လုပ်အကိုင်ရှာသူ
မြန်မာမိန်းကလေးအချို့ တရုတ်နိုင်ငံသို့ ရောင်းစားခံရခြင်းများ ယခုနှစ်အတွင်း၌လည်း
ဖြစ်ပွားနေဆဲဖြစ်ပြီး သက်ဆိုင်ရာက အမှုဖွင့်အရေး ယူခဲ့ရကြောင်း သတင်းရရှိသည်။
အလုပ်အကိုင်ရှာသူ
မိန်းကလေးအချို့ တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် ဖြစ်ရပ်များသည် ယခုနှစ် ဖေဖော်ဝါရီလနှင့်
မတ်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရောင်းစားခံခဲ့ရသည့် အသက်အရွယ် အပိုင်းအခြားများမှာ
အသက် ၁၆ နှစ်၊ ၁၈ နှစ်၊ ၂၂ နှစ် နှင့် ၄၅ နှစ်
အရွယ် များဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့
ရောင်းစားခံရသည့် အသက် ၁၆ နှစ်နှင့် အသက် ၄၅ နှစ်ရှိ အမျိုးသမီးနှစ်ဦး၏ ဖြစ်ရပ်မှာ
ယခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် မှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့တွင်
သန်လျင်မြို့နယ် လက်ယက်စမ်းရွာနေ အသက် ၃၃ နှစ်ရှိ တရားလို မသန်းသန်းဦးသည် နေအိမ်တွင်
ရှိနေစဉ် သန်လျင်မြို့နယ်နေ အသက် ၄၀ နှစ်ရှိ ဖိုးထူးရောက်ရှိလာပြီး ကော့သောင်းတွင် အလုပ်ရ မည်ဟု ပြောခဲ့ကြောင်းသိရသည်။
ထို့နောက်
မသန်းသန်းဦး၏ သမီးဖြစ်သူ အသက် ၁၆ နှစ်ရှိ မ၀င်းစန္ဒာနှင့် အသက် ၄၅ နှစ်ရှိ ဒေါ်အေးမြင့်(စုံစမ်းဆဲ)တို့အား
ဖိုးထူးနှင့် ဇော်မိုး(စုံစမ်းဆဲ)တို့မှ ကြိုတင်လစာသုံးလစာ ပေးခဲ့ကြောင်း သိရသည်။ ယခုနှစ်
မတ်လ ၇ ရက်နေ့တွင် ဒေါ်အေးမြင့်သည် နေအိမ်သို့ရောက် ရှိလာပြီး မ၀င်းစန္ဒာနှင့် ၄င်းအား
တရုတ်ပြည်တွင် ရောင်းစားခံရကြောင်း၊ ၄င်းမှာ ထွက်ပြေးလွတ်မြောက် လာကြောင်း ပြောပြ၍
သိရှိခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့်
တရားခံဖိုးထူးနှင့် ဆက်သွယ်သူများအပေါ် အရေးယူပေးရန်
သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ စခန်းက (ပ) ၃၂၂/၂၀၁၀ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ညီအစ်မနှစ်ဦး
ရောင်းစားခံရ သည့်ဖြစ်စဉ်မှာယခုနှစ် ဖေဖော်ဝါရီ
လအတွင်း ဖြစ်ပွားခဲ့ကြောင်းသိရ သည်။ မင်္ဂလာဒုံမြို့နယ်နေ အသက် ၄၀ နှစ်ရှိ တရားလို ဒေါ်ညွန့်တင်သည်
ယခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ၄င်း၏ သမီးနှစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်နှင့် အသက်
၂၂ နှစ်ရှိသူတို့အား ၄င်းနှင့်ရင်းနှီးသူ အသက်
၄၉ နှစ်ရှိ ဒေါ်သိန်းမြင့်ရီ မင်္ဂလာဒုံမြို့နယ်နေသူက မူဆယ်ရှိ စတိုးဆိုင်တစ်ဆိုင်တွင်
အလုပ်ရမည်ဟု ပြောခဲ့ကြောင်း သိရသည်။
အလုပ်ရမည်ဟု
ပြောပြီး သမီး နှစ်ဦးအား ခေါ်ဆောင်သွားခဲ့ကြောင်း၊ ကားဂိတ်တွင်စောင့်နေသော အမျိုးသားတစ်ဦးနှင့်
လိုက်သွားရန်ပြော၍ သမီးနှစ်ဦးက လိုက်သွားခဲ့ကြောင်း ယခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်
သမီးနှစ်ဦးရောင်းစားခံရ၍ ထွက်ပြေးလာသည်ကို မူဆယ်မြို့ရှိ သက်ဆိုင်ရာက ကယ်တင်ထိန်းသိမ်း
နိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများအား သက်ဆိုင်ရာ က(ပ) ၅၉/၂၀၁၀
ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
လူမှောင်ခိုသူများ
တရုတ်နိုင်ငံသို့ တရားမ၀င်သွားရောက်သည့် လမ်းကြောင်းများမှာ ဗန်းမော် -လွယ်ဂျယ်- ရင်ကျန်း-
တရုတ်၊ မြစ်ကြီးနား-ခေါင်လန်ဖူး-ရှိန်းခေါင် -ဖူကုန်း-တရုတ်၊ ဗန်းမော်-၀ိုင်းမော်
-လိုင်ဇာ- တရုတ်၊ဗန်းမော်-နမ့်ခမ်း -မန့်ဟီးရိုး- ရွှေလီ-တရုတ်၊ မူဆယ်-ရွှေလီ-တရုတ်၊
ချင်းရွှေ ဟော်-ကိန်းမ-တရုတ်စသည့် လမ်းကြောင်းများဖြစ်ကြောင်း သိရသည်။
FIRST
11 - အလုပ်ရှာသူ မြန်မာမိန်းကလေးအချို့ တရုတ်နိုင်ငံသို့ ရောင်းစားခံရ




