27
Aug

အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါ ကူးစက်မှု များလာ

ဗြိတိန်နိုင်ငံတွင် အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ရရှိမှုမှာ ဆယ်စုနှစ် ကာလအတွင်း ၅၀ရာခိုင်နှုန်း တိုးပွားလာကြောင်း အင်္ဂလန်ပြည်သူ့ ကျန်းမာရေး ဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၂ ခုနှစ် မှတ်တမ်းများကို အခြေခံသော အဆိုပါ ထုတ်ပြန်ချက်အရ အဆိုပါနှစ်အတွင်း လိင်မှ တစ်ဆင့် ကူးစက်သော ဆီးပူညောင်းကျ ရောဂါ၊ ရေယုန်နှင့် လိင်အင်္ဂါတွင် ဖြစ်ပွားသော ကြွက်နို့များ ကူးစက်ခံရသူ ၄၄၈,၄၂၂ ဦးရှိပြီး အများစုမှာ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြောင်းသိရသည်။

ကူးစက်ခံရသူ အရေအတွက်မှာ ၂၀၁၁ ခုနှစ်က ထက် ၅ ရာခိုင်နှုန်း တိုးပွားလာပြီး၊ စစ်တမ်းအတွက် မှတ်တမ်း စတင်ပြုလုပ်သည့် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရောဂါကူး စက်ခံရသူ အရေအတွက် ၄၆ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။

ထိုသို့ ရောဂါကူးစက်မှု တိုးပွားလာရခြင်းမှာ အပျော်တွဲသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဓလေ့ ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်ကြောင်း၊ အဖြစ်များ သူများမှာ လိင်တူ ဆက်ဆံသည့် အမျိုးသားများနှင့် အသက် ၂၅ နှစ်အောက်အရွယ် လူငယ်များတွင် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

မေးအွန်လိုင်း

မြန်မာတိုင်း(မ်) - အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါ ကူးစက်မှု များလာ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top