၁၅။ New Life Center Foundation
URL:
www.newlifecenterfoundationl.org
P.O. Box 29, Chiang Mai 50000
တယ်လီဖုန်းနှင့်
ဖက်စ် - ၀၅၃-၂၆၃-၀၁၀
အီးမေးလ် - newlife@pobox.com
Contact
person: Karen Smith, Director
ဤအဖွဲ့သည်
အမျိုးသမီးငယ်များ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်း၊
လုပ်အားခေါင်းပုံဖြတ်ခံရနိုင်သည့် အလုပ်ခွင်များအတွင်းမကျရောက်ရေး စသည်တို့အတွက်
ရည်စူးဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့နောက် လုပ်အားခေါင်းပုံဖြတ်ခံထားရသည့် အမျိုးသမီးငယ်များအား
အကာအကွယ်ပေးရေးနှင့် ပြန်လည်ပြုစုပျိုးထောင်ပေးရေးတို့ပါ ဆောင်ရွက်ရန်လိုအပ်လာကြောင်းကို
တွေ့ရှိလာခဲ့သည်။ (ဥပမာအားဖြင့် ပြည့်တန်ဆာခန်း များ၊ စက်ရုံများ၊
အဖိနှိပ်ခံနေရသည့် အိမ်ဖော်လုပ်ငန်းများအတွင်း) အစရှိသည်တို့ဖြစ်သည်။ ဤအဖွဲ့သည်
အခြားအစိုးရမဟုတ်သောအဖွဲ့များ၊ ထိုင်းအစိုးရ လူသားလုံခြုံရေးနှင့်
လူမှုစောင့်ရှောက်ရေးဌာန၊ ထိုင်းရဲတပ်ဖွဲ့ အစရှိသည်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။
ဤအဖွဲ့အနေဖြင့် နှစ်စဉ်နှစ်တိုင်း အနိုင်ကျင့်ဖိနှိပ်ခေါင်းပုံဖြတ်ခံရသည့်
အမျိုးသမီးငယ်အမြောက်အမြားအား ထိုလုပ်ငန်းခွင်များအတွင်းမှ ကယ်တင်ပေးနိုင်ခဲ့ သည်။
ဤအဖွဲ့ကြီးတွင်
လာရောက်နေထိုင်သည့် အမျိုးသမီးတဦးချင်းစီသည်
တဦးချင်းစီ၏ ကြုံတွေ့ခဲ့ရသော ပြဿနာများအလိုက် ကူညီပြုစုစောင့်ရှောက်ပေးခြင်းခံရသည်။ ထိုအစီအစဉ်များထဲတွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆေးဝါးကုသမှု၊ ART therapy ကုသမှု၊
ကိုယ်ပိုင်ဝင်ငွေရရှိလာစေရန်အတွက် သင်ကြားလှုပ်ရှားမှုများ၊ အကြံဥာဏ်ပေးခြင်းဖြင့်
ကုသမှုအစရှိသည်တို့ပါဝင်သည်။ အခြေအနေဆိုးများထဲမှ လွတ်မြောက်လာသော အမျိုးသမီးငယ်များအား
ဤအဖွဲ့ကြီး၌ စောင့်ရှောက်ပေး၍
လိုအပ်လာသောအခြေအနေများတွင် ပညာဆက်လက်သင်စေရန်နှင့် အသက်မွေးဝမ်းကျောင်း
လုပ်ငန်းသင်တန်းများဆည်းပူးနိုင်ရန် အကူအညီပေးသည်။ အကယ်၍ အမျိုးသမီးငယ်များသည် လူကုန်ကူးခြင်းခံရသော
အခြေအနေအောက်မှ လွတ်မြောက်လာသူများဆိုပါက
ဤအဖွဲ့ကြီးအနေဖြင့် ထိုအမျိုးသမီးငယ်များ နေရင်းရပ်သို့ ချောချောမောမော ပြန်နိုင်ရန်အတွက် လည်း
အခြားအစိုးရမဟုတ်သော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ အကူအညီပေးသည်။ (ဥပမာ- မြန်မာ၊ တရုတ်နိုင်ငံများ)
၁၆။ Health Project For Tribal People
URL:
www.imemf.org (IMEM Foundation)
တယ်လီဖုန်း - ၀၅၃-၃၀၄-၆၅၉
Contact
person: Khun Kansinee Jirakun (Noon), Program Coordinator
မိုဘိုင်း - ၀၈၉-၁၆၆-၂၉၇၈
ဤအဖွဲ့ကို
ဖွဲ့စည်းခဲ့သည်မှာ နှစ် (၂၀) ကျော်ရှိခဲ့ပြီဖြစ်သည်။
ဤအဖွဲ့အနေဖြင့် တောင်ပေါ်နေလူနည်းစုတိုင်းရင်းသားများ၏ဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက်
ဆောင်ရွက်နေသည်။ အထူးသဖြင့် ကျန်းမာ ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ပညာရေးတို့တွင်
အကူအညီပေးဆောင်ရွက်နေသည်။ ၁၉၈၀ ခုနှစ်ကာလများတွင် တောင်ပေါ်တိုင်းရင်းသားလူငယ်များ
လယ်ယာမြေလုပ်ငန်းများကိုစွန့်ပစ်၍ မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်အကိုင်ရှာဖွေခြင်း
ပိုမိုများပြားလာသည်။ ထိုအချိန်ကာလများမှစတင်၍ အဖွဲ့လုပ်ငန်းများအား အမျိုးသမီးများနှင့်
ကလေးသူငယ်များ စောင့်ရှောက်ကူညီခြင်းအတွက်
လုပ်ငန်းများပိုမိုတိုးချဲ့လာခဲ့သည်။ လွန်ခဲ့ သည့် (၁၂) နှစ်တာကာလမှစတင်၍ ဤအဖွဲ့သည်
အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသော မိဘမဲ့ကလေးများအားစောင့်ရှောက်ရန်
စင်တာတခုဖွင့်လှစ်ထူထောင်ခဲ့သည်။ ထိုစင်တာတွင် ကလေးတိုင်းသည် အခမဲ့ပညာသင် ကြားခွင့်နှင့်
နေထိုင်ခွင့်ရရှိသည်။ ယခုအခါ ထိုမိဘမဲ့ကလေးများအတွင်းမှ အသက်အရွယ်အကြီးဆုံးသူသည် အသက် (၂၁) နှစ် ရှိပြီဖြစ်သည်။ ကလေးအများစုမှာ
နိုင်ငံမဲ့ကလေးများဖြစ်၍ ပညာရေးပြီးဆုံးသော်ငြား လည်း မရေရာမသေချာသောအနာဂတ်ကို ရင်ဆိုင်နေကြရသည်။
မတူကွဲပြားသော
ဘာသာစကားရှိသူများ ဖုန်းဆက်လာနိုင်ရန်အတွက် ဆက်သွယ်ရန် -
လားဟူဘာသာစကားအတွက်
- ဆူရာချိုင်
ခီရိဆန်တိကွန်၊ ဂျိုးစက် အိုရာခဋ္ဌန်ဝက်ကင် Surachai Khirisantikul, Joseph Orachunwekin
ကရင်ဘာသာစကားအတွက်
- ပရီချီ ချွမ်-ငမ်ဒီ၊ ပရင်ယာ ဆာမာချစ်ဆွေ-ငါမ်၊ ကန်စီနီ ဂျီရာတွန်း
Preechi
Chom-ngarndee, Prinya Samachitsuay-ngarm, Karnsini Jiratoon
လီဆူးဘာသာစကားအတွက်
- စွမ်ရိုထိုင်
ဆာထာထာဝီကွန်၊ ဆူရာဒက် နာဝန်နုဖာပ် Somruthai
Sathathaweekul, Suradej Nawanupharb
အခါဘာသာစကားအတွက်
- ဆာသ်ဝွန်
နူယန့်လယ် Sathworn
Nuenglae
၁၇။ Bangkok Rainbow Organization,
Bangkok
URL:
www.bangkokrainbow.org
Bangkok Rainbow Organization
37 Phadipat Rd. 21, Samsaenai, Phayathai, Bangkok 10400
တယ်လီဖုန်းနှင့်
ဖက်စ် - ၀၂-၆၁၈-၅၆၃၅
မိုဘိုင်း - ၀၈၉-၀၃၉-၁၉၁၉ နှင့် ၀၈၆-၆၀၇-၁၀၆၉
အီးမေးလ် - bangkokrainbow@yahoo.com
ဤအဖွဲ့ကို ၂၀၀၂
ခုနှစ်တွင် တည်ထောင်ခဲ့သည်။ တည်ထောင်သူများသည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်လုပ်ငန်းများ
ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များ၊
လိင်နှင့်ကျန်းမာရေးဆောင်ရွက်နေသော အဖွဲ့များအပါအ၀င် အခြားအစိုးရမဟုတ်သောအဖွဲ့များမှ
အဖွဲ့ဝင်များလည်းပါဝင်ကြသည်။
ဤအဖွဲ့၏
ရည်ရွယ်ချက်သည် အမျိုးသားချင်းလိင်ဆက်ဆံသော ဆယ်ကျော်သက်အရွယ်လူငယ်များအား လိုအပ်သောအကူအညီများနှင့်
စိတ်ပိုင်းဆိုင်ရာ အထောက်အကူများ ပေးရန်ဖြစ်သည်။ ဖွဲ့စည်းပြီးသည့် အချိန် မှစ၍
ဤအဖွဲ့အစည်းသည် လိင်ကွဲပြားမှုဆိုင်ရာကိစ္စများ၊ အထူးသဖြင့် လိင်တူဆက်ဆံသူများခေါ် Gay များ၏ အခွင့်အရေးမြှင့်တင်ရန်၊ လိင်တူဆက်ဆံသူများအပေါ် လူမှုနယ်ပယ်အတွင်း
နားလည်လာစေရန်၊ ယင်းတို့ အတွင်း စိတ်ပိုင်းဆိုင်ရာဒဏ်ရာရမှုကို ကုစားရန်နှင့်
ခွဲခြားဆက်ဆံခံရခြင်းများ အစရှိသည့် ကိစ္စများအတွက် အလုပ်ရုံဆွေးနွေးပွဲအများအပြားတွင်
တက်ကြွစွာဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည် ယဉ် ကျေးမှု၊ ရုပ်ရှင်ဇာတ်လမ်းများတွင် ပါဝင်သော
လူမှုရေးပြဿနာများ အစရှိသည်တို့၏ ရိုက်ခတ်မှုကြောင့် ယောက်ျားချင်း လိင်တူဆက်ဆံနေသောသူအား
ခွဲခြားခံရမှုနှင့် စိတ်ဒဏ်ရာရရှိမှုတို့အပေါ် အခြေတည်သော ဆွေးနွေးပွဲများကို မကြာမကြာပြုလုပ်သည်။
၁၈။ M+
URL:
http://www.mplusthailand.com/
Address:
9/2 Samsarn Road,
Pra Singh, Muang, Chiang Mai
တယ်လီဖုန်း - ၀၅၃-၈၁၄-၄၈၇ နှင့် ၀၅၃-၈၁၅-၁၁၃
အီးမေးလ် - kamkadan@hotmail.com
အင်္ဂလိပ်လိုအတိုကောက် MPlus ခေါ် အမ်ပလပ်စ်ဟူသော အဖွဲ့အစည်းသည် ယောက်ျားအချင်းချင်း
လိင်တူဆက်ဆံသူများနှင့် ခန္ဓာကိုယ်နှင့် သူတို့၏လိင်ကို ပြုပြင်ပြောင်းလဲထားသူများအတွက် အဓိကထားတာဝန်
ယူ ဆောင်ရွက်ပေးနေသည်။ ထိုသို့သောသူများအတွက် အဓိကလုပ်ကိုင်ပေးနေသည်မှာ အထူးသဖြင့်လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သောရောဂါများ၊
လုံခြုံစိတ်ချရသည့်လိင်ဆက်ဆံမှုပြုရေးနှင့် အိတ်ခ်ျအိုင်ဗွီ/အေ အိုင်ဒီအက်စ်မကူးစက်ရေးအတွက် ပညာပေးသင်တန်းများကို
အမျိုးသားလိင်အလုပ်သမား များအတွက်ရော လိင်ပြောင်းထားသူများအတွက်ပါ လုပ်ကိုင်ဆောင်ရွက်ပေးနေသော
အဖွဲ့အစည်းတခုဖြစ်သည်။ ဤအဖွဲ့မှ အမျိုးသားလိင်အလုပ်သမားများ သူတို့၏ဖောက်သည်များနှင့် စကားပြောညှိနှိုင်းနိုင်ရန်အတွက်
အင်္ဂလိပ်ဘာသာစကားကိုပါ သင်ကြားပေးသည်။ အဓိကလုပ်ငန်းရည်ရွယ်ချက်မှာ အမျိုးသားလိင်အလုပ်သမားများအ တွက် လုပ်နိုင်ခွင့်စွမ်းရည်ကို
တိုးမြှင့်ပေးခြင်းဖြစ်သည်။
၁၉။
အမျိုးသမီးများ၏ ကျန်းမာရေးအရေးကိစ္စ တွန်းအားပေးလုပ်ဆောင်သည့် ဖောင်ဒေးရှင်း Women’s Health Advocacy
Foundation
URL:
www.whaf.or.th
12/22
Tessaban-songkroh Raod
Ladyao,
Jatujak
Bangkok 10900- Thailand
တယ်လီဖုန်း - ၀၂-၅၉၁-၁၂၂၄ မှ ၁၂၂၅
ဖက်စ် - ၀၂-၅၉၁-၁၀၉၉
အီးမေးလ် - contact@whaf.or.th
Contact
person: Nattya Boonpakdee, Secretary and Coordinator
ဤအဖွဲ့သည်
အကျိုးအမြတ်ကိုပဓာနမထားသော အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း
အမျိုးသမီးများ၏ လိင်ဆက်ဆံရေးကိစ္စများ၊ ကျန်းမာရေး စောင့်ရှောက်ရေးနှင့် အခွင့်အရေးများဆိုင်ရာ ကိစ္စများအတွက်
အဓိကအားဖြင့် သက်သေအထောက်အထား
အချက်အလက်များကို အသုံးပြု၍ ပညာပေးဆောင်ရွက်နေသည်။
ဤအဖွဲ့၏
ယုံကြည်ချက်မှာ လိင်ဆက်ဆံရေးဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက် ပြုစုခြင်းတို့သည်အမျိုးသမီးများ၏
ကျန်းမာရေးအတွက် အဓိကကျသောလုပ်ငန်းများအဖြစ် သတ်မှတ်သည်။ ထိုအခွင့်အရေးများ သည်လည်း
လူသားတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများဖြစ်သည်။ ထိုင်းလူ့အဖွဲ့အစည်းသည်ကျန်းမာရေး
ပြုစုစောင့်ရှောက်ခြင်းနှင့် အခွင့်အရေးများအား လက်သင့်ခံအသိအမှတ်ပြုသည့်
လူ့အဖွဲ့အစည်းဖြစ်သည်ဟု ဤအဖွဲ့မှခံယူသည်။
အပြည်ပြည်ဆိုင်ရာ
လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံကြီးမှ
ချမှတ်ထားသော လှုပ်ရှားမှုအစီအစဉ်များ အပါအ၀င် နိုင်ငံတကာမှအသိအမှတ်ပြုထားသော
အမျိုးမျိုးသောလူအခွင့်အရေး သဘောတူညီချက်များအ ပေါ် အခြေခံ၍အမျိုးသမီးများ၏
လိင်ဆက်ဆံရေးဆိုင်ရာနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများကို လူအများသဘောပေါက်နားလည်လာစေရန်ကိုလည်း
ဤအဖွဲ့ကြီးမှဆောင်ရွက်နေသည်။ အမျိုးသမီးများ ၏ လိင်ဆက်ဆံရေးဆိုင်ရာကိစ္စများ၊
ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခွင့်အရေးတို့အား ဆောင်ရွက်ရာတွင် ကျားမလိင်ကွဲပြားမှုအပေါ်
ဖိနှိပ်ခွဲခြားခြင်းမရှိပဲ တန်းတူအခွင့်အရေးရရှိရေး၊ ညီမျှရေး၊ ကျန်းမာရေး
စောင့်ရှောက်မှုအတွက် ရရှိရမည့်အခွင့်အရေး၊ ဖောက်သည်များနှင့် ဆက်ဆံရာတွင် ကျန်းမာရေးအတွက် ရရှိရမည့်အခွင့်အရေး၊ လူမှုတရားမျှတရေး
အစရှိသည်တို့အပေါ်တွင် မူတည်အခြေခံ၍ဆောင်ရွက်သည်။ ဤအဖွဲ့သည် ၄င်းတို့၏ ဆောင်ရွက်မှုများသည်
အမျိုးသမီးများ၏ ကျန်းမာရေးအတွက် ထိုသူတို့၏ အသက်အရွယ်နှင့် ရပ်တည်နေရသော
လူမှုစီးပွားဘ၀နှင့်အညီ အမှန်တကယ်ရောင်ပြန်ဟပ်မှုရှိစေရန်လည်း ဆောင် ရွက်ပေးနေသည်။ အစိုးရဥပဒေများ၊ ပေါ်လစီများနှင့် ကျင့်ထုံးများသည်
အမျိုးသမီးထုအကြား အသက်အရွယ်အရဖြစ်စေ ယဉ်ကျေးမှုအရဖြစ်စေ ကွဲပြားနေသည့်တိုင်
ထိုသူတို့အားလုံးအတွက် အကျိုးရှိစေမည့် မူဝါဒ ပေါ်လစီများသာ ဖြစ်သင့်သည်ဟု ဤအဖွဲ့မှခံယူသည်။
၂၀။
အမျိုးသမီးများအတွက် မိတ်ဆွေသင်္ဂဟဖောင်ဒေးရှင်း ခေါ် Friends of Women Foundation
URL:
www.friendsofwomen.net
386/61-62
Ratchadaphisek 42, Soi Chalermsuk, Ratchadaphisek
Rd, Lardyao, Chatuchak,
Bangkok 10900
တယ်လီဖုန်း - ၀၂-၅၁၃-၁၀၀၁
ဖက်စ် - ၀၂-၅၁၃-၁၀၀၁
အီးမေးလ် - contact@friendsofwomen.net
ဤအဖွဲ့သည်
အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် အမျိုးသမီးများအတွက် မိတ်ဆွေသင်္ဂဟအုပ်စု
ခေါ် Friends
of Women Group ဆိုသည့်အမည်ဖြင့် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခု၊
နိုဝင်ဘာလ ၅ ရက်နေ့တွင် ဘန်ကောက်၌ Friends of Women Foundation အမည်ဖြင့် မှတ်ပုံတင်ခဲ့၍ ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနမှ
တရားဝင်အသိအမှတ်ပြုခဲ့သည်။ ဤအဖွဲ့၏ အဓိကလုပ်ဆောင် ချက်များသည် အမျိုးသမီးများ.အခွင့်အရေးကို ကာကွယ်ရန်ဖြစ်သည်။ ထို့ထက်ဆိုးရပါက လိင်အရ
ကျူးကျော်စော်ကားခံရခြင်း၊ မလိုအပ်ပဲကိုယ်ဝန်ရရှိလာခြင်း၊ မိသားစုအတွင်း အကြမ်းဖက်ခံရခြင်း၊
စွန့်ပစ်ခံရခြင်း၊ လိင်လုပ်ငန်းများအတွက် လူကုန်ကူးခံရခြင်း၊ အလုပ်မှ မတရားအထုတ်ခံရခြင်း၊
ခွဲခြားဖိနှိပ်ခံရခြင်း အစရှိသည့် ဒုက္ခများအတွင်းမှ အမျိုးသမီးများအား ကူညီရန်လည်းဖြစ်သည်။
၂၁။
ထိုင်းနိုင်ငံအေအိုင်ဒီအက်စ်အဖွဲ့ AIDS THAILAND
URL:
www.aidsthai.org
ဤအဖွဲ့အား
ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာနလက်အောက်ရှိ အေအိုင်ဒီအက်စ်၊ တီဘီနှင့်
လိင်ဆက်ဆံခြင်းမှ ကူးစက်သည့်ရောဂါများဆိုင်ရာဗျူရိုမှ ထူထောင်ခဲ့ခြင်းဖြစ်သည်။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်
ဒီအက်စ်နှင့်စပ်လျဉ်းသော နိုင်ငံအတွင်းဖြစ်ပေါ်တည်ရှိနေသည့် သတင်းအချက်အလက်များ၊ နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်များကို အများပြည်သူတို့
လေ့လာကြည့်ရှုနိုင်စေရန်အတွက် ၀က်ဘ်ဆိုဒ် ဖွင့်လှစ် ကာဆောင်ရွက်ပေးနေသည်။ ထိုကိစ္စများအား
မသိရှိသေးသော အများပြည်သူတို့အဖို့
တန်ဖိုးရှိသောလုပ်ငန်းဖြစ်သည်။ တဆက်တည်းတွင်လည်း ထိုင်းနိုင်ငံအတွင်း အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် မပြန့်ပွား ရေးအတွက်
မည်သို့အောင်အောင်မြင်မြင် ထိန်းချုပ်လုပ်ဆောင်နေသည်ကိုလည်း အဆိုပါဝက်ဘ်ဆိုဒ်မှတဆင့်
လေ့လာသိရှိနိုင်သည်။
၂၂။
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကြိုတင်ကာကွယ်ရေးအဖွဲ့ Prevention of HIV/AIDS Among
Migrant Workers in Thailand
URL: www.phamit.org
ဤအဖွဲ့ကို
အင်္ဂလိပ်လိုအတိုကောက် PHAMIT မြန်မာလို ဖာမစ် ဟုခေါ်ပြီး လူသိများသောအဖွဲ့လည်းဖြစ်သည်။
အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတို့အား ကာကွယ်တိုက်ဖျက်ရန်ဖြစ်၍ ဂလိုဘယ်ဖန်း Global Fund ခေါ် ကမ္ဘာ့ရံပုံငွေအဖွဲ့မှ ဘဏ္ဍာရေးအရ
ကူညီထောက်ပံ့ပေးထားသည်။ ဤအဖွဲ့တွင် အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၈) ဖွဲ့နှင့် အတူတကွပါဝင်ပူးပေါင်း ဆောင်ရွက်နေသည်။ ထိုအဖွဲ့များမှာ
ရံပုံငွေကို လက်ဦးမူရင်းရရှိသော ရတ်က်ထိုင်းဖောင်ဒေးရှင်း Raks Thai Foundation (the
Principle Recipient)၊
စီအေအာရ်ဟု အင်္ဂလိပ်လိုအတိုကောက်ခေါ်နိုင်သည့်
အေအိုင်ဒီအက်စ်ဆိုင်ရာ အခွင့်အရေးလုပ်ငန်းဌာန Center for Aids Rights (CAR)၊ ထိုင်းနိုင်ငံ ၀ါလ်ဒ် ဗစ်ရှင်းWorld Vision Foundation of
Thailand၊ ပါ့သ် PATH၊ စတယ်လာ မဲရစ်စင်တာ Stella Maris Center ပြောင်းအလုပ်သမားများ အကူအညီပြုရေးဖောင်ဒေးရှင်း MAP Foundation၊ အမ်ပါဝါ (ချင်းမိုင်)
Empower
(Chiang Mai) နှင့်
ဖတ်ထနာရတ်က် ဖောင်ဒေးရှင်း Pattanarak Foundation တို့ဖြစ်ကြသည်။ ထိုစုပေါင်းလုပ်ဆောင်အဖွဲ့အစည်းများသည် ထိုင်းနိုင်ငံခရိုင်ပေါင်း (၂၀) အတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသခံကျန်းမာရေးအဖွဲ့အစည်းများနှင့်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်မှုကာကွယ်တားဆီးရေးအတွက်
ပူးပေါင်းဆောင်ရွက်နေသည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများ၊ သူတို့၏မိသားစုများနှင့်
လိင်လုပ် သားများ၏ဘ၀ တိုးတက်ကောင်းမွန်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးနေသည်။
ဤအဖွဲ့၏
ရည်မှန်းချက်အစီအစဉ်များသည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား
အိတ်ခ်ျအိုင်ဗွီအသစ် ကူးစက်မှုလျော့ကျစေရေးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊
မြန်မာနိုင်ငံများအတွင်းတွင် အိတ်ခ်ျအိုင် ဗွီ/အေအိုင်ဒီအက်စ် လျော့ကျစေရေးကိုလည်း
ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံခရိုင်ပေါင်း (၂၁) ခရိုင်အတွင်း ဆောင်ရွက်လုပ်ကိုင်နေသည်။ အထူးသဖြင့်
ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မြောက်ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်
ပစ်မှတ်ထား၍ လုပ်ကိုင်ဆောင်ရွက်နေကြသည်။
ဤအဖွဲ့သည် ရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့်
အနည်းငယ်မျှသာရှိသောအဖွဲ့များထဲမှတဖွဲ့ဖြစ်သည်။ နိုင်ငံပေါင်းများစွာမှလာရောက်
အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်စုံစွာရှိသောအဖွဲ့လည်းဖြစ်သည်။ သတင်းထောက်များအတွက်
သတင်းအရင်းအမြစ်ကောင်းများ ရရှိနိုင်စေသည့်အဖွဲ့လည်းဖြစ်သည်။
ဤအဖွဲ့သည်
အေဂျင်စီအဖွဲ့အစည်းစုစုပေါင်း (၉) ဖွဲ့မှ စုပေါင်းလုပ်ကိုင်နေသောအဖွဲ့ဖြစ်၍
လိုအပ်သော သတင်းအချက်အလက်များ ရရှိလိုပါက ဤအဖွဲ့၏ ၀က်ဘ်ဆိုဒ်တွင် သွားရောက်ကြည့်ရှုနိုင်သည်။
၂၃။
အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသူ ထိုင်းအမျိုးသမီးများကွန်ယက် Thai Positive Women Network
Contact
person for the Northern Network: Rattanai Sopharat
မိုဘိုင်း - ၀၈၇-၁၇၇-၅၃၉၆၊ ၀၈၅-၀၃၀-၁၉၆၃
ဤအဖွဲ့သည် ၁၉၉၉
ခုနှစ်တွင် နယ်စွန်နယ်ဖျားမှ အမျိုးသမီး (၁၃) ဦးဖြင့် စတင်တည်ထောင်ခဲ့သည်။ ဤအဖွဲ့၏ ဆောင်ရွက်ချက်များမှ ထွက်ပေါ်လာသော ရလဒ်များအရ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် ပတ်သက် ၍
သက်ဆိုင်ရာလူထုအတွင်း ဆယ်နှစ်ကျော် ပညာပေးပို့ချခြင်းများ ပြုလုပ်ခဲ့သော်လည်း အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်နေသော အမျိုးသမီးများအနေဖြင့်
စိတ်ပိုင်းဆိုင်ရာဒဏ်ရာရမှုများရှိနေသေး၍ ထိုသူများအပေါ် ခွဲခြား ဆက်ဆံခြင်းများလည်း
ရှိနေသေးကြောင်းတွေ့ရသည်။ ထိုပြဿနာများ ဆက်ရှိနေရခြင်းသည် လိုအပ်သောသတင်းအချက်အလက်များ
ပြည့်စုံစွာမရရှိခြင်းနှင့် ပညာရေးအရ အားနည်းနေသေး၍ ဖြစ်ကြောင်းကိုလည်း တွေ့ရှိရ သည်။
ဤအဖွဲ့၏လုပ်ငန်းအစီအစဉ်သည်
အမျိုးသမီးများအနေဖြင့် သူတို့၏ အခွင့်အရေးများကို နားလည်လာစေရန်အတွက် ပညာပေးရေးဖြစ်သည်။
ထို့အပြင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် သင်တန်းများကို အစိုးရအနေဖြင့်
ဆောင်ရွက်ပေးရန်ကို တွန်းအားပေးရန်လည်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းမှတဆင့်
အမျိုးသမီးများအနေဖြင့် သူတို့ကိုယ်တိုင် အလုပ်အကိုင်ရရှိလာစေရန်လည်း ရည်စူးသည်။ ကျား၊ မလိင်ကွဲပြား ခြင်းနှင့် လိင်ဆက်ဆံရေးဆိုင်ရာကိစ္စများအား
ပညာပေးခြင်းအားဖြင့် မိသားစုအတွင်းနှင့် အလုပ်ခွင်များအတွင်း အမျိုးသားများနှင့်
မည်သို့ဆက်ဆံရသည်ကို ပိုမိုနားလည်လာစေရန်လည်းဖြစ်သည်။




