19
Feb

အသက်မပြည့် မြန်မာမိန်းကလေးငယ်များ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေကြ



ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့တွင် မြန်မာကလေးပြည့်တန်ဆာ (၅၀) ခန့် အလုပ်လုပ်ကိုင်လျက် ရှိသည်ဟု အစိုးရမဟုတ်သည့်
အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက
“ကျမတို့အဖွဲ့က မဲဆောက်မှာရှိတဲ့ရုံတွေက လိင်အလုပ်သမတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ
ပေးနေရတော့ (၁)လကို (၂) ကြိမ်ရောက်ဖြစ်တယ်။ ကလေးလိင်အလုပ်သမ တွေက တရုံကို ပျမ်းမျှ
(၃) ဦးတော့ရှိတယ်။ မဲဆောက်မှာ ရုံပေါင်း (၁၅) ရုံလောက် ရှိတယ်” ပြောသည်။

ကလေးပြည့်တန်ဆာ
အသုံးပြုသည့်အတွက် လွန်ခဲ့သည့် (၄) နှစ်ခန့်က ကလေးအခွင့်အရေး ကာကွယ်ရေးအဖွဲ့များနှင့်
ဒေသခံအာဏာပိုင်များ ရုံများတွင် ၀င်ရောက်စစ်ဆေးမှုများ ရှိခဲ့သည့်အတွက် အသက်မပြည့်သည့်
လိင်အလုပ်သမများကို ပြင်ပတွင် ထားရှိခြင်းဖြစ်ပြီး အလုပ်ရှိမှသာ သွားရောက်ခေါ်ဆောင်ပေးရသည်ဟု
မော်တော်ဆိုင်ကယ်ဖြင့် အကြိုအပို့ လုပ်ပေးသူ ကိုဂျက်လီက ပြောသည်။

၎င်းက
“ပြဿနာရှိတော့ သူတို့ကို သီးသန့်ထားရတယ်။ တကြိမ်ဆိုရင် ဘတ် (၂,၀၀၀) လောက်ရတယ်။ သူတို့ကို
ခေါ်တဲ့သူ အများစုက တိုင်ဝမ်နဲ့ တရုတ်ပြည်က လာတဲ့သူတွေများတယ်။ ဒီအလုပ်က တရားဝင်မဟုတ်တော့
လစဉ်လိုင်းကြေးတော့ ပေးရတယ်” ဟု ရှင်းပြသည်။

လိင်အလုပ်သမထိန်းတဦးဖြစ်သူ
ဒေါ်ညိုက အသက်မပြည့်သည့် လိင်အလုပ်သမများအနက် ထက်ဝက်ခန့်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်နှင့်
ဆွေမျိုးသားချင်းများက အလုပ်ရှင်ထံတွင် လာရောက် ရောင်းချခဲ့သူများဖြစ်သည်ဟု ပြောသည်။

ထိုင်းရှေ့နေများကောင်စီရုံးအဖွဲ့မှ
ထိုင်းရှေ့နေတဦးက “ဒီပြဿနာတွေက ထိရောက်တဲ့ အရေးယူမှုတွေ မရှိသရွှေ့ ဆက်ပြီးရှိနေဦးမှာဖြစ်တယ်”
ဟု ပြောသည်။

မဲဆောက်ရှိ
ကလေးလိင်အလုပ်သမ (၅၀) ခန့်၏ ပျှမ်းမျှအသက်မှာ (၁၄) နှစ်နှင့် (၁၅) နှစ် အရွယ်များဖြစ်သည်ဟု
အစိုးရမဟုတ်သည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တခု၏ မှတ်တမ်းများအရ သိရသည်။

ခေတ်ပြိုင် -

အသက်မပြည့်
မြန်မာမိန်းကလေးငယ်များ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေကြ


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top