28
Feb

အသစ်ထွက်မည့် စမတ်ဖုန်း HIV ပိုး ရှိမရှိ စမ်းသပ်ပေးမည်

test-hiv-phoneလာမယ့်နှစ် အနည်းငယ်အတွင်း အသစ်ထွက်လာဖို့ ရှိတဲ့ စမတ်ဖုန်းဟာ လူ့အသက်တွေကို ကယ်တင်ရေးမှာ အထောက်အပံ့ဖြစ်လာနိုင်ပါတယ်။

စမတ်ဖုန်းမှာ အိပ်ခ်ျအိုင်ဗွီ (HIV) ဗိုင်းရက်စ် ရှိ၊ မရှိကို စမ်းသပ်ပေးနိုင်တဲ့ App တခုကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လက်ချောင်းကနေ သွေးဖောက်ပြီး ၁၅ မိနစ်လောက် စမ်းသပ်လိုက်ရုံနဲ့ အိပ်ခ်ျအိုင်ဗွီ ပိုး ရှိမရှိကို အဖြေထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

စမတ်ဖုန်းကို ထုတ်လုပ်ဖို့ သုတေသန ပြုနေသူတွေဟာ လောလောဆယ်မှာ အာဖရိကတိုက်က ရ၀မ်ဒါမှ စမ်းသပ်ခဲ့ပြီး ဓာတုဗေဒ စမ်းသပ်ခန်းမှာလိုပဲ အဖြေက တိကျတယ်လို့ သုတေသီတွေက ပြောပါတယ်။

နယူးယောခ်မြို့ ကိုလီဗီယာ တက္ကသိုလ်က ဆမ်း ဆီယား Sam Sia က စမတ်ဖုန်းကြောင့် လူနာတွေဆီက သွေးနမူနာတွေဟာ အဝေးကြီးမှာရှိတဲ့ ဓာတ်ခွဲခန်းတွေအထိ ယူသွားစရာမလိုအပ်တော့ဘဲ အဖြေ ထုတ်နိုင်တော့မယ်လို့ ပြောပါတယ်။

အရင်က ဒီလို အခက်အခဲတွေ ရှိခဲ့လို့ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိခင်တွေကနေ ကလေးတွေကို ရောဂါ ဖြန့်ဝေတာမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းမှာ ပါတဲ့ App ဟာ အိပ်ခ်ျအိုင်ဗွီကိုသာမက တခြား လိင်ဆက်ဆံရာက တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း စမ်းသပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ၃၄ ဒေါ်လာပဲ ရှိမယ်လို့ ဆိုပါတယ်။

သုတေသီတွေဟာ ကျယ်ပြန်တဲ့ စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့ ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဆီက ထောက်ခံချက်ရဖို့လည်း မျှော်လင့်နေပါတယ်။

ဓာတ်ပုံ – ရိုက်တာ ဗွီဒီယို

DVB - အသစ်ထွက်မည့် စမတ်ဖုန်း HIV ပိုး ရှိမရှိ စမ်းသပ်ပေးမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top