12
Aug

အသင်းအဖွဲ့ ဥပဒေမူကြမ်း HIV ရောဂါ ကူညီ ကုသသူများ အတွက် အခက်အခဲရှိ

အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေမူ ကြမ်းမှာ HIV ရောဂါ ကူညီ ကုသပေးနေသူများ အတွက် အခက်အခဲ ရှိကြောင်း မြန်မာနိုင်ငံစာရေး ဆရာအသင်းမှ ဦးတင်လှိုင်က ပြောသည်။

အဆိုပါ ဥပဒေမူကြမ်း၏ အခန်း (၈) တွင် ဖွဲ့စည်းရန် လက်မှတ်မရရှိပါက ရပ်တန့်ရမည်ဆိုသည့် တားမြစ်ချက် ပါရှိနေ သောကြောင့် လက်မှတ်မ ရှိသည့် HIV ရောဂါသည် ကူညီ ကုသပေးနေသူများအနေနှင့် တိုးတိုး တိတိတ် လုပ်ဆောင်ရသည်များ ရှိကြောင်း ဦးတင်လှိုင်က ထပ်မံပြောသည်။

”HIV ကုသတဲ့လုပ်ငန်းတွေ လုပ်တဲ့အခါ လက်မှတ်မရှိဘူး။ အသက်တွေ သေကုန်မယ်၊ နောက်ထပ် လူတွေ ကူးစက်ကုန်ရင် ဘယ်လိုလုပ်မလဲ၊ မသင့်ဘူး၊ ပြည်သူ့ အသံကို နားထောင်စေချင်တယ်” ဟု ၄င်းကဆိုသည်။

Generation Wave မှ ကိုမိုဃ်းသွေး ကလည်း အစိုးရအနေနှင့် အရပ်ဘက်လူ့ အဖွဲ့အစည်းများအား ရန်သူဟု မမြင်ဘဲ မိတ်ဆွေလို့သာ မြင်သင့်ကြောင်း၊ အဆိုပါ ဥပဒေတွင် လက်မှတ် မဖြစ်မနေယူရမည်ဟု ပါရှိပြီး မယူလျှင် ထောင်ဒဏ်ပြစ်ဒဏ်ပါ ထည့်သွင်းထားကြောင်း ၄င်းကဆို သည်။

”ဒီဥပဒေ မူကြမ်းမှာ အစိုးရအနေနဲ့ ကာကွယ်လိုစိတ် များနေတယ်။ အသွင်ကူး ပြောင်းတဲ့ကာလ ရောက်နေလို့ အစိုးရကို ဆန့်ကျင်စရာ မရှိပါဘူး” ဟု ၄င်းက မှတ်ချက်ပြုသည်။ Triangle Woman Support မှ ဒေါ်ခင်လေး ကလည်း အဆိုပါ ဥပဒေ မူကြမ်းသည် ပြည်သူလူထု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ်၊ တိုင်းပြည် စသည်များကို အကျိုးပြုနိုင်သော ဥပဒေသာ ဖြစ်သင့်ကြောင်း ပြောသည်။

ဘဝမြင့်မိုရ်အဖွဲ့က ကိုဟန်ဇာမောင် ကလည်း ထောင်ဒဏ် ၅ နှစ်ဆိုသည့်အချက် ဥပဒေမူကြမ်းတွင် ပါရှိသည့်အတွက် အဆိုပါ ပြစ်ဒဏ်သည်  အင်မတန် ပြင်းထန်ကြောင်း ဆိုသည်။ ”ဥပဒေ မူကြမ်းထဲမှာ ဒီအချက် ကလည်း မထည့်သင့်ဘူးလေ” ဟု ၄င်းက ဆိုသည်။

အဆိုပါ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ မူကြမ်းအားဇူလိုင် ၂၇ ရက်နေ့တွင် နိုင်ငံ ပိုင်သတင်းစာများမှ ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် ထုတ်ပြန်ကြေညာ ခဲ့သည်။

စိုင်းလမင်း

ရန်ကုန်၊ သြဂုတ် ၅

Popular - အသင်းအဖွဲ့ ဥပဒေမူကြမ်း HIV ရောဂါ ကူညီ ကုသသူများ အတွက် အခက်အခဲရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top