရင်ကော သူ့ရဲ့ စိတ်ဓာတ်ရေးရာမှာ ထိခိုက်မှု ရှိနိုင်သလား။ ဘာကြောင့်လဲ။

၃။ မန်နေဂျာကို သူ့ကို အခုလက်ရှိအလုပ်ထက် ပိုသက်သာတဲ့ အလုပ်ကို လုပ်ခိုင်းဖို့ ဝိုင်းပြောပေးမယ်။ လုပ်ဖော်ကိုဖက်တွေ အားလုံးက သူအလုပ်မလာနိုင်တဲ့ အချိန်မှာ သူ့အလုပ်တွေကို ကူလုပ်ပေးမယ်။ အဲဒီလိုဆိုရင်ကော သူ့အနေနဲ့ ဘယ်လိုမြင်မယ်ထင်လဲ။ ဘာကြောင့်လဲ။

၎။ အလုပ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက ဝိုင်းဝန်းပြီး သူ့ကိုအားပေး နှစ်သိမ့်မယ်။ သူ့မှာ လိုအပ်မဲ့ အကူအညီတွေကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးမယ်။ ဒါဆိုရင်ကော သူဘယ်လိုခံစားရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုတုံ့ပြန်လာနိုင်သလဲ။ ဘာကြောင့်လဲ။

၅။ သင့်မှာ HIV ပိုးရှိနေပြိဆိုပါတော့၊ အထက်ပါ အပြုအမှုများအနက် မည်သည့် အပြုအမှုများက အထောက်အကူဖြစ်မဲ့ အပြုအမှုလို့ ထင်ပါသလဲ။ ဘာကြောင့်လဲ။

ပင်လယ်ပြာပြာ - "အလုပ်ဆက်လုပ်သင့်သလား" မှ ပြန်လည် ရေးသားဖော်ပြထားပါတယ်..........

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top