17
Apr

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ - နောက်ဆက်တွဲ (၁)


 

ဟိုနေရာ စိုလာတတ်တဲ့ ရောဂါ

မေးမြန်းသူ(၁)

“ရောဂါတစ်ခုရှိနေပါတယ်
ဆရာရေ ပြောရမှာတော့ ရှက်စရာကောင်းလှပါတယ်။ နားနှင့်မနာပဲ ဖ၀ါးနဲ့သာ နာစေချင်ပါတယ်။
sexy girl တွေ ကြည့်တဲ့အခါ အမြဲတန်းလိုလို လိင်တံက semen သုက်အရည်တွေ ထွက်တက် ပါတယ်။
အဲဒါ ဘယ်လိုလုပ် ကုစားရမယ်ဆိုတာကို ကျေးဇူးပြုပြီး ဖြေကြား ပေစေချင်ပါတယ်။

လိင်အင်္ဂါမှာ
အရည်မစိုအောင် လုပ်သင့်သလား၊ မလုပ်သင့်ဘူလားဆိုတာကို ကျေးဇူးပြုပြီး ဖြေကြား ပေးစေချင် ပါတယ်။
နောက် လိင်အင်္ဂါမှာ အရည်မစိုအောင် လုပ်လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုကျိုးတွေ၊
ကောင်းကျိုး တွေကို မျှဝေပေးစေချင်ပါတယ်။ လူတိုင်းဖြစ်နေမယ်ဆိုရင် ဆရာရဲ့ web-site ထဲမှာ
ဒီအကြောင်းအရာကို ရေးမယ် ဆိုရင် ကောင်းမယ်ထင်ပါတယ်။ လူတိုင်းက ရှက်တက်တဲ့ သူတွေဆိုတော့
မေးရမှာ အဆင်မပြေနိုင်ကြပါဘူး။”

မေးမြန်းသူ(၂)

“စိတ်တော့မရှိကြပါနဲ့နော်၊ ကျနော်တစ်ခုလောက်မေးချင်လို့ပါ။
စိတ်ပညာနဲ့မကြည့်ပဲ၊ ဆေးပညာနဲ့ပဲ ကြည့်ရပါဗျာ။ ကျနော် လူပျိုဝင်ကာစ တစ်ခါကတော့ ဖြစ်ဘူးပါတယ်။
အဲ့ဒီတုန်းကတော့ လူပျိုဝင်ကစပဲလို့ ထင်ပြီး၊ နေလိုက်တယ်။ ယောကျားအင်္ဂါကနေ အရည်ကြည်လေးတွေ
ထွက်တယ်။ နောက်ပိုင်းတော့ မထွက်တော့ဘူး။ အခု ၂၃ ၀င်ခါစမှပဲ ထပ်ဖြစ်လာတယ်။ ဖြစ်ပုံကတော့
ဒီလို အပြာကားတွေ ကြည့်ရင်ထွက်တယ်။ မကောင်းတဲ့စကားတွေ ပြောရင်လဲ ထွက်လာတယ်။ အဲ့ဒါကတော့
စိတ်တက်ကြွလို့ပဲဆိုပြီး နေလို့ရတယ်။ ဒါပေမယ့် မစဉ်းစားပဲလဲ ထွက်နေပြန်ရော။ ဘောင်းဘီလဲရတာလဲ
မနည်းတော့ဘူး။ အဲဒါ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိချင်ပါတယ် ခင်ဗျာ။ အဲ့လို မဖြစ်အောင်လဲ
ဘာဆေးတွေဆောင်ထားရင် ကောင်းမလဲဆိုတာ သိချင်ပါတယ်။ အဲ့လိုဖြစ်ရင် အားပြတ်တာတော့ အမှန်ပဲ။
စားတိုင်းလဲမ၀ဘူး ပိန်ပိန်လာတယ်။ အဲဒါ အစများ ဖြစ်လာနိုင်မလားဗျာ။ ဟိုရောဂါကလဲ ၂နှစ်
နဲ့ ၁၀နှစ် ကြားမှာ ပေါ်တတ်တယ်လို့ သိရပါတယ်။ အရည်တွေ မကျအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ
ပြောပြပေးကြပါခင်ဗျာ။”

=========

ဒီလိုဖြစ်တာက
သိပ် (နော်မယ်လ်) ဖြစ်တယ်၊ ယောက်ျားလေးတိုင်းဖြစ်တယ်၊ မိန်းကလေးလဲ ဖြစ်တာဘဲ၊ လိင်စိတ်ကို
ဆွပေးတာကို ကြည့်တာဖြစ်ဖြစ်၊ စိတ်ကူးတာဖြစ်ဖြစ် လိင်အင်္ဂါမှာ အရည်စိုလာတာ ပုံမှန်ပါ၊
ဆေးကုစရာ မလိုပါ၊ လိင်စိတ်ဆိုတာမျိုးက စိတ်အပြင် ဟော်မုန်းဓါတ် ကြောင့်ပါ ဖြစ်ရတာပါ။
စိတ်မကစားလဲ ဟော်မုန်းသတ္တိ ပြလာရင် ဒီစိတ်က ကြွလာတယ်။ ဖြစ်ဖန်များသူဆိုရင် အကျင့်လိုရလာတတ်သေးတယ်။

မအိပ်ခင်က
ဘာမှ စိတ်ကူး မထားတာတောင်၊ အိပ်မက်မက်ယင်း အိပ်ရာထဲမှာ သုတ်ထွက်တာမျိုးလဲ ရှိတယ်။ ဒါဟာ
ထွက်ပေးဘို့ လိုနေတာကြောင့်လို့ ပြောရင် ရနိုင်တယ်၊ ဘာမှ စိုးရိမ်စရာမလိုပါ။ လူ့ကိုယ်ခန္ဓာကြီး
တည်ဆောက်ထားပုံနဲ့ လူ့ဇီဝကမ္မအလုပ်များဟာ အင်မတန် ကောင်းလွန်းလှတဲ့ စက်တို့ ကွန်ပြူတာတို့ထက်
အဆ အများကြီး သာတယ်။ ပိုတာ-မလိုတာကို ထုတ်ပြစ်တတ်တယ်။ မသင့်တာကို သန့်ပေးနိုင်တယ်၊
လိုတာကို ဖြည့်ပေးနိုင်တယ်။

ဒီပြဿနာမှာလဲ
Semen အရည်ကြည် ဖြစ်ဖြစ် Sperm သုတ်ရည်ဖြစ်ဖြစ် ထွက်သင့်ချိန်မှာ ထွက်စေတာ ဖြစ်ပါတယ်။
Semen အရည်ကြည်ဆိုတာက လိင်စိတ်ပေါ်လာရင် အင်္ဂါအ၀မှာ စိုလာတာကိုပြောတာပါ။ တကယ်လို့ ဆက်ဆံမယ်ဆိုရင်
အဆင်ပြေအောင် ပြင်ဆင်ပေးမှုဖြစ်တယ်။ Sperm သုတ်ရည်ကတော့ လိင်စိတ် ပြည့်ဝ-ကျေနပ် သွားချိန်မှာ
ယောက်ျားအင်္ဂါကနေ ထွက်တာပါ။ မိန်းမတွေမှာလဲ Orgasm ရတယ်ဆိုရင် အရည်ထွက်လာတယ်။

ဒီလိုဖြစ်ခြင်း
နှစ်မျိုးလုံးကြောင့် အားအင်ကုန်ခမ်းစေတာ အမှန်ပါ။ လိင်စိတ် ဖြစ်ပေါ်လာတာနဲ့ နှလုံးခုန်
မြန်မယ်၊ သွေးလျှောက်တာ ပိုလာတယ်၊ နွေးလာတယ်၊ ဆောင်းတွင်းမှာတောင် အေးမှန်းမသိဘူး။
ဒါ့ကြောင့် အား ပိုသုံးပြစ်လိုက်တယ်။ (ကလိုရီ) လျှော့ချင်ရင် နည်းကောင်းတခုလို့တောင်
ဆိုကြသေးတယ်။

Orgasm
ရသွားရင် ဘယ်သူဘဲဖြစ်ဖြစ် (အင်နာဂျီ) အများကြီး ကုန်သွားတာမို့ ခြေပစ်-လက်ပစ် ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ ဒီလိုဖြစ်ပြီးတာနဲ့ တခါတည်း အိပ်စက်လိုက်ရင် အားအင်တွေ အလိုလို ပြန်ပြည့်လာတယ်။
မနက် အိပ်ယာထချိန်တိုင်းမှာ အားမှန်သမျှ ပြည့်ဝနေတယ်။ တကယ်လို့ အိပ်ရာထဲမှာ သူ့ဖါသာ
သုတ်လွှတ်တာ ဖြစ်ဖြစ်နေရင် ညမအိပ်ခင် ရေမသောက်ဘဲနေ၊ ဆီးသွားပြီးမှ အိပ်ရာဝင်၊ တခါခါ
(မာစတာဘိတ်) လုပ်ပါလို့ တချို့က အကြံပေးတယ်။

အားအင်ကုန်တာကို
နားတာ၊ အိပ်တာနဲ့ မလုံလောက်ရင် ရိုးရိုးအားဆေး (ဗီတာမင်ဘီအုပ်စု)ကို သောက်ပါ။ အမျိုးအစား
ကောင်းတာ ရွေးသင့်တယ်။ နာမည်ရှိ ဆေးကုမ္ပဏီက လာတာမျိုး ပြောတာပါ။ အစားအသောက်မှာလဲ အားဖြစ်စေတာမျိုး
ပိုစားပါ။ အမျိုးသမီးများအတွက်ဆိုရင် ဗီတာမင် ဘီ၊ စီ၊ အီး အပြင်ဇင့်(သွပ်ဓါတ်) နဲ့
မက်ဂနီဆီယံ ဓါတ်ဆားတွေ ပါဖို့လိုတယ်။

အစားအစာထဲကဆိုရင်
ပဲပုတ်စေ့ကကောင်းသတဲ့။ ယောက်ျားတွေအတွက် ကြက်ဥ၊ ငှက်ပျာသီးကို ညွှန်းတယ်။ သင်္ဘောသီးကို
အရှောင်ခိုင်းတာကတော့ သုတေသန မဟုတ်ပါ။ ကိုယ်တွေ့ဆိုပြီး တယောက်ချင်းက ပြောတာပါ။ နှလုံးအတွက်ကောင်းတဲ့
အစားတွေဟာ ဒီကိစ္စအတွက်ပါ ကောင်းတယ်လို့ ဆိုတာလဲရှိတယ်။

လိင်အတွက်
ဆေး၊ အစာတွေဆိုတာက လိင်စိတ် အားပေးတာတွေ ဖြစ်တာမို့ မေးခွန်းမေးသူများ အလိုနဲ့ ပြောင်းပြန်
ဖြစ်နေတာကို သတိထားပါ။ ဒီလိုဖြစ်တာကို ကိုယ်က မဖြစ်စေချင်ရင် အမြင်-အကြား- စိတ်ကူးစိတ်သမ်း-အထိ အတွေ့၊
လိင်စိတ်ကြွစေတာမှန်သမျှ ရှောင်ပါ။ အားနည်းတာ သက်သာအောင် ဒီလိုဖြစ်ပြီးတာနဲ့ ခဏအနားယူ လိုက်ပါ။
စိတ်မှာ “ငါ ဒါ့ကြောင့် အားတွေ ယုတ်သွားလိုက်တာ” လို့ မတွေး၊ မထင်ပါနဲ့။ “ငါ့မှာ အားတွေ
ပိုနေလို့ ဖြစ်နိုင်စွမ်းတာ” လို့ မှတ်ပါ။ “အသုံးပြုစဉ် အားပြန်ဝင်သည်” ဆိုတဲ့ “အေစီ-ဒီစီ
ဒိုင်နမို” ကိုယ်ထဲမှာ ရှိနေပါတယ်။

ဒေါက်တာတင့်ဆွေ (၁၆-၄-၂၀၁၀)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top