ကျန်းမာရေး
အခြေခံအဆောက်အအုံများ မလုံလောက်သော အာဖရိကတွင်
မိုဘိုင်းဖုန်း နည်းပညာ သစ်များက အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနေကြောင်း
UNAIDS အမှုဆောင်ညွှန်ကြား ရေးမှူးမစ်ရှယ်စီဒီဘီက ပြောကြားခဲ့သည်။ အာဖရိကတွင် အိတ်ခ်ျအိုင်ဗီ
တိုက်ဖျက်ရေးအတွက် မကြာသေးခင် နှစ်များအတွင်း ငွေကြေးနှင့်အရင်းအမြစ် အမြောက်အများ သုံးစွဲခဲ့သော်လည်း
အာဖရိကဆာဟာရ ဒေသသည် ကမ္ဘာပေါ်တွင် အိတ်ခ်ျအိုင်ဗီ ကူးစက်မှုအများဆုံး ဒေသဖြစ်နေဆဲဖြစ်သည်။
နိုင်ဂျီးရီးယားတွင်
မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုက အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါနှင့်ပတ်သက်၍
အခမဲ့ခေါ်ဆိုမေးမြန်း နိုင်သောအစီအစဉ်တစ်ခုကို ဆောင်ရွက်နေသည်။ နိုင်ဂျီးရီးယားတွင်
မိုဘိုင်းဖုန်းသုံးစွဲသူ သန်း ၇၀ ကျော်ရှိနေပြီး လူနှစ်ဦးလျင် တစ်ဦးနှုန်းခန့် မိုဘိုင်းဖုန်း
သုံးစွဲနေကြသည်။
ကျေးလက်ဒေသများတွင်
အသေးစားဖျားနာမှုများ၏ လက္ခဏာများကို ခွဲခြားသိရှိနိုင်ရန်အတွက် အခြေခံပညာရေး ပြီးဆုံးသူများကို
လေ့ကျင့်ပေးနေသည်။ ကျေးလက်လုပ်သားများသည် ရွာများကို လှည့်လည်ပြီး လူနာများအား စစ်ဆေးကာ
ကုသမှုအတွက် ကျန်းမာရေး လုပ်သားများကို မိုဘိုင်းဖုန်းဖြင့် ခေါ်၍အကူအညီတောင်းနိုင်သည်။
နိုင်ဂျီးရီးယားတွင်
ပြီးခဲ့သည့် ရှစ်နှစ်အတွင်း အိတ်ခ်ျအိုင်ဗီ ကူးစက်သူသုံးသန်းခန့်သာ ရှိခဲ့ပြီး လူဦးရေ၏
ငါးရာခိုင်နှုန်းအောက်သာ ကူးစက်ခံခဲ့ရသည်။ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကသည် အာဖရိကတွင် အိတ်ခ်ျအိုင်ဗီကူးစက်မှု အားလုံး၏ ၅၀
ရာခိုင်နှုန်းကျော် ရှိသည့် နိုင်ငံများဖြစ်ကြောင်း စီဒီဘီက ပြောကြားခဲ့သည်။
WEEKLY
ELEVEN -
အာဖရိက အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေးတွင် မိုဘိုင်းဖုန်းများ အရေးပါလာ




