22
Jul

အသက် ၅၀ ကျော် ဗြိတိန် လူမျိုးများတွင် HIV ကူးစက်မှု သိသာစွာ မြင့်တက်လာ



 “ကျွန်တော်တို့တွေ
အနေနဲ့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအတွက် ပညာပေးမှုတွေ ပိုပြီး လိုအပ်လာပါပြီ။ ကွန်ဒုံးကို
လက်တွဲဖော် အသစ်တွေရော၊ အမြဲထိတွေ့ နေသူတွေနဲ့ပါ တတ်နိုင်သလောက် အသုံးပြုသင့်ပါတယ်။
ဒါဟာ လိင်ကနေ ကူးစက်တဲ့ ရောဂါတိုင်းကို တားဆီးဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ”

ခုခံအား
ကျဆင်းမှု AIDS ရောဂါကို ဖြစ်ပွားစေသည့် HIV ဗိုင်းရပ်(စ်) ပိုး ကူးစက်မှုသည် ဗြိတိန်နိုင်ငံရှိ
အသက် (၅၀) အထက် အရွယ်များတွင် သိသိသာသာ မြင့်တက်လာကြောင်း နောက်ဆုံးထုတ် ပြန်သည့် စာရင်း အချက်အလက်များ အရ
သိရှိရသည်။ (၂၀၀၀) ပြည့်နှစ်က အင်္ဂလန်၊ ဝေလ၊ မြောက်အိုင်ယာလန် တို့တွင် အသက် (၅၀) အထက်
HIV ပိုးရှိသူ (၂၉၉) ဦးသာ ရှိခဲ့သော်လည်း (၂၀၀၇) ခုနှစ်တွင် (၇၁၀) ထိ ရှိလာခဲ့သည်။
(၂၀၀၈) ခုနှစ်တွင် ရောဂါပိုးရှိသူ (၇၃၈၂) ဦးအနက် (၈) ရာခိုင်နှုန်းသည် အသက် (၅၀) ကျော်
အရွယ်များ ဖြစ်လာကြောင်း ဗြိတိန်ကျန်းမာရေး အေဂျင်စီက ပြောကြားခဲ့သည်။ အေဂျင်စီက ယင်းသည်
မည်သည့် အရွယ်တွင်မဆို လုံခြုံသော လိင်ဆက်ဆံမှုကို ဂရုပြုရန် လိုအပ်ကြောင်း ညွှန်ပြနေသည်ဟု
ပြောကြားသွားသည်။ HIV ပိုးကဲ့သို့ပင် အခြားသော လိင်မှ ကူးစက်သည့် ရောဂါများ ပျံ့နှံ့မှုသည်
(၂၀၀၀) ပြည့်နှစ်မှ (၂၀၀၇) ခုနှစ်အတွင်း အသက် (၅၀) အထက် အရွယ်များတွင် နှစ်ဆကျော် မြင့်တက်လာသည်။

အေဂျင်စီမှ ဒေါက်တာ ရုသ်စမစ်သ် က “ကျွန်တော်တို့တွေ အနေနဲ့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအတွက်
ပညာပေးမှုတွေ ပိုပြီး လိုအပ်လာပါပြီ။ ကွန်ဒုံးကို လက်တွဲဖော်အသစ်တွေရော၊ အမြဲထိတွေ့
နေသူတွေနဲ့ပါ တတ်နိုင်သလောက် အသုံးပြုသင့်ပါတယ်။ ဒါဟာ လိင်ကနေ ကူးစက်တဲ့ ရောဂါတိုင်းကို
တားဆီးဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ” ဟု ပြောကြားခဲ့သည်။ အေဂျင်စီမှ HIV ပိုး
လေ့လာရေး သုတေသီ ဒေါက်တာ ဗယ်လာရီ ဒဲလ်ဖက်ခ်ျက “ HIV ဟာ အန္တရာယ် အကြီးဆုံး ကူးစက်ပိုး
တစ်မျိုးပါ။ အသက်အရွယ် ကြီးရင့်သူတွေမှာ ဒီပိုးကူးစက်မှုနှုန်း မြင့်တက်လာတာဟာ လူထုကြားမှာ
ပညာပေး လုပ်ငန်းတွေ ပိုပြီးတွင်တွင်ကျယ်ကျယ် လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြနေတာပါပဲ”
ဟု သုံးသပ်ခဲ့သည်။ ထို့အပြင် အသက်အရွယ် ကြီးရင့်သူများ HIV ပိုး ကူးစက်ခံရခြင်းသည်
ကျန်းမာရေးနှင့် လူမှုရေးတွင် ပိုမိုထိခိုက်နစ်နာ စေကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။
အေဂျင်စီမှ ကျန်းမာရေး ၀န်ထမ်းများသည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ကျင်းပခဲ့သည့်
(၂၀၁၀) AIDS ရောဂါဆိုင်ရာ ညီလာခံတွင် ယခုတွေ့ ရှိမှုများအား အတည်ပြု တင်သွင်း ပြောဆိုသွားခြင်း
ဖြစ်သည်။

Ref -
BBC

Planet
- အသက် ၅၀ ကျော် ဗြိတိန် လူမျိုးများတွင် HIV ကူးစက်မှု သိသာစွာ မြင့်တက်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top