ကျမတို့ လူ့အသိုင်းအ၀ိုင်းမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရပြီဆိုရင်
လူတွေကပစ်ပယ်လေ့ရှိပါတယ်။ ကူးစက်ခံထားရသူကလည်း မိမိမှာရောဂါပိုးရှိနေတာ ကို ကဲ့ရဲ့ခံရမှာ၊ ခွဲခြားဆက်ဆံခံရမှာတွေကြောင့် ဖွင့်မပြောရဲ မ ဆိုရဲဘဲနေကြတယ်။ ပိုက်ဆံတတ်နိုင်သူတွေကတော့ ကြိတ်ပြီးကုသကြပါတယ်။ ဆင်းရဲနွမ်းပါးသူတွေကတော့ ဆေးဖိုးဝါးခ မတတ်နိုင်ဘဲ၊
ရောဂါကျွမ်းလာရင်
ပြုစုစောင့်ရှောက်ပေးမယ့် လူမရှိဘဲ
တရွေ့ရွေ့နဲ့ ၎င်းတို့ အချိန်တွေ ကုန်ဆုံးသွားကြပါတယ်။ ကလေးငယ်တွေကို ဆိုရင်လည်း "သမီးကကျန်းမာရေးမကောင်းဘူး။ သားက ကျန်းမာရေး မကောင်းဘူး။"
ဆိုတာလောက်ပဲ ပြောပြီး ရောဂါရဲ့အခြေအနေမှန်ကို ပြောပြဖို့ အတော် လေးပဲ
ဝန်လေးပါတယ်။
ရောဂါအကြောင်းကို သိသွားရင်
စိတ်ထိခိုက်သွားမှာ၊ ကျန်းမာရေး အခြေအနေပိုဆိုးလာမှာ၊ အနာဂတ်မျှော်လင့်ချက်တွေ ကင်းမဲ့လာမှာစသဖြင့် စိုးရိမ်ပူပန်မှုတွေရှိပါတယ်။
ဒါပေမယ့်
လက်တင်အမေရိကတိုက်မှာရှိတဲ့ ဟွန်ဒါရာနိုင်ငံက အသက် ၁၂ နှစ်ကျော်အရွယ် မိန်းကလေး ကယ်ရင်ဒန်နာဝေကတော့ သူမရဲ့ မိဘများကိုယ်တိုင်နှင့် သူမမှာ ရောဂါပိုးကူးစက်ခံထားရတဲ့ အကြောင်းကို မိဘများက ပုံဆွဲပြီး ရှင်းပြခဲ့တဲ့အတွက် အသက် ၅
နှစ်ကတည်းက စတင်သိရှိခဲ့ပါတယ်။ ကယ်ရင်ဟာ သူမမှာာ
ရောဂါရှိတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ
ဖွင့်ပြောခဲ့ပါတယ်။ အဲဒီအချိန်ကတဆိုရင် ကျောင်းက သူငယ်ချင်းတွေက ကယ်ရင်နဲ့ အတူကစားဖို့ ငြင်းပယ်ကြပါတယ်။
အဲဒီအချိန်ကစပြီး
ရောဂါကူးစက်ခံနေရတာကို
ပွင့်ပွင့်လင်းလင်းပြောတာ ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်စေတယ်ဆိုတာ ကယ်ရင်နားလည်ခဲ့တယ်။ ဒါပေမယ့် ကယ်ရင်ဟာ စိတ်ပျက်သွားခြင်းမရှိပါဘူး။ ဒါဟာဆိုရင် မိဘများဟာ
သူတို့ကိုယ်တိုင်
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများဖြစ်ပေမယ့် ရောဂါကူးစက်ခံထားရသော်လည်း ကျန်းမာသူများကဲ့သို့ လုပ်ဆောင် နိုင်ကြောင်း ပြောပြပေးတဲ့ သူမမိဘများရဲ့ လမ်းညွှန်ကောင်းမှု၊ အားပေးအားမြောက်ပြုမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကယ်ရင်လေးရဲ့
မိဘများက အယ်လ်လာဗွီစီတလို့ခေါ်တဲ့ မဂ္ဂဇင်းကိုထုတ်ဝေပြီး ကယ်ရင်ဟာ အဲဒီ မဂ္ဂဇင်းရဲ့ ကလေးကဏ္ဍမှာ အယ်ဒီတာအဖြစ်ဆောင်ရွက်နေပါတယ်။ ကယ်ရင်ရဲ့ကလေးမဂ္ဂဇင်းဟာ ဟွန်ဒါရာနိုင်ငံတလွှားမှာ နှစ်လကိုတကြိမ်ထုတ်ဝေပြီး စောင်ရေ
၁၀၀၀၀ ရောင်းရပါတယ်။ ကယ်ရင် အသက် ၉ နှစ်မှာ အယ်လ်လာဗွီ လှုံ့ဆော်ရေးအဖွဲ့မှာ သူမမိဘတွေနဲ့အတူ ကျောင်းတွေမှာ လိုက်ပြီး စကားပြောခဲ့ပါတယ်။ သုံးနှစ်အတွင်းမှာ နိုင်ငံခြောက်နိုင်ငံကို
လှည့်လည်သွားခဲ့ပြီး သူမရဲ့အကြောင်းကို
ပြောပြခဲ့တယ်။
၂၀၀၈
ခုနှစ် သြဂုတ် ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ မက္ကစီကိုနိုင်ငံ မက္ကစီကိုမြို့မှာ ၁၇ နှစ်ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ် ညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးကို တက်ရောက်ခဲ့တဲ့ ကိုယ် စားလှယ်ပေါင်း ၂၅၀၀၀ ကျော်အနက်က အသက်အငယ်ဆုံး ကိုယ်စားလှယ်ကတော့ ကယ်ရင်ဒန်နာဝေ ပဲ
ဖြစ်ပါတယ်။
ကယ်ရင်ဟာ မက္ကစီကန်သမ္မတနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းတို့အပါအ၀င် နိုင်ငံတကာ
ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာအစိုးရတွေ၊ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်အရေးလှုပ်ရှားသူတွေ၊ ၂၀၀၈ ခုနှစ် အတွက်
ဖဲကြိုးနီဆုရှင်
ကိုယ်စားလှယ်တွေနဲ့ အန်ဂျီအိုတွေ
တက်ရောက်တဲ့ အဲဒီညီလာခံကြီးမှာ မက္ကစီကန်သမ္မတနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုနဲ့ အတူ ဖွင့်ပွဲမှာ စကားပြောကြားခဲ့ပါတယ်။
အေအိုင်ဒီအက်စ်ညီလာခံကြီး
ဖွင့်ပွဲမှာ သူမက
"အိပ်ခ်ျအိုင်ဗွီ
ပိုးကူးစက်ခံထားရတဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေရှိနေပြီး ကျမတို့အားလုံးမှာ ရည်မှန်းချက်ပန်းတိုင်တွေရှိပါတယ်။ ပန်းချီဆရာ၊ ကျောင်းဆရာ၊
ဆရာမ၊ ဆရာဝန်စသဖြင့် ဖြစ်ချင်ကြတယ်။
အိမ်ထောင်ရက်သားပြုပြီး ကလေးများလည်း မွေးဖွားချင်ကြတယ်။ ဒါပေမယ့် ကျမတို့ လိုအပ်တဲ့ ဂရုစိုက်ခံရမှု၊ ဆေးဝါးတွေရရှိမှု နဲ့ စာသင်ကျောင်းတွေမှာ စာသင်ကြားခွင့် ပြုတဲ့အခါမှသာ အဲဒီရည်မှန်းချက်တွေ အောင်အောင်မြင်မြင်ရရှိဖို့
ဖြစ်နိုင်ပါမယ်။ " လို့ ကလေးများရဲ့ ခံစားချက်ကို
ထင်သာမြင်သာအောင် မီးမောင်းထိုးပြ ပြောကြားခဲ့ပါတယ်။
၂၀၀၈
ခုနှစ် ကုလသမဂ္ဂ AIDS
အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်မှာ တကမ္ဘာလုံး အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရထားသူ ၄၅
ရာခိုင်နှုန်းဟာ
အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ
လူငယ်များဖြစ်ပါတယ်။ လက်တင်အမေရိက တိုက်မှာ
ဆိုရင် ၂ သန်းနီးပါးရှိတဲ့ လူတွေထဲက ၅၅၀၀၀ ဟာ အသက် ၁၅ နှစ်အောက်ကလေးတွေ ဖြစ်ကြပြီး အများစုဟာ
၎င်းတို့မိခင်ကတဆင့်ကူးစက်ကြခြင်း ဖြစ်ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်သည် တွေရဲ့ ၃၆ ရာခိုင်နှုန်းကသာ ရောဂါကာကွယ်ဆေးဝါးများ ရရှိကြပါတယ်။
ကယ်ရင်ဟာ အခြားသူများနှင့်မတူဘဲ၊ ခွဲခြားဆက်ဆံခံရမှာ၊
အထင်သေးခံရမှာကို မမှုဘဲ ရောဂါအကြောင်းကို
ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုကာ ထိုအတွက်လည်း စိတ်ဓါတ်ကျဆင်းမနေဘဲ သူမလိုပဲ အခြားကူးစက် ခံထားရသူများကို ကူညီပေးရေးနှင့် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်
ကာကွယ်တားဆီးရေး၊
ကုသမှုခံယူရနိုင်ရေးအတွက် တက်တက်ကြွကြွ
လှုပ်ရှားသူများထဲက
ထင်ရှားသူတဦးဖြစ်နေပါတယ်။ ကယ်ရင်ရဲ့ စိတ်ပျက်
အားငယ်ခြင်း အလျင်းမရှိဘဲ ဘ၀တူ
အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူများအတွက် လှုပ်ရှားဆောင်ရွက်မှုများ၊ သူမရဲ့ ပွင့်လင်းမှုများ၊ သူမမိဘများရဲ့ အားပေးမှုများဟာ
စံနမူနာယူစရာ
မကောင်းပေဘူးလား။
Wednesday,
10 September 2008
Ref: Aljazeera news




