25
Aug

အလိုမတူ ပြည့်တန်ဆာ လုပ်ခိုင်းသူများအား အမှုဖွင့်အရေးယူ

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင်နေထိုင်သည့် အသက် ၁၄ နှစ်အရွယ်အမျိုးသမီးလေးတစ်ဦး အား ယခုနှစ် ၆ လပိုင်းက အလို မတူဘဲ အဓမ္မပြည့်တန်ဆာပုံစံ ပြုလုပ်စေ ခိုင်းခဲ့သူလေးဦးအား ယခုလ ပထမပတ်မှစတင်၍ အမှုဖွင့်အရေး ယူခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။ အခင်းဖြစ်ပွားပုံမှာ ယခုနှစ် ဇွန်လပိုင်း က ဒေါပုံမြို့နယ်တွင်နေထိုင် ပြီး အဝတ်လျှော်အလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူသည် မိခင်အလုပ်လုပ်ကိုင်သည့် ပန်းဘဲတန်းမြို့နယ်သို့ လိုက်ပါလာခဲ့သည်။

ပြီးနောက် ပျောက်ဆုံးသွားသဖြင့်   စုံစမ်းခဲ့ရာ ဒလမြို့ နယ်နေသူ အမျိုး သမီးတစ်ဦးနှင့် အမျိုးသားသုံးဦးက ခေါ်ဆောင်သွားကြောင်း သိရသဖြင့် နောက်တစ်နေ့မနက် ၆း၃ဝ တွင် ယင်းအမျိုးသမီးနေ အိမ်သို့သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူအားတွေ့ ရပြီး ပြန်လည်ခေါ်ယူလာနိုင်ခဲ့ ကြောင်း၊ ဒလမြို့နေ အမျိုးသမီး၏ခင်ပွန်းဖြစ်သူက သူမအား အဓမ္မပြုကျင့် ခဲ့ကြောင်း၊ ထို့နောက် အမျိုးသား ၃ ဦးထံမှ ငွေကျပ် ၇ဝဝဝ ရယူ၍ သူမအားပျော်ပါးစေခဲ့ကြောင်း စုံစမ်း သိရသဖြင့် မိခင်ဖြစ်သူက အရေးယူ ပေးပါရန် ဒလမြို့နယ်ရဲစခန်းသို့ တိုင် ကြားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဒလမြို့ နယ်နေသူ အမျိုးသမီးတစ်ဦးအပါ အဝင် အမျိုးသမီး ၃ ဦးအား ဒလ မြို့နယ်ရဲစခန်းမှ ပ(၄၃၆)/ ၁၁၊ ပုဒ်မ ၃၇၂/ ၁၁၄ တို့ဖြင့် ဖမ်းဆီးအရေး ယူထားကြောင်း ယင်းရဲစခန်းမှသိရသည်။

နိုင်လင်း
popular news - အလိုမတူ ပြည့်တန်ဆာ လုပ်ခိုင်းသူများအား အမှုဖွင့်အရေးယူ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top