4
Dec

အလှဖန်တီးရှင်များ၏ ကမ္ဘာ့ AIDS နေ့ အထိန်းအမှတ်ပြိုင်ပွဲ ရွှေ့ဆိုင်းရ



နိုင်ငံကျော်
အလှဖန်တီးရှင်များက ဦးဆောင်၍ ရန်ကုန်တိုင်း ကရဝိတ် မျှော်စင်ကျွန်း၌ ကျင်းပရန် စီစဉ်ထားသည့်
ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သူများနှင့်
နီးစပ်သူများက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်
ကရဝိတ် မျှော်စင်ကျွန်း၌ ကွန်ဒုံး Condom အလှဆင်ရင်ပွဲနှင့် Fashion မယ်ပြိုင်ပွဲအား
ကျင်းပရန် စီစဉ်ထားပြီးမှ ရန်ကုန်တိုင်းမှူးက လက်မှတ်မထိုးပေးသဖြင့် ရက်အကန့်သတ်မရှိ
ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

 “တိုင်းမှူးကြီး ပွဲမိန့်ချလို့ မရသေးဘူး။ အဲဒီတော့
သူတို့ ပွဲမိန့်ကို အကန့်သတ်မရှိ ရွေ့လိုက်တယ် ပေါ့လေ။ ပါမစ်မရရင်လည်း မလုပ်ရဲဘူးလေ။
တိုင်းမှူးကြီးက နေပြည်တော် သွားတာလား ဘယ်သွားတာလဲတော့ မသိဘူး။ အစည်းအဝေးတွေ ရှိတယ်လို့တော့
ပြောပါတယ်” ပွဲစီစဉ်သူများနှင့် နီးစပ်သူတဦးက ပြောသည်။ 

ယင်းပွဲကို
ယနေ့နံနက် ည ၇ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း မျှော်စင်ကျွန်းအနီးတွင် ပိုစတာများဖြင့်
ကြေညာ ထားသည်။ သက်ဆိုင်ရာ ဌာနအသီးသီးမှ ခွင့်ပြုချက်များ ရရှိပြီးဖြစ်သော်လည်း တိုင်းမှူး
လက်မှတ် ထိုးရန်သာ ကျန်နေခြင်း ဖြစ်သည်။

HIV/AIDS  နှင့် နေထိုင်သူများကို ကူညီပေးနေသည့်
“Alliance” အဖွဲ့နှင့် “စာနာကူညီမှုအသင်း” တို့က ကြီးမှူးပြီး အထိန်းအမှတ်ပွဲ ပြုလုပ်ရန်
စီစဉ်ထားခြင်းဖြစ်ပြီး ရုပ်ရှင်အသိုင်းအဝိုင်းမှလည်း ပံ့ပိုးကူညီကြောင်း သိရသည်။

အထိမ်းအမှတ်ပွဲ၌
ပါဝင်ယှဉ်ပြိုင်ကြရန်အတွက် Men who sex with men (MSM)  လိင်တူချင်း ဆက်ဆံသူ Gay ၅၀ဦး၏ ဖောင်များကို ဓါတ်ပုံနှင့်အတူ
ရရှိထားပြီး ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူများနှင့် နီးစပ်သူ အခြားတဦးက ပြောသည်။

ယင်းပွဲမှရရှိသော
အလှူငွေများကို မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံခွဲဖြစ်သည့် ကူးစက်ရောဂါကု မင်္ဂလာဒုံဆေးရုံသို့
လှူဒါန်းသွားရန် ရည်ရွယ်ထားပြီး HIV/AIDS  ကူးစက်ရောဂါ
ခံစားနေရသည့် ဝေဒနာရှင် အချို့လည်း ယင်းပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း
သိရသည်။

မဇ္ဈိမ
- အလှဖန်တီးရှင်များ၏ ကမ္ဘာ့ AIDS နေ့ အထိန်းအမှတ်ပြိုင်ပွဲ ရွှေ့ဆိုင်းရ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top