3
Jul

အလှူဒါန လက်နှင့်မကွာ ရွှေစင်စင်္ကြာ

ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း) မိသားစုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ၁.၇.၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် HIV/AIDS ဝေဒနာရှင်များ အား ကူညီစောင့်ရှောက်မှုများကို ပြုလုပ်နေသော မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ထံသို့ အလှူငွေပေးအပ် လိုကြောင်း ဆက်သွယ်ခဲ့ရာ ၂.၇.၂ဝ၁၂ (တနင်္လာနေ့) ညနေ (၃း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားခန်းမဆောင်၌ ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း)မှ HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေ ၃ဝ၅ဝဝဝဝိ/- (သိန်းသုံးဆယ်ငါးသောင်း) ကျပ်တိတိအား လာရောက် လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။

HIV/AIDS Prevention and Care Section မှ ဝေဒနာရှင်စုစုပေါင်း (၃ဝဝ) ဦးခန့်အား အမှတ် (၃၇၆)၊ ကမ္ဘောဇ(၂)လမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ နေအိမ်(ဂေဟာ)နှင့် ဟိုက်စင်ဒူးဝါးလမ်း၊ စိုက်ပျိုး ရေးခြံ၊ (၁၁) ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဂေဟာတို့တွင် ပြုစုစောင့်ရှောက် ကုသပေးလျှက်ရှိသည်။ ယင်းအလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း)မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် နာရေးကူညီမှု အသင်း (ရန်ကုန်) မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။ ငွေလှူဒါန်းခြင်း အစီအစဉ်ပြုလုပ်ပြီးချိန်တွင် အမေရိကန်နိုင်ငံရှိ ပန်းချီ မင်းကျော်ခိုင် ရေးဆွဲထားသော ဒေါ်ဖြူဖြူသင်း၏ Sketch ပုံတူပန်းချီကားချပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ တစ်ဆင့် လက်ဆောင်ပေးအပ်ခဲ့သည်။ အခမ်းအနားပြီးဆုံး သွားချိန်တွင် ရွှေစင်စင်္ကြာ မိသားစုများ၊ ဝန်ထမ်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ ကုသိုလ်ဖြစ်ဆေးခန်းတွင် မကြာခင်ဖွင့်လှစ် ခွဲစိတ်ကု သပေးတော့မည်ဖြစ်သော မျက်စိခွဲစိတ်ခန်းသို့ ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း) မိသားစုများသည် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးနှင့် မိဘမဲ့ ကလေးစောင့်ရှောက်ရေး ဂေဟာများ တို့အား သိန်းပေါင်းမြောက်များစွာ စဉ်ဆက်မပျက် လှူဒါန်းသာသနာပြုနေကြသော အလှူရှင်၊ ဒါနရှင်များပင် ဖြစ်တော့သည်။

(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏။)

Kyaw Thu (FB) - အလှူဒါန လက်နှင့်မကွာ ရွှေစင်င်္ကြာ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top