၈။
မျှော်လင့်ချက်ရောင်ခြည်လုပ်ငန်းအစီအစဉ် Project HOPE Thailand
URL: www.projecthopethailand.org
ချင်းမိုင်ရုံး
Project HOPE Thailand 248/28 Maneenopparat Rd., Sriphum
Muang, Chiangmai 50200 Thailand
တယ်လီဖုန်း - ၀၅၃-၄၀၄-၂၅၈
နှင့် ၀၅၃-၄၀၄-၂၅၉
ဖက်စ် – ၀၅၃-၄၀၄-၂၆၀
အီးမေးလ် -www.projecthopethailand.org
ဘန်ကောက်ရုံး
Project HOPE Thailand 12th floor, Room 1234, 100 Year
Memorial Building of Princess
Mother, Department of the Obstretrics Gynecology, Siriraj Hospital,
Bangkok 10700,
Thailand
တယ်လီဖုန်းနှင့် ဖက်စ် -
၀၂-၄၁၈-၂၂၅၄
အီးမေးလ် - hopethaibkk@csloxinfo.com
ဤအဖွဲ့အစည်းသည်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကာကွယ်ရေး ကိစ္စရပ်များတွင် အထူးတက်ကြွစွာဆောင်ရွက်သော
အဖွဲ့အစည်းဖြစ်သည်။
The Project HOPE (Health Opportunities for People
Everywhere) ခေါ် နေရာတိုင်းရှိ ပြည်သူအများအတွက်
ကျန်းမာရေးအခွင့်အလမ်းအဖွဲ့၏ ဒဿနကို ပထမဦးဆုံးချမှတ်ခဲ့သူသည် ဤအဖွဲ့ကြီးကိုတည် ထောင်ခဲ့သည့်
ဝီလီယံ ဘီ ဝေါလ်ရှ် (အမ်ဒီ)ပင်ဖြစ်သည်။ ဤအဖွဲ့ကြီး၏ ဒဿနမှာ ‘ကံကောင်းနေသူများအနေဖြင့်
ဤကမ္ဘာကြီးအား ဂရုစိုက်စောင့်ရှောက်ရန် မဖြစ်မနေတာဝန်ထမ်းဆောင်ရမည်ဟုမဆိုလိုပါ။
သို့သော် ထိုသူတို့၏ အားပေးမှု၊ တာဝန်ခံလိုစိတ်ရှိမှုတို့ဖြင့် ကမ္ဘာကြီးအား
သူ့အလိုလိုစောင့်ရှောက်လာစေရန် ကူညီနိုင်ပါသည်။ အဓိကကျသည်မှာ သင်ကြားခြင်းဖြစ်၍
အခြေခံအကျဆုံးမှာ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း တို့ပင်ဖြစ်သည်။ ’ ဤအဖွဲ့ကြီးသည်
ကမ္ဘာအ၀ှမ်းကျန်းမာရေးအတွက် ရေရှည်တည်တံ့နိုင်မည့်ရလဒ်များ
ချမှတ်ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်သည်။
လူထုအ၀န်းအ၀ိုင်းအတွင်း အတူတကွ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်သည်။ ထိုသူများအတွက်
လိုအပ်သောအခွင့်အရေးများကို ဖန်တီးပေး၍ ကာယကံရှင်များကိုယ်တိုင်
ဆောင်ရွက်နိုင်ရေးအတွက်လည်း ဦးတည်ဆောင်ရွက်သည်။ ကျန်းမာရေးတိုးတက်ကောင်းမွန် ခြင်းကို
ဦးတည်ရည်မှန်းချက်ထားသည်။
အရင်အဦးဆုံးကျသော
ဆောင်ရွက်ချက်များမှာ သင်တန်းများနှင့် အသိပညာပေးခြင်းများဖြစ်သည်။ ထို့အပြင်
အခြေအနေတခုအောက်တွင် ရေတိုအားဖြင့် လူသားချင်းစာနာသော ဆေးဝါးဆိုင်ရာ အကူအညီများကို
လည်း ထောက်ပံ့ပေးအပ်သည်။ ၁၉၉၇ ခုနှစ် အာရှစီးပွားရေးကပ်ဆိုက်သောအချိန်က
ထိုင်းနိုင်ငံတွင်ဒေါက်တာစမ်ပရင် ပေါင်ကီးဖောင်ဒေးရှင်းကို တည်ထောင်သူဖြစ်သည့်
ဒေါက်တာစမ်ပရင်ပေါင်ကီးသည် ထိုင်း နိုင်ငံမြောက်ပိုင်းတွင်ရှိသည့်
ကူးစက်ရောဂါများဒဏ်ခံစားနေရသည့် ဒေသခံကလေးသူငယ်များအား အကူအညီပေးပါရန် HOPE အဖွဲ့သို့
အကူအညီများတောင်းခံခဲ့သည်။ ထိုကိစ္စများနှင့်ဆက်စပ်၍ ၁၉၉၈ ခုနှစ်တွင် Project HOPE ရုံးတခုကို
ထိုင်းနိုင်ငံတွင်ပထမဆုံး စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ HOPE အဖွဲ့၏လှုပ်ရှားမှု
များပိုမိုကျယ်ပြန့်လာခဲ့သည်။ ကျောင်းများတွင်အခြေခံသော အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
ကာ ကွယ်ရေးလုပ်ငန်းအစီအစဉ်များ၊ လူထုကိုယ်တိုင်ဦးဆောင်သည့်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကာကွယ်ရေး လုပ်ငန်းအစီအစဉ်များ၊ Pediatric Cardiac Nursing သင်တန်းအစီအစဉ်များ၊
Cervical Cancer ခေါ်
သားအိမ်ကင်ဆာ ကာကွယ်ရေးအစီအစဉ်များနှင့် Critical Care Nursing သင်တန်းအစီအစဉ်များ
အစရှိသည်တို့ကို တိုးချဲ့လုပ်ဆောင်လာခဲ့သည်။
၉။ MERCY CENTER, Human Development
Foundation (HDF), Bangkok
URL: www.MercyCenter.org
Contact person: Usanee Janngeon, Executive Director: 02
671 5313 ext. 260
အီးမေးလ် - usanee@MercyCenter.org
မာစီစင်တာသည် လူသိများသည့်
အစိုးရမဟုတ်သောအဖွဲ့အစည်းတခုဖြစ်၍ ထင်ရှားသည့် ကက်သလစ် ဘုန်းတော်ကြီးတပါးဖြစ်သော
ဖာသာဂျိုးမှ ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဖာသာဂျိုးအဓိက ထား၍
ဆောင်ရွက်သောလုပ်ငန်းမှာ ဘန်ကောက်မြို့တော်အတွင်းရှိ ကလောင်များ ဟုခေါ်သည့်
ဆင်းရဲသားရပ်ကွက်အတွင်းမှ ဆင်းရဲသားများ၏ဘ၀ ပိုမိုတိုးတက်ရှင်သန်ကောင်းမွန်စေရန်
ဆောင်ရွက်ခြင်းပင်ဖြစ် သည်။ ထိုစင်တာတွင် အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်နေသည့်ကလေးများနှင့် မိဘမဲ့ကလေးများကိုလည်း စောင့်ရှောက်သည်။ ထို့အပြင်
အရေအတွက်အရနည်းသော်လည်း ကလောင်များဧရိယာအတွင်းမှ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေသူများကိုလည်း
စောင့်ရှောက်ထားရှိသည်။ မာစီစင်တာ အတွင်းတွင်ဆေးရုံအသေးစား၊ ကစားကွင်း၊
အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေသူကလေးများ စောင့်ရှောက်ရေးဂေဟာ၊ ပန်းခြံ၊
လူနေအဆောင်များနှင့် ရုံးခန်းများထားရှိသည်။
၁၀။ New Life Center Foundation,
Chiang Mai ချင်းမိုင်မြို့
တယ်လီဖုန်း - ၀၅၃-၂၆၃-၀၁၀
ဖက်စ် - ၀၅၃-၂၆၃-၀၁၁
URL: www.newlifecenterfoundation.org
Contact person: Karen Smith
အီးမေးလ် - newlife@pobox.com
အဖွဲ့သည် ၁၉၉၄ ခုနှစ်မှစတင်၍
ထိုင်းနိုင်ငံအတွင်းရှိ တောင်ပေါ်တိုင်းရင်းသား လူနည်းစုများအတွက်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ပညာပေးရေးနှင့် ကာကွယ်ရေးလုပ်ငန်းများဆိုင်ရာ
သင်တန်းများပို့ချပေးနေသော အဖွဲ့ဖြစ်သည်။ သင်တန်းစနစ်တွင် ဒေသခံဘာသာစကားဖြင့်
ရေးသားထားသော ဇယားများ၊ နမူနာပုံစံများ ပါဝင်သကဲ့သို့ ဇာတ်လမ်းများ၊ ကစားနည်းများနှင့်
တေးဂီတအစီအစဉ်များလည်းပါဝင်သည်။ တောင်ပေါ် ဒေသခံ ကျေးရွာပေါင်း (၄၀၀) ခန့်
ဤအစီအစဉ်တွင် ပူးပေါင်းပါဝင်ကြ၍ ‘တောင်ပေါ် တိုင်းရင်းသားများ ကျန်းမာရေးလုပ်ငန်းအစီအစဉ်’ ကို
ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းမူ အပေါ်အခြေခံ၍ လုပ်ကိုင်ဆောင်ရွက် နေခြင်းဖြစ်သည်။
၁၁။ Empower Thailand, Nonthaburi and
Chaing Mai နွံထဘူရီမြို့ နှင့် ချင်းမိုင်မြို့
URL: www.empowerfoundation.org
တယ်လီဖုန်း - ၀၂-၂၃၆-၉၂၉၇
(ပက်ပုန်း)။ ၀၂-၅၂၆-၈၃၁၁ (နွံထဘူရီ)။ ၀၅၃-၂၈၂-၅၀၄ (ချင်းမိုင်)
ဖက်စ် - ၀၂-၅၂၆-၃၂၉၄
URL: badgirls@empowerfoundation.org
ဤအဖွဲ့သည် အကျိုးအမြတ်ရရေးလုပ်သော
အဖွဲ့အစည်းမဟုတ်၊ လိင်လုပ်သားများအား သူတို့ရင်ဆိုင်နေရသော
လုပ်ငန်းခွင်နှင့်ဆက်စပ်နေသည့် ပြဿနာများအပေါ် အကြံဥာဏ်ပေး ကူညီထောက်ပံ့ရန်အတွက် ရည်
စူး၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့အပြင် အလုပ်နှင့်ဆက်စပ်နေသော
ကျန်းမာရေးဆိုင်ရာကိစ္စအရပ်ရပ်အတွက်လည်း အကူအညီပေးသည့်
လုပ်ငန်းများကိုဆောင်ရွက်သည်။ အထူးသဖြင့် လူမှုပတ်ဝန်းကျင်အတွင်း လိင်လုပ်သားတို့
လူသားတဦးအနေဖြင့် ရရှိရမည့်အခွင့်အရေးများအတွက် ကူညီဆောင်ရွက်သည်။ ဤအဖွဲ့သည်
လိင်လုပ်သားတို့အား အကြံဥာဏ်များနှင့် ငွေကြေးအကူအညီများကို ၄င်းတို့၏ ပညာရေးနှင့်
ဘ၀တိုး တက် ကောင်းမွန်လာရေးအတွက်ပေးရုံမက ပြည့်တန်ဆာလုပ်ငန်းများ နှင့်ဆက်စပ်၍ ဥပဒေအရတရားဝင်ဖြစ်လာရေးကိုပါ
ဝိုင်းဝန်းဆောင်ရွက်နေသည်။ ပြည့်တန်ဆာလုပ်ငန်း တရားဝင်ဖြစ်ရေးသည် လူမှုနယ်ပယ်အ တွင်း
ယခုအထိ အပြင်းအထန်ဆွေးနွေးနေရဆဲ ကိစ္စလည်းဖြစ်သည်။ ပြည့်တန်ဆာလုပ်ငန်း
တရားဝင်ဖြစ်ရေးကို တိုက်ပွဲဝင်နေခြင်းမှာ လိင်လုပ်သားများ၏ အနာဂတ်အတွက် အလုပ်သမား
ခံစားခွင့်များနှင့် အလုပ်မှ အနားယူသောအခါ လူမှုထောက်ပံ့ကြေးများရရှိစေရန်
အတွက်ရည်စူး၍ ဆောင်ရွက်ခြင်းဖြစ်သည်။
ဤအဖွဲ့သည် အဖွဲ့ဝင်များအကြားနှင့်
ကွန်ယက်တည်ဆောက်ထားသော အခြားနိုင်ငံများမှအဖွဲ့များအကြား တက်တက်ကြွကြွ
ပူးပေါင်းဆောင်ရွက်ခြင်းများကို ပုံမှန်ပြုလုပ်သည်။ ဤအဖွဲ့သည် အင်္ဂလိပ်ဘာသာစကား ဖြင့်
‘Can Do’ ဟုအမည်ရှိသော
အရက်ဆိုင်ဘားတခု တည်ထောင်ဖွင့်လှစ်ထားသည်။ ထိုဘားသည်
ကနဦးအစမ်းပျိုးလုပ်ငန်းအစီအစဉ်တခုဖြစ်၍ ဤအဖွဲ့မှ လိင်လုပ်သားများဖြင့်
စုပေါင်းဖွဲ့စည်းထားသော ဆိုင်ဖြစ် သည်။ ထိုဆိုင်အား ၂၀၀၆ ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ကြသည်။ လိင်လုပ်သားအချင်းချင်း ကူညီစောင့်ရှောက်ရန်ရည်စူး၍
ဖွင့်လှစ်ထားခြင်းဖြစ်သည်။ လိင်လုပ်သားများမှ လှူဒါန်းသည့်ငွေများဖြင့် မ,တည်၍ လူမှု စောင့်ရှောက်ရေးရံပုံ
ငွေတရပ်ကို တည်ထောင်ထားသည်။
ဤအဖွဲ့၏ ဆောင်ရွက်ချက်များသည်
ဖျော်ဖြေရေးလုပ်ငန်းများနှင့်ဆက်စပ်နေသော လုပ်ငန်းများအားလုံး၏
လုပ်ငန်းခွင်များအတွင်း လိင်လုပ်သားများ၏ ဘ၀လုံခြုံရေးနှင့်
လုပ်ငန်းခွင်တရားမျှတမှု တို့အတွက်လည်း ဆောင်ရွက်ပေးနေသည်။
CAN DO BAR
Open 6 pm till late
Address: 322 Chiang Mai Land, Chiang Mai
(bright green and red bar near cross street Chiang Mai
Land 4)
တယ်လီဖုန်း - ၀၅၃-၂၇၈-၉၆၉
အီးမေးလ် - candobar@yahoo.com
၁၂၊ ရပ်က်ထိုင်းဖောင်ဒေးရှင်း
RAKSTHAI
FOUNDATION, Thailand
URL: www.raksthai.org
CARE Raks Thai (Bangkok)
185 Pradipat
Rd., Soi Pradipat 6, Samsen Nai Phayathai,
Bangkok 10400,
Thailand
တယ်လီဖုန်း - ၀၂-၂၆၅-၆၈၈၈
ဖက်စ် - ၀၂-၂၇၁-၄၄၆၇
အီးမေးလ် - info@raksthai.org
Contact person: Mr. Udom Likhitwonnawut, Senior Program
Coordinator
မိုဘိုင်း - ၀၈၁-၈၅၁-၉၁၄၃
အီးမေးလ် - apochana@ksc.th.com
1. Chiang Mai
113/19 Chiang Mai-Lampang Rd., Tambon Tahsala, Amphur
Muang, Chiang Mai 50000
အီးမေးလ် - raksthai@chmai2.loxinfo.co.th
တယ်လီဖုန်းနှင့် ဖက်စ် -
၀၅၃-၂၄၆-၇၈၂။ ၀၅၃-၂၄၇-၆၉၅။ ၀၅၃-၃၀၈-၁၆၈
2. Mae Chaem
136 Moo 9Baan naruan Tambon, Tahpha, Amphur Mae Chaem,
Chiang Mai 50270
အီးမေးလ် - raksthai_mc@raksthai.org
တယ်လီဖုန်း - ၀၅၃-၈၂၈-၁၂၈။
၀၅၃-၈၂၈-၃၃၄
ဖက်စ် - ၀၅၃-၈၂၈-၃၃၄
3. Samerng
76/2 Tambon Samerng Tai, Amphur Samerng Chiangmai 50250
တယ်လီဖုန်းနှင့် ဖက်စ် -
၀၅၃-၄၈၇-၀၃၈
CARE/Rasks Thai Foundation အဖွဲ့သည်
အစိုးရမဟုတ်သော အဖွဲ့စည်းတခုဖြစ်၍ ထိုင်းနိုင်ငံတွင်း စတင်ဆောင်ရွက်လာခဲ့သည်မှာ
အနှစ် (၂၀) ကျော်ရှိပြီဖြစ်သည်။ အရေးပေါ်အကူအညီပေးခြင်း၊ လူထုအတွင်း သဘာဝအရင်းအမြစ်များ
စီမံခန့်ခွဲခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းနှင့်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည်။
ဤအဖွဲ့၏ ပေါ်လစီမူဝါဒသည်
ဆင်းရဲသားများနှင့် လူမှုဝန်းကျင်တွင်း ကန့်သတ်ဖယ်ထုတ်ခံနေရသူအုပ်စုများအား
လိုအပ်သောအရင်းအမြစ်များ ရရှိစေရန် ကူညီခြင်းအားဖြင့် ပိုမိုလုံခြုံသောဘ၀များတွင်
လူ့အခွင့်အ ရေးအရ၊ ဂုဏ်သိက္ခာနှင့်အတူ နေထိုင်နိုင်ရေးဖြစ်သည်။ ဤအဖွဲ့အနေဖြင့်
အောက်ဖော်ပြပါဧရိယာများတွင် လုပ်ကိုင်ဆောင်ရွက်နေသည်။
- သဘ၀ပတ်ဝန်းကျင်နှင့်
သဘာဝအရင်းအမြစ်များ
- ကျန်းမာရေးနှင့်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ အရေးကိစ္စများ
- အလုပ်အကိုင်တိုးတက်ရရှိစေရေး
- ပညာရေး
- အရေးပေါ်အကူအညီများ
- အဖွဲ့ကြီးနှင့်လက်တွဲလုပ်ကိုင်နေသူများမှာ
...
-
တောင်ပေါ်နေလူနည်းစုတိုင်းရင်းသားများ
- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူ
အမျိုးသမီးများ၊ လူငယ်များနှင့်ကလေးများ
- အိစန်နယ်စပ် (လာအို၊ ထိုင်းနယ်စပ်)
ရှိ ဆင်းရဲသောမိသားစုများ
- မူးယစ်ဆေး အကြောထဲသို့
ထိုးသွင်းသုံးစွဲသူများ
- လူငယ်များ
- ဆုနာမီဒုက္ခသည်များ
- နိုင်ငံရွှေ့ပြောင်းအလုပ်သမားများနှင့်
၎င်းတို့၏မိသားစုများ
၁၃။ amfAR
URL: www.hivnat.org
HIV-NAT/The Thai Red Cross AIDS Research Chetre
Bangkok, Thailand
Praphan Phanuphak, M.D.
Ramathibodi Hospital
Mahido University
Bangkok, Thailand
Asda Vibhagool, M.D.
URL: www.ra.mahidol.ac.th
Research Institute for Health Sciences at Chiang Mai
University
Chiang Mai, Thailand
Thira Sirisanthana, M.D.
Partner in Thailand:
Asia Pacific Network of People Living with
HIV/AIDS (APN+
amfAR အဖွဲ့သည် အေအိုင်ဒီအက်စ်
သုတေသနဖောင်ဒေးရှင်းတခုဖြစ်သည်။ ဤအဖွဲ့သည် ကမ္ဘာတ၀ှမ်းလုံးရှိ အကျိုးအမြတ်အပေါ်အခြေမခံသည့်
အေအိုင်ဒီအက်စ် သုတေသနအဖွဲ့များထဲမှ ထင်ရှားသော အဖွဲ့တခု လည်းဖြစ်သည်။
ကာကွယ်ရေးနှင့် ပြုစုကုသပညာပေးရေး ကိစ္စများကိုလည်းဆောင်ရွက်သည်။ ပြီးခဲ့သည့်အနှစ်
(၂၀) အတွင်း ဤအဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၅၀) ခန့်ကို
အဖွဲ့၏အစီအစဉ်များအ တွက် ကမ္ဘာအနှံ့ရင်း နှီးမြှုပ်နှံထားသည်။
ဘန်ကောက်တွင်
ဒေသဆိုင်ရာရုံးအသစ်တခုအား မကြာမှီကာလက စတင်ဖွင့်လှစ်ထားခဲ့သည်။ ဤအဖွဲ့ကြီးသည် TREAT Asia ဟုခေါ်သည့်
အစီအစဉ်တခုကို စတင်ဆောင်ရွက်နေသည်။ Therapeutics ကုထုံးများ၊ Research သုတေသနလုပ်ငန်းများ၊
Education ပညာပေးရေးအစီအစဉ်နှင့်
AIDS Training အေအိုင်ဒီအက်စ်နှင့်စပ်လျဉ်းသည့်
သင်တန်းများကို အာရှဒေသအတွင်း ဆောင်ရွက်ခြင်းဖြစ်သည်။ TREAT Asia သည် ကွန်ယက်တခုဖြစ်သည်။
လုံခြုံစိတ်ချရ၍ အကျိုးသက်ရောက်မှုရှိသည့် အိတ်ခ်ျအိုင်ဗွီ/
အေအိုင်ဒီအက်စ်ကုထုံးများ အာရှဒေသအတွင်း ဖြန့်ဖြူးနိုင်ရန်အတွက် ဆေးခန်းများ၊
ဆေးရုံများ၊ သုတေသနအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ အစရှိသည်တို့နှင့်
လက်တွဲဆောင်ရွက်သည်။
ဤအဖွဲ့သည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
မပြန့်ပွားအောင်တားဆီးသည့် ပထမဆုံးပေါ်ပေါက်လာသော အဖွဲ့အစည်းများအတွင်းမှ
တဖွဲ့ဖြစ်သည်။ သုတေသန၊ ပညာရေး၊ အသိပညာမြှင့်တင်ရေးနှင့် ကာကွယ်ရေး တို့အတွက်
ရံပုံငွေမြှင့်တင်ရှာဖွေခြင်းကို အစောဦးကာလများကတည်းက ဆောင်ရွက်ခဲ့သော
အဖွဲ့များထဲမှတဖွဲ့လည်းဖြစ်သည်။ ယခုလက်ရှိ အောင်မြင်စွာအသုံးပြုနေသော
အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ထိန်းချုပ်သည့်ဆေး ၀ါးများ ပေါ်ပေါက်လာစေရန်
သုတေသနပြုခဲ့သည့် လုပ်ငန်းများအတွက်လည်း ထိုအဖွဲ့မှရံပုံငွေများလှူဒါန်းခဲ့သည်။ amfAR အဖွဲ့သည်
အကျိုးအမြတ်ကို ပဓာနမထားသော၊ စနစ်ကျသော ပညာရှင်အဖွဲ့အစည်းဖြစ် သည်။
၁၄။ POPULATOIN AND COMMUNITY DEVELOPMENT ASSOCIATION
(PAD)
URL: http://www.pda.or.th/eng/psoitive_project.htm for
the loan program for HIV
– positive people or http://www.pda.or.th for first
page
6 Sukhumvit 12, Klongtoey, Bangkok 10110
တယ်လီဖုန်း - ၀၂-၂၂၉-၄၆၁၁ မှ
၄၆၂၈
ဖက်စ် - ၀၂-၂၂၉-၄၆၃၂
အီးမေးလ် - pda@pda.or.th
Contact person:
Mr. Songnam Ritwanna, Division Director and Director or
Chiang Rai Office
တယ်လီဖုန်း - ၀၅၃-၇၁၉-၁၆၇။ ၀၅၃-၇၄၀-၂၄၀
လိုင်းခွဲ - ၄၀၁
ဖက်စ် - ၀၅၃-၇၁၈-၈၆၉
အီးမေးလ် - crpda@hotmail.com
Mr. Worapoj, Division Head
တယ်လီဖုန်း - ၀၅၃-၇၄၀-၂၄၀
လိုင်းခွဲ - ၄၀၄
မိုဘိုင်း - ၀၈၁-၉၉၂-၃၉၄၃
ဖက်စ် - ၀၅၃-၇၁၈-၈၆၉
URL: www.pda.or.th/chaingrai
ဤအဖွဲ့အား ၁၉၇၄ ခုနှစ်တွင်
စတင်တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံအတွင်းရှိ အစောဆုံးထူထောင်ခဲ့သည့်
အစိုးရမဟုတ်သော အဖွဲ့အစည်းများအနက် တဖွဲ့ဖြစ်သည်။ ဘန်ကောက်မှနေ၍ စီမံကွပ်ကဲသည်။
ထိုင်းနိုင်ငံ နယ်စွန် နယ်ဖျားဒေသ (၁၆) ခုတွင် သက်ဆိုင်ရာဌာနခွဲများနှင့်
ရုံးခွဲများရှိသည်။ လူဦးရေနှင့်လူထုဖွံ့ဖြိုးတိုးတက်ရေးအသင်းခေါ် ပီဒီအေ၏
ပေါ်လစီမူဝါဒသည် ဒေသခံလူများသာလျှင် သူတို့ဒေသနှင့်ဆီလျော်သော ရေ ရှည်တည်တံ့မည့်
ဖွံ့ဖြိုးတိုးတက်မှုများကိုပုံဖော်ရန် အသင့်တော်ဆုံးဖြစ်သည်ဟူသော
ခံယူချက်ပင်ဖြစ်သည်။ ပီဒီအေသည် ဒေသခံလူများအား သူတို့၏အကျိုးစီးပွားအတွက်
သူတို့ကိုယ်တိုင် ဆောင်ရွက်လာနိုင်စေရုံမ က ဒေသခံများအတွင်းအစီအစဉ်ချမှတ်သူများ၊
မန်နေဂျာများနှင့် ခေါင်းဆောင်များ ပေါ်ပေါက်လာစေရန် ကနဦးကြိုးပမ်းခဲ့သည့်
အဖွဲ့ကြီးလည်းဖြစ်သည်။
ပီဒီအေသည် ၂၈ နှစ်တာအတွင်း
ရရှိခဲ့သောအတွေ့အကြုံများမှတဆင့် လက်ရှိတည်ရှိနေသော လူမှုစီးပွားရေးပြဿနာ
အထွေထွေများကို တုန့်ပြန်ဖြေရှင်းနိုင်ရန်အတွက် ခေတ်နှင့်အညီ အသစ်တီထွင်ခြင်း၊
ပြောင်းလဲ ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်နေသည်။
ပီဒီအေသည် ထိုင်းနိုင်ငံ၏
ကျေးလက်နှင့် မြို့ပြဒေသများအတွင်း မိသားစုစီမံကိန်းအစီအစဉ်ကို
စတင်အကောင်အထည်ဖော်ခဲ့သည့် အဖွဲ့ကြီးလည်းဖြစ်သည်။ ထိုအချိန်က မိသားစုစီမံကိန်းအစီအစဉ်သည်
ထိုင်းနိုင်ငံ တွင် လူသိနည်းသေးသည့်အပြင် ထိုသို့ဆောင်ရွက်ရန်လိုအပ်သည့်
အခြေအနေနည်းနာများ ရှားပါးနေသေးသည့်ကာလလည်းဖြစ်သည်။ အခြားလှုပ်ရှားမှုများအနေဖြင့်
စက်ရုံလုပ်သားများ၊ တောင်ပေါ်တိုင်းရင်းသား လူနည်းစုများနှင့်
ဆယ်ကျော်သက်အရွယ်လူငယ်များ၏ ကျန်းမာရေးဆိုင်ရာကိစ္စများကို အဓိကပစ်မှတ်ထား၍
ဆောင်ရွက်ခြင်းဖြစ်သည်။ ကျန်းမာရေးယူနစ်အဖွဲ့များနှင့် လုပ်အားပေးသူပေါင်း
တသောင်းနှစ်ထောင် တို့မှတဆင့် ကျေးရွာပေါင်းတသောင်းကျော်အတွင်း ပဋိသန္ဓေတားဆေးများ
ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ယနေ့တွင် ပီဒီအေအဖွဲ့၏ ဆောင်ရွက်ချက်များသည်
တနိုင်ငံလုံး၏ သုံးပုံတပုံပမာဏအထိ ရှိနေသည်။ နိုင်ငံလူဦးရေ တိုးပွားနှုန်းကို ၃.၂%
မှ ၁% သို့လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ပီဒီအေအဖွဲ့ကြီးသည်
ထိုင်းနိုင်ငံအတွင်း အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ပြန့်ပွားလာခြင်းနှင့်
အန္တာရာယ်ကို ပထမဦးဆုံးသတိပေးခဲ့သည့်အဖွဲ့များထဲမှတဖွဲ့ဖြစ်သည်။ ထို့အတွက်
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ဘန်ကောက် တို့တွင်
အေအိုင်ဒီအက်စ်ပြန့်ပွားခြင်းကို နည်းမျိုးစုံသုံး၍ ခုခံကာကွယ်တားဆီးခြင်း၊
လိုအပ်သော သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ စောင့်ရှောက်ရေးဌာနများ
ဖွင့်လှစ်ဆောင်ရွက်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်နိုင်ခဲ့သည်။
နိုင်ငံဆိုင်ရာအေအိုင်ဒီအက်စ်ပညာရေး အစီအစဉ်တည်ထောင်ခဲ့ခြင်းအတွက်
အကူအညီများပေးခဲ့သည်။ ထို့အပြင် Positive Partnership Project တည်ထောင်ခြင်းကို စတင်ခဲ့သည့်
အဖွဲ့လည်းဖြစ်သည်။ ထိုအစီအစဉ်သည် အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသူများကို
၎င်းတို့ကိုယ်ပိုင် အသေးစားစီးပွားရေးများထူထောင်၍ သူတို့ကိုယ်ကိုသူတို့
ပြန်လည်စောင့်ရှောက်နိုင်အောင် ငွေကြေးအရင်းအနှီးမတည် ပေးခြင်းဖြစ်သည်။




